လူငယ်များ၏အခက်အခဲ၊ ရပိုင်ခွင့်များအတွက် ထုတ်ဖော်ဆွေးနွေးမည်ဟု CYF ပြော

Monday, October 08, 20120 မှတ်ချက်

ရန်ကုန်၊ အောက်တိုဘာ ၈-----CYF ဖြစ်မြောက်ရေးကော်မီတီ အစည်းအဝေးကို ပြီးခဲ့သော အောက်တိုဘာ ၆ရက် (စနေနေ့) နေ့လည် ၂နာရီ  Actionaid ရုံးတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ တွေ့ဆုံပွဲသို့ ရန်ကုန်ရှိ ချင်းလူငယ်များတက်ရောက်ခဲ့ပြီး လာမည့် အောက်တိုဘာ ၁၀ရက်နေ့တွင် Chin Youth Forum တစ်ခုပြုလုပ်ရန် စီစဉ်ကြောင်းသိရှိရသည်။


Chin Youth Forum ၏ ရည်ရွယ်ချက်မှာ ချင်းပြည်တွင်းရှိ လူငယ်များ ခိုင်မာသည့်ကွန်ရက်တစ်ခုဖြစ်ပ်ါလာရေးနှင့် ပြည်တွင်းရှိ ချင်းလူငယ်များ၏ လိုအပ်ချက်များကိုသော်လည်းကောင်း၊ ကြုံတွေ့ရသော အခက်အခဲ ပြသနာများများကိုသော်လည်းကောင်း အချင်းချင်း တင်ပြဆွေးနွေးနိုင်ရန်စီစဉ်ခြင်းဖြစ်ကြောင်း ကော်မတီဝင် တစ်ဦးဖြစ်သူ မိုင်ကရေစီမှပြောသည်။ 


ထို့အပြင် ယခုနှစ်ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် MYF ( Myanmar Youth Forum) မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဆွေးနွေးပွဲတစ်ရပ်ကိုလည်း ကျင်းပရန်ရှိပြီး၊ ထိုအစီအစဉ်တွင် မြန်မာနိုင်ငံတွင်နေထိုင်သူ လူငယ်များ၏ ကြုံတွေ့ရသော အခက်အခဲ၊ ပြသနာများကို တင်ပြနိုင်ရန်ဖြစ်ပြီး၊ ချင်းပြည်နယ်ကို ကိုယ်စားပြုမည့် ချင်းလူငယ်များ၏ အခက်အခဲများကိုလည်း တင်ပြနိုင်အောင်လုပ်ဆောင်မည်ဖြစ်ကြောင်း ၄င်းမှဆက်ပြောသည်။ 

ချင်းလူငယ်များတွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာလအတွင်း ကျင်းပရန်ရှိပြီး မြို့နယ်အလိုက် စိတ်ဝင်စားသောလူငယ်များကို အားလုံးပါဝင်နိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ၄င်းတွေ့ဆုံဆွေးနွေးပွဲကို ပြည်မြို့၊ ပက္ခုက္ကူမြို့နှင့် ကလေးမြို့ တို့တွင်ကျင်းပပြုလုပ်မည်ဖြစ်သည်။

Chin Youth Forum ၏ အဓိက ရည်ရွယ်ချက်မှာ ချင်းလူငယ်များအတွက် ညီညွှတ်သော လူငယ်ကွန်ယက်ဖြစ်ဖို့ရန်နှင့် ချင်းလူငယ်ဆိုင်ရာ ကိစ္စများ၊ ရပိုင်ခွင့်များကို ဖော်ထုတ်တောင်းဆိုရန်ဖြစ်သည်။

CYF ၏အစည်းအဝေးကို သုံးကြိမ်ကျင်းပပြီးဖြစ်ပြီး နောက်တစ်ကြိမ်အစည်းအဝေးကို လာမည့် အောက်တိုဘာ ၁၀ ရက်နေ့တွင် မြေနီကုန်းရှိ Ice Berry ဆိုင်အပေါ်ထပ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရောဘတ်တွီလင်း
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger