ပလက်ဝ၊
အောက်တိုဘာ ၈-----ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ခူမီးလူငယ်များအသင်း (KYA)မှ
ဦးဆောင်၍ လူငယ်များ ပလက်ဝမြို့၊ ပြည်သူ့ဆေးရုံပတ်ဝန်းကျင်
သန့်ရှင်းရေးအမှိုက်ကောက်ခြင်း လုပ်အားပေး အစီအစဉ်တစ်ရပ် ပြုလုပ်ခဲ့ကြောင်း
သတင်းရရှိသည်။
၂၀၁၂-ခုနှစ်
အောက်တိုဘာ(၆)ရက်နေ့၊ နံနက် ၇ နာရီမှ-၈း၃၀နာရီအထိ KYA မှ မောင်မယ်လူငယ်များ
စုစုပေါင်း (၄၇)ဦးခန့်တို့သည် ပလက်ဝမြို့ ၊ ပြည်သူ့ဆေးရုံ၏
ပတ်ဝန်းကျင်တစ်ဝိုက်တွင် ပလတ်စတစ်ကင်းစင်ရေး အတွက် ပလတ်စတစ်ကောက်ခြင်း၊
ဆေးရုံပန်းခြံတွင်းရှိ အမှိုက်များ၊
ဆေးရုံသုံးပုလင်းခွဲစွန့်ပစ်အမှိုက်များနှင့်
ကျောက်ပုံရှင်းလင်းခြင်း၊ ချိုင့်ဝှမ်းနေရာများတွင် မြေဖို့ခြင်း၊ ကျောက်စီခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ကျောက်ပုံရှင်းလင်းခြင်း၊ ချိုင့်ဝှမ်းနေရာများတွင် မြေဖို့ခြင်း၊ ကျောက်စီခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
“အခူလိုပြုလုပ်တာက
လူငယ်တွေစည်းလုံးမှုရှိပြီး သန့်ရှင်းသာယာတဲ့မြို့ဖြစ်လာဖို့ ရည်ရွယ်ပြီး
လုပ်ဆောင်တာပါ။ နောက်လည်းတခြား အစီအစဉ်တွေ လုပ်ဆောင်ဖို့ ရှိပါတယ်”ဟု
ဆရာအောင်ရှိန်းမှ ခူမီးမီဒီယာသို့ပြောကြားသည်။
လုပ်အားပေး
အစီအစဉ်တွင် ခူမီးလူငယ်များအသင်း (KYA) အမှုဆောင်လူငယ်များနှင့်အတူ၊ နယ်မှ
ပလက်ဝမြို့ပေါ်တွင် ကျောင်းတက်နေကြသော ဘော်ဒါကျောင်းသားလူငယ်များ၊ ဌာနဆိုင်ရာမှ
ခူမီးလူငယ်အစိုးရ၀န်ထမ်းများ နှင့် NGO မှ ခူမီးလူငယ်ဝန်ထမ်း
များ ၀ိုင်းဝန်းပါဝင်ကာ တက်ညီလက်ညီဖြင့် လုပ်အားပေးခဲ့ကြခြင်းကြောင့် လုပ်အားပေးအပြီးတွင် ကျန်းမာရေးဝန်ထမ်းများမှ ဧဒင်လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်နှင့်မုန့်ဖြင့် စေတနာထက်သန်စွာ ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရသည်။

ခူမီးလူငယ်အသင်းအနေဖြင့်
မကြာခင်သွေးလှူအဖွဲ့ကိုလည်း သီးသန့်ဖွဲ့စည်းသွားရန် စီစဉ်နေပြီဖြစ် သည်။
ဆလိုင်းကျော်အောင်
တေဇ
တေဇ

Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။