ပလက်ဝ-ကျောက်တော် စက်လှေလှိုင်းကိစ္စ ကြံ့/ဖွံ့ပါတီအားတရားစွဲဆို

Friday, November 09, 20120 မှတ်ချက်




ပလက်ဝ၊ နိုဝင်ဘာ ၉---ပလက်ဝ-ကျောက်တော် ကူးတိုးလှိုင်း ပိုင်ရှင်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအား  ချင်းပြည်နယ်၊ ပလက်ဝမြို့ စည်ပင်သာယာရေးကော်မတီမှ မြို့နယ်တရားရုံးသို့ တိုင်တန်းပြီး အမှုဖွင့် တရားစွဲခဲ့ကြောင်း သတင်းရရှိသည်။

တရားလိုစည်ပင်အဖွဲ့၏ တိုင်တန်းခြင်းကြောင့် ၂၀၁၂-ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်နေ့တွင် ကြံခိုင်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူ (ဦးပြေလေ)အား မြို့နယ်တရားရုံးသို့ ဆင့်ခေါ်ခဲ့သည်။ ပလက်ဝ-ကျောက်တော်လှိုင်းသည် ၊ ယခင်က မြန်မာနိုင်ငံရေကြောင်းပို့ဆောင်ရေးပိုင် သင်္ဘောလှိုင်းဖြစ်ပြီး ပလက်ဝမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၏ ခွင့်ပြုမိန့်ဖြင့် နှစ်စဉ် နှစ်တိုင်း လှိုင်းပြေးဆွဲလျက်ရှိသည်။

ယခင်က ပလက်ဝ-ကျောက်တော်လှိုင်းကို မြို့နယ်စည်ပင်မှ လေလံပေးဆွဲခြင်း(လုံးဝ) မရှိခဲ့သော်လည်း ၂၀၁၂-၂၀၁၃ ဘတ်ဂျက်နှစ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ပလက်ဝ-ကျောက်တော် လှိုင်းကို  သိန်း(၄၅၀)ဖြင့် ဦးအေးထွန်း(ကျောက်တော်) အား  လေလံပေးဆွဲခဲ့လေသည်။  ထို့ကြောင့် ပလက်ဝ-ကျောက်တော် လှိုင်းကိစ္စနှင့် ပတ်သက်၍ ကြံ့ခိုင်ရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွဲယန်မှတဆင့် နေပြည်တော်၊ လွှတ်တော်အထိ တင်ပြပေးခဲ့သော်လည်း ၄င်းကိစ္စအား ဖြေရှင်းရန် ပြည်နယ်အဆင့်သို့ လွှတ်တော်မှ တာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ယခုတရားလို၏တိုင်တန်းခြင်းကြောင့် ရခိုင်ပြည်နယ်၊ ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနတွင် ဖြေရှင်းရန်  ပလက်ဝစည်ပင်ဦးစီးအရာရှိ ဦးဝင်းလှိုင်နှင့် ကြံ့ခိုင်ရေးပါတီမှ ပလက်ဝ-ကျောက်တော် လှိုင်းပိုင်ရှင် ဦးပြေလေ တို့သည် ယနေ့ (နိုဝင်ဘာ ၉ရက်နေ့)တွင် ပလက်ဝမှ ကျောက်တော်သို့ ဂစ္ဆနဒီသယ်ယူပို့ဆောင်ရေး ရေယာဉ်လှိုင်း ဖြင့် ထွက်ခွါသွားကြောင်းသိရှိရသည်။

ပလက်ဝ-ကျောက်တော်လှိုင်းကို ယခင် တပ်မတော်လက်ထက်ကပင် ကြံ့ခိုင်ရေးပါတီ အမည်ဖြင့် ရခိုင်ပြည်နယ် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တရားဝင် ပြေးဆွဲခြင်းဖြစ်သော်လည်း ချင်းပြည်နယ်၊ ပလက်ဝ စည်ပင်သာယာသည် ၂၀၁၂-၂၀၁၃ ဘတ်ဂျက်နှစ်တွင် ပလက်ဝ-ကျောက်တော်ကို ရခိုင်ပြည်နယ်၏ ခွင့်ပြုချက်မရဘဲ လေလံပေးဆွဲခြင်းဖြစ်ကြောင်း ကြံ့ဖွံ့ပါတီမှတာဝန်ရှိသူမှပြောသွားခဲ့သည်။

ခူတေဇ
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger