အဖေအရင်း ကိုသတ်သည့် အမှုကြောင့် ပုဒ်မ ၃၀၄ ဖြင့် စွဲချက်တင်

Wednesday, October 31, 20121မှတ်ချက်



ပလက်ဝ၊ နိုဝင်ဘာ ၁---ပလက်ဝမြို့နယ် ၊ပီချောင်း၊ဖတ်ချောင်းဝကျေရွာနေ ဦး သန်းမင်း သည် သား ဖြစ်သူ ဦးခင်နောင် ဧ။် ထိုးသတ်မှုဖြင့် ၂ရ ၇က် ည ရ နာရီတွင် ပွဲခြင်းပြီးသေဆုံးခဲ့သော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် အလောင်းအား ခွဲစိပ်စစ်ဆေးရန် ၂၉ ရက်မနက် ၁၀း၃၀နာရီမှသာ ပလက်ဝ ရင်ခွဲရုံသို့အရောက် ပို့ဆောင်နိုင်ခဲ့သည်။

အလေားကိုသယ်ဆောင်သော လမ်းတွင် အဘောင်းသားကျေးရွာကို ဖြတ်ခဲ့ရပြီး ရွာ ချောင်းဘေးတွင်တစ်ညအိပ်ခဲ့ရသည်။ နတ် ကိုးကွယ်မှုအယူဖြင့် ၄င်းရွာအား ၀က်သဒါး ခေါ် ၀က်သွေးလျော်ကြေးအဖြစ် ငါးသောင်းကျပ်ပေးရသည်ဟု သိရသည်။
“ငါးသောင်း ကုန်သွားတယ် မိသားစုက မရှိတဲ့ကြား တော်တော်ခက်ခက်ခဲခဲ ပေးရတာ။ တကယ်တော့ ခုလိုခေတ်မှာ
တစ်ဦးကိုတစ်ဦး ကူညီဖို့ကအရေးကြီးတယ်။ လာမကူပဲ တောင်းပဲတောင်းသွားတာတော့ ဒုက္ခရောက်နေတဲ့ကျွန်မတို့ အတွက် အရမ်းကို ခံစားရ မကောင်းပါဘူး” ဟု ဦးသန်းမင်း ဧ။် ဇနီးဒေါ်မဖြူကပြောကြားသွားသည်။

ဆက်လက်၍ “အ လောင်းကိုခုမှရောက်တာက လမ်းပန်းဆက်သွယ်ရေးခက်ခဲတာနှင့် မလိုအပ်တော့တဲ့ဒီဓလေ့တွေကြောင့်ပဲ” ဟု လိုက်ပို့သူတစ်ဦးကလည်း ပြောကြားသွားပါသည်။

ရုပ်ကလပ်ကို အဘာင်သားအထိ ကုန်းကြောင်းထမ်းကြိုပြီး ရုပ်ဝတွင် ပလက်ဝနှစ်ခြင်းခရစ်ယာန် ပိုင်စက်လှေဖြင့် လာကြိုခဲ့ခြင်းကြောင်း ပလက်ဝမြို့သို့ အချိန်မီရောက်ခဲ့ရခြင်းဖြစ်သည်။ ထို့သို့အဖြစ်အပျက်များနောက်နောင်မကြုံရလေအောင် ပလက်ဝနာရေးအတွက် အရန်သင့်အရေးပေါ်သုံးနိုင်ရန် နာရေးစက်လှေလိုအပ်နေပြီး ဖြစ်ကြောင်း လူမှုရေးလှုပ်ရှားသူများမှ သုံးသပ်ပြောဆိုကြသည်။

ပလက်ဝခွဲစိပ်ရုံတွင် အလောင်းကို ရဲနှင့်ဆ၇ာဝန်စစ်ချက်များအပြီးညနေ ၂း၃၀နာရီတွင် ဆ၇ာတော်အောင် ဒိန်း မှာ ခရစ်ယာန်ဝတ်တရားနှင့်အညီ ပလက်ဝ သချိုင်းတွင်သဂြို င်္လ် ခဲ့သည်။ အစီအစဉ်အစအဆုံးကို KYA President ဆရာ စတီဗဲန်မှ ဦးဆောင်ကူညီ ခဲ့ပြီး အခေါင်းအတွက်လိုအပ်သော သစ်များကိုလည်း ဦးအောင်ညွန့်လှိုင်မှ လှူဒါန်းသွားခဲ့ခြင်းကြောင့် ကျန်ရစ်သူမိသားအတွက် သက်သာရာရခဲ့သည်။

သေဆုံးသွားသူဧ။် သား သို့မဟုတ် ပြစ်မှုကျူးလွန်သူ ဦးခင်နောင်မှာ တရားမမှုဥပဒေ ပုဒ်မ ၃၀၄ လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်း ရဲ အရာရှိ ဦးအောင်နှင်းပ မှခူမီးမီဒီယာသို့ပြောပြသည်။

“စစ်တွေ ဗဟိုက လာစစ်ရမှာ ဒီလူသတ်မှုကို မြိုနယ်အဆင့်က ဆုံးဖြတ်ပြီး ဒီဂရီချဖို့မရဘူး” ဟု ၄င်းက ဆက်ပြောသွားပါသည်။

ထို့အပြင် ရဲဗိုလ်ကြီးကလည်း “ပီချောင်းတစ်လျှောက်ရှိ ရွာတိုင်းမှာ အရက်တော်တော်ပေါတယ်။ သောက်လည်း တော်တော် သောက်ကြ တယ်။ ဘယ်က ခိုးရောင်းကြဒါလဲမသိဘူး။ ရောင်းခွင့်တော့မပေးဘူး ဒါပေမဲ့ကျနော်တို့လည်း ရွာတိုင်းမှာ အချိန်ပြည့်မနေနိုင်ဘူးလေ ၊ ဒီအရက်ကြောင့် ပီချောင်းမှာ မကြာခဏဆိုတလိုပြသာနာတွေဖြစ်လာရတာ” ဟုထောက်ပြခဲ့သည်။
မိသားစုများအနေဖြင့် အချုပ်ခန်းတွင် အချိန်ကြာ သွားမည်ကိုစိုးရိမ်ကြောင့် နှင့် အမှုကိုအမြန်ဆုံးစစ်ဆေး၍ တရားဥပဒေအတိုင်း ဒီဂရီချ ထောင်ထဲသို့ထိုက်တန်သည့်အပြစ်ဒဏ်မတိုင်း ကျခံစေလိုကြောင်းပြောသွားခဲ့သည်။

စတီဗဲန်
Share this article :

+ မှတ်ချက် + 1 မှတ်ချက်

Anonymous
1 November 2012 at 01:05

Hinai satang thai nai ly kai py paleung hawi y nai tla. Kalang chie chi te khrikhri kangzin hawi prai nai ne. Ae, achi khumi chi ly paleung dawi laah nai deangkho hunai kamta phrei nai tla. Khumi amjo, amnau bawibawi py paleung kasau atheu kawp u tla bo. Ati manai moh nabyly achi Khumi amh,m, ampo bawibawi chi py my amy i chapo, chanau chi ai leusai, khulyn sai thui pi, kryp kawm y nai deangkho ne. Achi khumi amh,m, ampo bawibawi ly amy i chapo, chanau chi ai deaungdi khaso jo laah, tabei, khy pakau laah nai y lu aleu hawi paleung pra keng i seng ra py tama keng nai tla. Achi khumi amh,m, ampo bawibawi ly amy i chapo, chanau chi i ngai nai aten sapie tla nai ne. Khumi amjo, amnau pany kawp u tla bo.

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger