ထိုင်းနိုင်ငံတွင် ကျင်းပသော ATI Congress တွင် ပလက်ဝမြို့နယ်မှ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဆလိုင်းခွဲယန် တက်ရောက်

Sunday, November 11, 20120 မှတ်ချက်

နိုဝင်ဘာ 12
ရန်ကုန်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဆလိုင်းခွဲယန် ဦးဆောင်သောအဖွဲ့သည်ထိုင်းနိုင်ငံ၊ဘန်ကောက်မှ
မြန်မာနိုင်ငံ၊ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒီနေ့
မနက်ပိုင်းတွင်ကျန်းမာစွာ ပြန်လည်ရောက်ရှိပြီးဖြစ်ကြောင်း
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းခွဲယန်သည် သမ္မတရုံ

းဝန်ကြီးဌာန၊ ဒု-ညွှန်ကြားရေးမှူး ဦးဝင်းဇော်မိုးနှင့် အတူ၊ ထိုင်းနိုင်ငံ၊
ဘန်ကောက်တွင် ကျင်းပသော
King Prajadhipoke Congress (KPC )  အစည်းအဝေးသို့ သုံးရက်ကြာတက်ရောက်ခဲ့သည်။


အဆိုပါအစည်းအဝေးမှာ "Parliamentary Reformed Workshop" တစ်ခုဖြစ်ပြီး၊ ပြင်သစ်၊ တရုတ်၊ လာအို၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘူတန်၊ ထိုင်းနှင့် မြန်မာနိုင်ငံများမှ ကိုယ်စားလှယ်များတက်ရောက်ကြကြောင်း၊
အဓိကဆွေးနွေးကြသောအကြောင်းအရာများကတော့၊
(၁) လွှတ်တော်၏ဥပဒေပြုအခန်းကဏ္ဍ၊
(၂) အစိုးရနှင့်လွှတ်တော်အကြား အပြန်အလှန်ထိန်းကျောင်းမှု၊
(၃) လွှတ်တော်တွင်း နိုင်ငံရေးဓလေ့တည်ဆောက်ခြင်း
(၄) လူထုကို ကိုယ်စားပြုခြင်း နှင့်
(၅) လွှတ်တော်၏ဘတ်ဂျက်ပြုခြင်းဆိုင်ရာအခန်းကဏ္ဍ စသည်တို့ဖြစ်ကြောင်း သတင်းရရှိပါသည်။

သတင်းရေးသူက Rev. ဗန်တလင်း
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger