ပလက်ဝမြို့ နယ်စီးပွါးရေးလုပ်ငန်းရှင်များအသင်းဖွဲ့ စည်း

Tuesday, October 09, 20120 မှတ်ချက်



ပလက်ဝ၊ အောက်တိုဘာ ၉---ချင်းပြည်နယ် ပလက်ဝမြို့ နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များကိုစုစည်း၍ ၂၉.၈.၂၀၁၂ နေ့  မနက် ၁၁း၀၀မှ ညနေ ၄း၃၀ နာရီအထိ ပလက်ဝမြို့ ၊ ရိက္ခာ ရပ်ကွက်တစ်နေရာတွင် ပလက်ဝမြို့ နယ်စီးပွါးရေးလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းနိုင်ရေးအတွက် အစည်းအဝေးတစ်ရပ် ကျင်းပသွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအစည်းအဝေးသို့ ပလက်ဝမြို့နယ်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်မိရပ်ဖများ စုစုပေါင်း ၃၃ ဦးတက်ရောက်ခဲ့ပြီး
ပလက်ဝမြို့ နယ်စီးပွါးရေးလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးခဲ့သည်။ ဤသို့ အစည်းအဝေးဖိတ်ခေါ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပလက်ဝမြို့နယ်အတွင်း စီးပွါးရေးလုပ်ငန်းရှင်များ အချင်းချင်းစည်းလုံးညီညွတ်မှုရှိလာနိုင်ရန် နှင့် စီးပွါးရေးလုပ်ငန်းရှင်များ
အသင်းကော်မတီတစ်ရပ်ဖြစ်ပေါ်လာနိုင်ရေးတို့ ဖြစ်ကြောင်း အစည်းအဝေးဖြစ်မြောက်ရေး တာဝန်ယူလှုပ်ရှားသူ တစ်ဦးမှပြောသည်။

“ကျွန်တော်တို့ပလက်ဝနယ်မှာ စီပွားရေးကို ကိုယ်နည်းကိုယ့်ဟန်လုပ်ကိုင်ကြတာ ဒီကနေ့အထိပါပဲ။ ဒီလိုတစ်သီးပုဂ္ဂလလုပ်ဆောင်တာထက် ရှိတဲ့အင်အားတွေကို ပူပေါင်းပြီး ဒေသဖွံဖြိုးရေး နှင့် တခြားစီးပွားရေးဈေးကွက်တွေကို အတူတကွ ရှာဖွေဖော်ထုတ်ရင် ကျွန်တော်တို့ရဲ့အားနဲ့ ဒီဒေသလည်းပဲ ပိုမိုသာယာလာလိမ့်မယ်” ဟုစီစဉ်သူမှပြောပြသည်။

ပလက်ဝမြို့နယ်မှ စိုက်ပျိုးရေးကုန်များဖြစ်သော ပဲ၊နှမ်း၊သရက်၊လိမ္မော်၊ ဒညင်း၊သင်္ဘောသီး၊ ဆေးရွက်ကြီး၊ ငှက်ပျော၊ နာနက်၊ ဖရဲ၊ ဖရုံ၊အုန်းနှင့် အခြားများစွာသောစိုက်ပျိုးရေးထွက်ကုန်များ၊ သစ်တောထွက်ကုန်များဖြစ်သော သစ်အမျိုးမျိုး၊ ၀ဥ၊ ဂမုန်း၊၀ါး နှင့် အခြားအရာများနှစ်စဉ် ထွက်သော်လည်း နည်းပညာအမြင်နည်းသေးသောကြောင့် ဈေးကွက်ကောင်းဖြင့် မရောင်းချနိုင်ရခြင်းဖြစ်သည်။

ယခုနှစ် ပလက်ဝ၏ သရက်သီးဈေးနှုန်းမှာ ၅-၇ ကျပ်အတွင်းသာရှိသည့်အတွက် သရက်သီးများ ပုံအောပုပ်ပျက်နေသည်ဟု သိရှိရသည်။

တစ်ချို့က ပလက်ဝမြို့နယ်အား ချင်းပြည်နယ်၏ Rice plate of Chin state ဟု တင်စားပြောဆိုထားသည်ကိုလည်းသိရသည်။ သို့သော် ဆင်းရဲမှု အဆိုးဆုံးဒေသတွင် စာရင်းဝင်နေရခြင်းမှာ အဘယ့်ကြောင့်နည်းဟု မေးခွန်းထုတ်ရပါတောမည်။

ရည်ရွက်ချက်အတိုင်း အစည်းအဝေးတွင် ပလက်ဝမြို့နယ်စီးပွါးရေးလုပ်ငန်းရှင်များအသင်း ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။ ကော်မီတီ၏ ဥကဌအဖြစ်-ဦးကျော်လှအောင်ကိုရွေးချယ်ခဲ့ပြီး ၄င်းနောက်အဆင့်ဆင့်ဖွဲ့ စည်းကာ အဖွဲ့ဝင်စုစုပေါင်း(၁၂)ယောက်ပါဝင်သောကော်မတီကို နောက်ဆုံးဖွဲ့စည်းခဲ့ကြောင်းသိရှိရသည်။

စီးပွားရေးလုပ်ငန်းရှင်များအသင်းဖွဲ့စည်းခြင်းအပေါ် မေးမြန်းကြည့်ရာ “အခုလိုအဖွဲ့ ဖွဲ့လိုက်ပြီဆိုတော့ ပလက်ဝနယ်တော့ အနည်းနှင့်အမျှ အတိုင်းအတာတစ်ခုအထိတော့ တိုးတက်မှုရှိလာတော့မယ်လို့ ကျွန်မယုံကြည်ပါတယ်” ဟု ငှက်ပျောခင်းမှပြန်လာသော ခူမီးအမျိုးသမီးတစ်ဦးမှ ခူမီးမီဒီယာသို့ပြောသည်။

ကော်မီတီ၏ရည်ရွယ်ချက်အဖြင့် ပလက်ဝမြို့ နယ်စီးပွါးရေးလုပ်ငန်းရှင်များအချင်းချင်း စည်းလုံးညီညွတ်မှုရှိလာနိုင်ရန်၊ အနာဂါတ်တွင်စီးပွါးရေးဇုံနှင့် company များပေါ်ပေါက်လာနိုင်ရန်ဖြစ်
သည်။

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger