ဆမီးမြို့နယ်ခွဲရရှိခြင်းအမြင်ရှင်းရန် လွတ်တော်ကိုယ်စားလှယ်ဆလိုင်းခွဲယန် ရန်ကုန်ရှိ ပလက်ဝဒေသခံများနှင့်တွေ့ဆုံမည်

Friday, October 05, 20120 မှတ်ချက်



ရန်ကုန်၊ အောက်တိုဘာ ၆--- ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဆလိုင်းခွဲယာန်နှင့် တွေ့ဆုံဆွေးနွေးခြင်း အစီအစဉ်ကို လာမည့်အောက်တိုဘာ ၁၃ ရက်နေ့ မနက် ၁၀နာရီမှ မွန်းတည့် ၁၂နာရီအတွင်း ဒေါပုံမြို့နယ်ရှိ ပလက်ဝမြို့နယ် လူမှုရေးအသင်းတိုက် (ရန်ကုန်) တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

တွေ့ဆုံဆွေးနွေးပွဲကို ဆမီးမြို့နယ်ခွဲဒေသခံ ရပ်မိရပ်ဖများမှစီစဉ်ခြင်းဖြစ်ပြီး ပလက်ဝမြို့နယ်၊ ဆမီးမြို့နယ်ခွဲရရှိရေး အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဆလိုင်းခွဲယန်၏ ကြိုးစားဆောင်ရွက်မှုများအပေါ် ရှင်းလင်းသော သဘောထားရရှိစေရန် ရန်ကုန်ရှိ ပလက်ဝဒေသခံများနှင့် ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးပေးစေခြင်းဖြစ်ကြောင်း၊ အဆိုပါတွေ့ဆုံပွဲတွင် တက်ရောက်သူများထံမှလည်း သိချင်သည်များအား ပွင့်ပွင့်လင်းလင်းမေးမြန်းနိုင်ကြောင်း၊ ၄င်းအပြင် ရန်ကုန်တွင်နေထိုင်သော ဆမီးမြို့နယ်ခွဲဒေသရှိ ပြည်သူများမှ လွတ်တော်ကိုယ်စားလှယ်အား ဂုဏ်ပြုတွေ့ဆုံလိုခြင်း နှင့် မြို့နယ်ခွဲရရှိလာပြီဖြစ်သောမိမိတို့ဒေသအတွက် လိုအပ်မည့် လုပ်ငန်းစဉ်များ နှီးနှောတိုင်ပင်ခြင်းများပြုလုပ်လိုခြင်းကြောင်း ယခုကဲ့သို့စီစဉ်ရခြင်းဖြစ်ကြောင်းကို အစီအစဉ်ဖြစ်မြောက်ရေးဆောင်ရွက်သူမှ ခူမီးမီဒီယာသို့ပြောသည်။


“ဆမီးမြို့နယ်ခွဲရရှိခြင်းနှင့်ပတ်သတ်ပြီး သိချင်တာတွေမေးလို့ရအောင်၊ နောက်ပြီး ကျွန်တော်တို့ ရန်ကုန်မှာအခြေချနေထိုင်တဲ့ ဆမီးမြို့နယ်ခွဲဒေသက ပြည်သူတွေအနေနဲ့လည်း ကိုယ်စားလှယ်တော်ကို တွေ့ဆုံဆွေးနွေးချင်လို့စီစဉ်တာပါ” ဟု ဦးဗန်တလင်းမှ ပြောသည်။

ဆမီးမြို့နယ်ခွဲကို ၂၀၁၂ခုနှစ်၊ ဇူလိုင်၃၁ ရက်နေ့ နေ့စွဲဖြင့် နိုင်ငံတော်မှ မြို့နယ်ခွဲအဖြစ် တရားဝင်ထုတ်ပြန်သတ်မှတ်လိုက်ပြီးဖြစ်သည်။ အဆိုပါ ဆမီးမြို့နယ်ခွဲသို့ သက်ဆိုင်ရာဌါနဆိုင်ရာ ၀န်ထမ်းများ တာဝန်ထမ်းဆောင်ရန်၂၀၁၃ ခုနှစ်၊ ဧပြီ ၁ ရက်နေ့နောက်ဆုံးထားပြောင်းရွေ့ရမည်ဖြစ်သည်။

ဒေသခံပြည်သူများ၏သဘောထားခံယူမှုအလျဉ်းမရှိဟုဆိုကာ ဆမီးမြို့နယ်ခွဲဧရိယာသတ်မှတ်ခြင်း ကန့်ကွက်သည့်စာကို အမှတ် ၁၂ မဲဆန္ဒနယ် မဲဆန္ဒရှင်ပြည်သူ ဒေသခံ ၂၂၅၄ တို့၏ ကန့်ကွက်လက်မှတ်နှင့် သမ္မတထံလိပ်မူပြီး ၂၀၁၂ခုနှစ် ၊ ဇူလိုင်လ (၉)ရက်နေ့စွဲဖြင့် ပေးပို့ခဲ့သည်ဟုလည်း သိရှိရသည်။

ချင်းပြည်နယ်တောင်းပိုင်းဆုံးရခိုင်ပြည်နယ် နယ်နမိတ်နှင့် ကပ်လျှက်ရှိသော ပလက်ဝမြို့နယ်၏ စုစုပေါင်းဧရိယာအကျယ်အ၀န်းမှာ စတုရန်းမိုင်( ၃၁၂၇.၀၄ )ရှိသည်။ ဆမီးမြို့နယ်ခွဲ၏ ဧရိယာအကျယ်အ၀န်းမှာ စတုရန်းမိုင် ( ၁၆၂၇) ကျယ်ဝန်းမည်ဖြစ်ပြီး၊ ပလက်ဝမြို့နယ် နယ်နမိတ်၌ စတုန်းရန်းမိုင် (၁၅၀၀) ကျန်ရှိမည်ဖြစ်သည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger