မလေးတွင် ခူမီးအမျိုးသား ၆ ယောက်အဖမ်းခံရ

Friday, November 09, 20120 မှတ်ချက်



ကွာလမ်လာပူ၊ နိုဝင်ဘာ ၁၀---မလေးရှားနိုင်ငံ ဆလန်ကောပြည်နယ် Mont Kiara တွင်အလုပ်လုပ်နေထိုင်ကြသောခူမီးအမျိုးသား ၆ ယောက်နှင့်တခြားလူမျိုး ၂၀ ကျော်တို့သည် ၎င်းတို့နေထိုင်ရာ အိမ်တွင် ယနေ့မနက် ၂ : ၃၀ အချိန်တွင် လ၀ကမှ ၀င်ရောက်ဖမ်းဆီးခြင်း ခံခဲ့ရကြောင်းသိရှိရသည်။

အဖမ်းခံရသောခူမီးအမျိုးသားများမှာ (၁) Ai Way Lin လောင်းတင်ကျေးရွာ၊ (၂) Ai Aung Kyaw Lin လောင်းတင်ကျေးရွာ၊ (၃) Ai Nann Sike လောင်းတင်ကျေးရွာ၊ (၄) Aye Ko Oo(ခ) အိုက်အေးစံ အောက်ဘလိုင်ကျေးရွာ၊ (၅) Than Zaw ကြွေတောင်၊ (၆) Ko Hnin ကန်လီရွာတို့ဖြစ်ပြီး ၎င်းတို့ကို Damasara လ၀ကရုံးသို့ ခေါ် ဆောင်၍
လိုအပ်ချက်များ စိစစ် စစ်ဆေးပြီးနောက် ယနေ့မနက် ၈ နာရီတွင် JinJang ရဲစခန်းတွင်ယာယီထိမ်းသိမ်းထားလျက်ရှိသည်။

“ဘယ်ကိုပြန်ပို့မလဲဆိုတာကိုစုံစမ်းနေဆဲလို့သိရပါတယ်။ သူတို့အတွက် ယူအမ်ကိုလည်းအကြောင်းကြားပေးထားပါတယ်။ အခုတလောနေရာတိုင်းလိုလိုမှာ လ၀ကတွေက လိုက်လံဖမ်းဆီးနေပါတယ်။ အဓိက ကတော့အနေအထိုင်မတတ်လို့ဖြစ်တာက ပိုများပါတယ်။ မလေး နိုင်ငံသားတွေရဲ့ တိုင်ကြားချက်တွေကြောင့် ဖမ်းတာများတယ်” ဟု Paletwa Khumi Community၏ coordinator အိုက်လွင်လွင်မှ ခူမီးမီဒီယာသို့ပြောပြသည်။

မြန်မာနိုင်ငံရှိ မိမိတို့နေထိုင်ရာဒေသတွင် လုပ်စရာမရှိသောကြောင့် လူငယ်များအနေဖြင့် အမိမြေကိုစွန့်ခွာပြီး သူစိမ်းတိုင်းပြည်တွင် ဘ၀ထွက်ပေါက် ခက်ခဲစွာရုန်းကန်ရှာဖွေသူ တစ်နှစ်ထက်တစ်နှစ် များလာရခြင်းဖြစ်သည်။

အိုက်လွင်
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger