ရန်ကုန်ရှိခူမီးလူထုနှင့် MPဆလိုင်းခွဲယန် တွေ့ဆုံ

Thursday, October 25, 20124မှတ်ချက်



ရန်ကုန်၊ အောက်တိုဘာ ၂၆--- အောက်တိုဘာလ ၁၃ ရက်နေ့  တွင် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဆလိုင်းခွဲယန်နှင့် ရန်ကုန်မြို့ရှိ ပလက်ဝ၊ဆမီးမြို့နယ် ဒေသခံများတွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ပလက်ဝ မြို့နယ်လူမူရေးအသင်း( ရန်ကုန်) တွင် မနက် ၁၀နာရီမှ ၁၂နာရီအထိ ကျင်းပခဲ့ကြောင်းသိရှိရသည်။

တွေ့ဆုံပွဲတွင် ဆမီးမြို့နယ်ခွဲ နယ်နမိတ်သတ်မှတ်ခြင်းအပေါ် အများပြည်သူ၏ သဘောထားကို မေးမြန်း၊တိုင်ပင်မှုမရှိ…စသည်ဖြင့် ဒေသခံလူအချို့နှင့် သဘောထားကွဲလွဲမူ အပေါ် လွတ်တော်ကိုယ်စားလှယ် ဆလိုင်းခွဲယန်မှ ရှင်းလင်းပြောဆိုသွားရာ နယ်နမိတ်သတ်မှတ်ခြင်းသည် မိမိမှသတ်မှတ်ခြင်းမဟုတ်ကြောင်း၊ ကိုယ်စားလှယ်တစ်ယောက်၏ လုပ်ပိုင်ခွင့်လည်းမဟုတ်ပဲ ပြည်နယ်လွတ်တော် အစည်းအဝေးတွင် အများမဲဆန္ဒ နှင့်သာ ဆုံးဖြတ်ခြင်းသည်ဟုဆိုသည်။

 “အများပြည်သူ နှင့် ညှိနှိုင်းမှုမရှိဆိုတာလည်း မဟုတ်ပါဘူး။ ကျွန်တော့် အနေနဲု့ ကျေးရွာတိုင်းကိုသွားပြီး အသိပေးဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ ပြီးတော့ (၂၀၀၈)ဖွဲစည်းအခြေခံဥပဒေ အခန်း(၈)။ ပုဒ်မ ၅၃- ၅၄ တို့ကို ဖတ်ကြည့်ပါ။ မြို့နယ်ခွဲတောင်းဆိုခြင်း ကိစ္စတွေနဲ့ပတ်သတ်ပြီးတော့ ကိုယ်စားလှယ်တွေရဲ့လုပ်ပိုင်ခွင့်တွေကို ဖော်ပြထားပါတယ၊် ဧရိယာ ကြီးတယ်၊ ငယ်တယ်ဆိုတာ လည်း ပထ၀ီ အနေအထားအရပါ။ ပြီးတော့ ဧရိယာကြီးတာ ငယ်တာက ဒေသဖွံဖြိုးနဲ့မဆိုင်ပါဘူး။ ရန်ကုန်တိုင်းကို ကြည့်ပါ။ ကျန်တဲ့တိုင်းနဲ့ပြည်နယ်ထက် ငယ်ပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးတိုးတက်တာပါပဲ”   စသည်ဖြင့် ၄င်းမှ ရှင်းလင်းပြောဆို သွားသည်။

၎င်းတွေ့ဆုံးဆွေးနွေးပွဲ အပြီးတွင် ဦးဗန်တလင်း မှ မြို့နယ်ခွဲ ရရှိခြင်းအထိမ်းအမှတ်အောင်ပွဲပြုလုပ်ရန် ရန်ကုန်မြို့ရှိ ဆမီးမြို့နယ်ခွဲဒေသခံများနှင့် ဆက်လက်၍ဆွေးနွေးသွားခဲ့ပြီး ဖြစ်နိုင်ပါက ဒီဇင်ဘာလ အတွင်းအကောင်အထည် ဖော်နိုင်အောင် ကြိုးစားသွားမည်ဟု ဆိုသည်။

ဆွေးနွေးပွဲသို့ စုစုပေါင်း ၄၆ ဦးကျော်ခန့်တက်ရောက်ခဲ့သည်ဟု သိရှိရသည်။

Share this article :

+ မှတ်ချက် + 4 မှတ်ချက်

Anonymous
25 October 2012 at 21:14

ရန်ကုန်မှာ ခူမီးလူမျိုးအဲလောက်များတာ အယောက် ၂၀ လောက်ပဲ အဲဒီမှာ ပါဝင်နိုင်တယ်ဆိုတာလဲ သိပ်မဟုတ်သေးဘူးနဲ့တူတယ်၊ ဆွေးနွေးပွဲတစ်ခုက အချိန် ၂ နာရီပဲ ဆိုတာလဲ အဆင်မပြေနိုင်ပါဘူး။

Anonymous
26 October 2012 at 00:14

Lau sa saneng rei, Aju la deaungdisai, napi nai Khumi leusai awm nai tla. Sa khaw byly deaungdisai Khumi pri hawi ai i, Satamang byly Khumi pri tama ra ym ai. Khumi mipui bawibawi pany u.

Anonymous
26 October 2012 at 01:24

အယောက် ၄၀ ကျော် တက်ရောက်ပါတယ်။
ဥပဒေ ပုဒ်မတွေ သူပြောတုန်း အဲဒီလို မဟုတ်ပါဘူး။

Anonymous
27 October 2012 at 05:43

ဆလိုင်းခွဲယန်၏ပြောဆိုသည့် “နယ်နမိတ်သတ်မှတ်ခြင်းသည် မိမိမှသတ်မှတ်ခြင်းမဟုတ်ကြောင်း၊ ပြည်နယ်လွတ်တော်အစည်းအဝေးတွင် အများမဲဆန္ဒနှင့်သာ ဆုံးဖြတ်ခြင်းသည်၊ ကျေးရွာတိုင်းကိုသွားပြီး အသိပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ကိုယ်စားလှယ်တယောက်ရဲ့လုပ်ပိုင်ခွင့်ဖြစ်တယ်၊ ရန်ကုန်တိုင်းနှင့် ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေ ခိုင်းနှိုင်းခြင်းတွေဟာ ရှေ့နောက်ကိုက်ညီမှုမရှိသလို အန်ဝင်ဂွင်ကျ မရှိဘူးလို့မြင်ပါတယ်။ ပြောချင်တာက ၁။ နယ်နိမိတ်ရေးဆွဲတင်ပြခြင်းနှင့် နယ်နိမိတ်သတ်မှတ်ခြင်းဟာ အဓိပွါယ်အတူတူဖြစ်တယ်။ ၂။ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်များသည် နယ်နိမိတ်သတ်မှတ်ရေးဆွဲပြီးသားမြေပုံပေါ်မှာပဲ ဆုံးဖြတ်ခြင်းဖြစ်တယ်(ဒီနေရာမှာ ဆုံးဖြတ်ချက်ချတဲ့သူတွေထက် နယ်နိမိတ်မြေပုံကိုတင်ပြတဲ့သူက အဓိကျပါတယ်)။ ၃။ ကျေးရွာတိုင်းသွားပြီး အသိပေးဖို့မဟုတ်ပဲ အများပြည်သူများနဲ့ ညျှိနှိုင်းတိုင်ပင်ဖို့လိုအပ်သည်။ ၄။ ကိုယ်စားလှယ်တယောက်ရဲ့လုပ်ပိုင်ခွင့်ကို အများပြည်သူတွေက ပေးထားခြင်းဖြစ်သည်။ ၅။ ရန်ကုန်တိုင်းသည် မြန်မာပြည်ရဲ့မြို့တော် ရန်ကုန်မြို့တည်ရှိတဲ့ တိုင်းဖြစ်သည့်အတွက် ကျန်တဲ့တိုင်းနဲ့ပြည်နယ်ထက် ဖွံ့ဖြိုးတိုးတက်ရမည်မှာ ဧကန်မလွဲပါ။ တကယ်ဆိုရင် ဖြစ်သင့်တာက ဆမီးဒေသတခုအရေးကိုကြည့်ပြီး နယ်နိမိတ်သတ်မှတ်လို့မရပဲ၊ ခူမီးလူမျိုးအရေးကိုကြည့်ပြီး နယ်နိမိတ်သတ်မှတ်ရမှာဖြစ်တယ်။ ဒီနေရာတွင် အထူးစဉ်းစားဖို့လိုအပ်သည်မှာ ခူမီးလူမျိုးအတွက် နောင်လာမယ့်ဆိုးကျိုး အကျိုးဆက်တွေကိုကာကွယ်မည့် နယ်နိမိတ်သတ်မှတ်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ ဆိုလိုတာက ပြည်သူအကျိုး၊ လူမျိုးအကျိုး၊ ဒေသအကျိုးကို အဓိကထားရမည်ဖြစ်သည်။

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger