ဒုတိယအကြိမ် ပလက်ဝဒေသမှ ချင်း လူငယ်များမိတ်သဟာရအစီအစဉ်ပြုလုပ်မည်

Sunday, November 11, 20120 မှတ်ချက်


ရန်ုကုန်
နိုဝင်ဘာလ 12

ရန်ကုန်တွင် ရောက်ရှိနေသော ပလက်ဝဒေသမှ ချင်းလူငယ်များတွေ့ဆုံစည်းဝေးပွဲကို ယခုလ (18) ရက်နေ့ တနင်္ဂနွေနေ့တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံလူသရင်အသင်းတော်ရုံးတွင် ကျင်းပပြုလုပ်သွား မည်ဟု သိရှိရပါသည်။
ယခုကဲ့သို့တွေ့ဆုံမှုသည် လူငယ်တိုင်းပါဝင်နိုင်ရန် စီစဉ်ထားပြီး ပညာသင်ကြားနေသောလူငယ်များ၊ ကျမ်းစာကျောင်းတက်နေသောလူငယ်များ အချင်းချင်းပိုမို မိတ်သသာရပြုနိုင်ရန်သော်လည်းကောင်း၊ ကြုံတွေ့နေသော အခက်အခဲ အတားအဆီးများကို ၀ိုင်းဝန်း ကူညီဖြေရှင်းပေးနိုင်ရန်သော်လည်းကောင်း၊ လူငယ်လှုပ်ရှားမှုများကို ဖန်းတီးပေးနိုင်ရန်သော်လည်းကောင်း၊ အခြားသော လူငယ်အဖွဲ့များနှင့် ချိတ်ဆက် ကာ အတူတကွ
ပူးပေါင်းလုပ်ဆောင်သွားနိုင်ရန်သော်လည်းကောင်း ရည်ရွယ်ကြောင်း သိရှိရပါသည်။
၎င်းတွေ့ဆုံ စည်းဝေးပွဲ အစီအစဉ်ကို  အောက်တိုဘာလ (21) ရက်နေ့ (တနင်္ဂနွေနေ့) တွင် အင်းစိန်မြို့နယ်ရှိ၊ မြန်မာနိုင်ငံလူသရင်အသင်းတော်တွင်ပထမအကြိမ် ပြုလုပ်သွားခဲ့ပါသည်။
ယခု ဒုတိယအကြိမ်တွေ့ဆုံပွဲကို နိုဝင်ဘာလ (18) ရက်နေ့၊ နေ့လည် (12း 30)တွင် စတင်ပြုလုပ်သွားမည်ဖြစ်ပြီး မွန်းလွဲ (2) နာရီခန့်တွင် ရုတ်သိမ်းသွားမည် ဟု Rev. ဒေါက်တာ အနြူးမန်းလုံ၏ပြောကြားပေးချက်အရ သိရှိရပါသည်။

အစီအစီအသေးစိတ်မှာ -

ရက်စွဲ ။ ။ နိုဝင်ဘာလ (၁၈) ရက်၊ ၂၀၁၂
အချိန်။   ။ နေ့လည် (၁၂း၃၀) နာရီ
နေရာ။ ။ မြန်မာလူသရင်အသင်းတော်
အမှတ် (38/ဒီ)၊ သာယာအေး (၁)လမ်း၊ တောင်သူကုန်းရပ်ကွက်၊ အင်းစိန်။




မျိုးချစ်သူ (တောင်စိုမြေ)
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger