ပလက်ဝအရှေ့ဘက် ဆိပ်ခံတံတားဆောင်လုပ်ရေးအဖွဲ့လုပ်ငန်းပြန်စပြီ

Thursday, November 01, 20121မှတ်ချက်



ပလက်ဝ၊ နိုဝင်ဘာ ၁---ပလက်ဝမြို့အရှေ့ဘက်ကမ်းတွင် မိုးတွင်းပိုင်း လုပ်ငန်းခေတ္တရပ်ဆိုင်းထားခဲ့သော ပလက်ဝဆိပ်ခံ ဆောက်လုပ်မည့် လုပ်ငန်းအား ပြန်လည်ဆောက်လုပ်ရန် အိန္ဒိယမှ ဆိပ်ခံတားဆောက်လုပ်ရေးအဖွဲ့သည် မြေတူးစက်(၂)လုံးဖြင့် ၂၀၁၂-ခုနှစ်၊ အောက်တိုဘာလ(၃၁)ရက်နေ့၊ ညနေ (၅း၃၀)နာရီ ခန့်တွင် ပလက်ဝမြို့သို့ ရောက်ရှိခဲ့သည်။

နိုဝင်ဘာလ(၁)ရက်နေ့တွင် မြေတူးစက်ကို ဆိပ်ခံတံတားပြုလုပ်မည့်နေရာတွင် တင်ဆောင်ခြင်းပြုလုပ်ခဲ့ပြီဖြစ်သည်။ အဆိုပါဆောက်လုပ်ရေးအဖွဲ့အား ကျောက်တော်မြို့ ရဲစခန်းမှ လုံခြုံရေးအဖွဲ့ သားများမှ လိုက်ပို့ပေးခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးအဖွဲ့မှာ ယနေ့ နံနက် ၇း၃၀ နာရီတွင် ပလက်ဝမှ ကျောက်တော်သို့ သီးသန့်စက်လှေဖြင့် ပြန်လည်ထွက်ခွါသွားကြသည်။


ပလက်ဝဆိပ်ခံတံတားသည် ၂၀၀၈ ခုနှစ်တွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ သဘောတူလက်မှတ်ထိုး ချုပ်ဆိုခဲ့သော Kalandan Multi-Modal Transit Transport Project ၏ အရေးပါသော အစိပ်အပိုင်းတစ်ခုပင်ဖြစ်သည်။ စစ်တွေမှ ပလက်ဝအထိ ရေကြောင်းဖြင့် သယ်ယူပို့ဆောင်မည်ဖြစ်ပြီး၊ ပလက်ဝမှ အိန္ဒိယသို့ ကားလမ်းများဖြင့် ဆက်သွယ်သွားမည်ဟု သိရှိရသည်။

ရန်ကုန် ဆွီးဟိုတယ်တွင် မန်နေဂျာတာဝန်ထမ်းဆောင်နေသော ကိုအောင်လင်းစိုး၏ အမြင်အရ “ အခုဆောက်နေတဲ့ ပရောဂျက်ကတော့ ကောင်းပါတယ်။ တိုးတက်မှု ပြယုဂ်တစ်ခုလို့ဆိုနိုင်ပေမဲ့ ပလက်ဝနယ် ဒေသခံတွေအတွက် ဘာအကျိုးကြီးကြီးမားမား ရလာနိုင်မလဲ စဉ်းစားဖို့တော့ကောင်းမယ်။ အရင်ကမမြင်ဖူးတဲ့ ကားတွေပြေးလွား သွားလာနေတာမြင်ရပေမဲ့ ဘာမှမသိမလုပ်တတ်တဲ့ ဒေသခံတွေအတွက် ထင်သလောက် အခွင့်အရေးရ လုပ်ကိုင်ဖို့တော့လွယ်မယ်မထင်ဘူး။ ဘာလို့လဲဆိုရင် နားလည်ကျွမ်းကျင်သူတွေများများလိုအပ်တယ်ဆိုတာ ကျွန်တော်ခူမီးအမျိုးသားတစ်ယောက် အနေနဲ့ စဉ်းစားမိလို့ပါ..။” ဟု အောက်တိုဘာ ၃၀ ရက်နေ့ စကားဝိုင်းဖွဲ့တွေ့ဆုံပွဲတစ်ခုတွင် ပြောသွားသည်။

ကုလားတန်ဘက်စုံစီမံကိန်းကို လွန်ခဲ့သော ၂၀၁၀ ခုနှစ် အောက်တိုဘာလ မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပြီး စီမံကိန်းအပိုင်းအားလုံး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ပြီးဆုံးရမည်ဖြစ်သော်လည်း ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင်ပြီးစီးရန် ပြောင်းလဲသတ်မှတ်လိုက်ပြီးဖြစ်သည်။ ယခုအခါ စီမံကိန်းကို ၂၀၁၆ မှသာ ပြီးဆုံးရန်ပြန်လည်သတ်မှတ်လိုက်ကြောင်း သိရှိရသည်။

ခူတေဇ
Share this article :

+ မှတ်ချက် + 1 မှတ်ချက်

Anonymous
1 November 2012 at 07:23

Avang ha,ha hawi mawtawka lam amh,m ampo, amjo, amnau, deaungdi bawibawi atho sa u ngai bo. Achi khumi ly ami chi sapi ha,ri ajeng khyh, khen paw jo khyh ra ly ny y bo to. Langkhym ly Khumi pri tama anchi khypkhyp nai neng tang ai bo. U Ne Win achora thym kha achi khumi pri khaileaung India mang jopi praw jo nai vainih achi Khumi bawibawi ly pamy thai u tla bo. pjrang ra ly ny ybo achi khumi ly. Khumi pri kavui lusa nai chi py ( khawchi ) thym kha i kalop sa nai kamta ly vainih neng ly ngo y bo. Mei kangtha, kano kangtha, lualeu kangtha hawi labeung kangtha khai u kha atho sa u ngai bo. Ami cheang theung ai py achi Khumi chi i kalop sa nai ly khrkhri kangya hawi prai na veng bo.

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger