ရန်ကုန်၊ အောက်တိုဘာ ၅----မကြာသေးခင်ရက်ပိုင်းကမှ
အသစ်ရွေးချယ်ခြင်းခံရသော Ethnic Nationalities council – ENC ၏ ဥက္ကဌ Dr. Lian
Hmung Sakhong မြန်မာနိုင်ငံသို့ အောက်တိုဘာ ၁၀ရက်နေ့ မွန်းလွဲ ၂နာရီတွင် MAI လေလိုင်းဖြင့်
ရောက်ရှိလာမည်ဖြစ်သည်။ ထိုသို့ရောက်ရှိလာမည့် နာမည်ကြီး ချင်းနိုင်ငံရေးခေါင်းဆောင်
Dr. Lian Hmung Sakhong အား ရန်ကုန်ရှိချင်း လူမျိုးများအသီးသီးမှ လေဆိပ်တွင် သွားရောက်ကြိုဆိုမည်ဖြစ်ကြောင်း
ခူမီးမီဒီယာသို့အကြောင်းကြားသည်။
ထို့အတူ ပလက်ဝ
မြို့နယ်လူငယ်များအနေဖြင့်လည်း သွားရောက်ကြိုဆိုရန် ဖိတ်ခေါ်ပါကြောင်း၊ ပလက်ဝဘက်မှ ကြိုဆိုသူများပါက
အစုလိုက်သွားရန်စီစဉ်နိုင်ကြောင်း စသည်ဖြင့် ပြောပြသည်။
“ချင်းလူမျိုးတစ်ယောက်ဖြစ်တဲ့အနေနဲ့
ကိုယ့်ချင်းခေါင်းဆောင်တစ်ဦးကို သွားရောက်ကြိုဆိုရမှာပဲ..။ ဒါလေးစားဂုဏ်ပြုတဲ့ သဘောပါပဲ”
ဟုစီစဉ်သူ ခ.စ.ယလူငယ်တစ်ဦးမှပြောသည်။
၎င်းအပြင်
အောက်တိုဘာ ၁၃ ရက်နေ့ မနက် ၉ နာရီမှ ညနေ ၂ နာရီအထိ ရန်ကုန်ရှိချင်းလူမျိုးများနှင့်
တွေ့ဆုံပွဲ ပြုလုပ်မည်ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲသို့ ပလက်ဝကိုယ်စားလှယ် ၁၀ ခန့်တက်ရောက်ရန်လည်း
ဖိတ်ကြားထားပါသည်။ ရင်းနီးသော ဆွေးနွေးမှုများပြုလုပ်မည်ဖြစ်၍ စိတ်ပါဝင်စားသူများကို
ဦးစားပေး တက်ရောက်စေလိုကြောင်းကိုလည်း တာဝန်ရှိသူများမှ ခူမီးမီဒီယာသို့ အကြောင်းကြားခဲ့သည်။
ထိုအကြောင်းနှင့်ပတ်သက်၍
ကေအမ်ဂျီ၏အစည်းအဝေးတွင် ထပ်မံဆွေးနွေးသွားမည်။
အချက်အလက်အသေးစိပ်ကို
ပြန်လည်ဖော်ပြမည်ဖြစ်ပြီး ပိုမိုသိရှိလိုပါကလည်း နီးစပ်ရာ ခူမီးမီဒီယာဝိုင်းတော်သားများထံ
ဆက်သွယ်မေးမြန်းနိုင်သည်။ အကယ်၍ မိမိတို့မေးမြန်းခြင်းအပေါ် ကျေနပ်သော အဖြေမရနိုင်ပါက
ခူမီးမီဒီယာအဖွဲ့၏ လက်ရှိတာဝန်ခံအယ်ဒီတာ ထံသို့ ဆိုက်ရိုက်မေးမြန်းဆွေးနွေးနိုင်ကြောင်း
အကြောင်းကြားအပ်ပါသည်။



Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။