၆ထပ်တိုက်ဆောက်လုပ်စဉ် ပလက်ဝမြို့နယ်လူမှုရေးအသင်း၏ လိပ်စာယာယီပြောင်းရွေ့မည်

Tuesday, November 20, 20120 မှတ်ချက်


ရန်ကုန်၊ နိုဝင်ဘာ ၂၀--- နိုဝင်ဘာ ၁၈ရက်နေ့ ၁၂နာရီတွင် ပလက်ဝမြို့နယ်လူမှုရေးအသင်း (ရန်ကုန်)၏ ဒေါပုံမြို့နယ်ရှိ၊ လက်ရှိအသင်းတိုက်တွင် ကျင်းပခဲ့သော အရေးပေါ် အစည်းအဝေးတစ်ရပ်တွင် ဟောင်းနေပြီဖြစ်သော လက်ရှိအသင်းတိုက်အား ၆ထပ်တိုက်ဆောက်လုပ်ရန် Peter & Paul Contruction နှင့် လွန်ခဲ့သောနှစ်တွင် လက်မှတ်ထိုးထားပြီးဖြစ်သောကြောင့် ဆောက်လုပ်ခွင့်ပါမစ်လည်းကျလာပြီဖြစ်လေရာ ပလက်ဝမြို့နယ်လူမှုရေးအသင်း (ရန်ကုန်)၏ရုံးတည်နေရာလိပ်စာအား ယာယီပြောင်းရွေ့ထားမည့်အကြောင်းအရာများအားဆွေးနွေးခဲ့ကြောင်းသိရှိရသည်။


ယာယီပြောင်းရွေ့မည့်ရုံးလိပ်စာမှာ အမှတ်- ၁၆၉၊ ဇေယျာသိန္ဒိလမ်း၊မြို့သစ်ရပ်ကွက်၊ ဒေါပုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး တွင် ယခူလကုန်ပိုင်းတွင်အပြီး ပြောင်းရွေ့မည် ဟုသိရှိရသည်။ ဖုန်းနံပါတ်မှာမူအပြောင်းအလဲရှိမည် မဟုတ်ဟုသိရသည်။

ပါမစ်ကျလာတာတောင်နဲနဲကြာသွားပြီ ကန်ထရိုက်တာတွေက အခုအထိလုပ်ငန်းမစနိုင်သေးဘူးဟု အွေ့ဟွေ့လူးမှပြောသည်။ စာချုပ်တွင်ပါဝင်သော မြေပိုင်ရှင် ပလက်ဝမြို့နယ်လူမှုရေးအသင်း (ရန်ကုန်)နှင့် ကန်ထရိုက်တာတို့အကြား သဘောတူလက်မှတ်ထိုးထားချက်ပါ အကြောင်းအရာများအား တက်ရောက်သူအမှုဆောင်များသိရှိနိုင်ရန် အတွင်းရေးမှူး ဦးစိုးသိမ်းမှ တစ်ခုချင်းဖတ်ပြခဲ့လေသည်။ 

၆ထပ်တိုက်ပြီးစီးပါက မြေပိုင်ရှင် ပလက်ဝမြို့နယ်လူမှုရေးအသင်း (ရန်ကုန်)မှ အခန်းစုစုပေါင်း (၅)ခန်းပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်ပြီး ၊ ကျန် (၇)ခန်းကိုမူ ဆောက်လုပ်ရေး ကန်ထရိုက်တာတို့ဘက်မှ ပိုင်ဆိုင်သွားမည်ဖြစ်သည်။ 

အခုလက်ရှိအဆောက်အဦးဟောင်းကို လွန်ခဲ့တဲ့ ၂၉၉၄ခုနှစ် လောက်ကတည်းကဆောက်ခဲ့တာဆိုတော့ တော်တော်ကို ဟောင်းနေပြီ၊ အသစ်ပြန်ဆောက်ဖို့ကလည်း လူမှုရေးအသင်းငွေအင်အားအနေနဲ့ အဆင်မပြေနိုင်လို့ အခုလိုကန်ထရိုက်တာတွေနဲ့အပ်ရတဲ့အထိဖြစ်သွားတာဟု အသင်းတိုက်အတွက် ၁၉၉၃ ခုနှစ်ဝန်းကျင်ခန်းက သ ဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းသွားခဲ့သော မြေကွက်ပိုင် အလှူရှင် ဦးအောင်ယာလင်းမှ ပြောသွားခဲ့သည်။

အစည်းအဝေးတွင် အမှုဆောင် ၁၀ ဦးတက်ရောက်ခဲ့သည်။

ပလက်ဝမြို့နယ်လူမှုရေးအသင်းသည် ၁၉၉၃ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး အမှုဆောင် ၁၀ ဦးဖြင့် နိုင်ငံတော်အစိုးရ၏ တရားဝင် အသိအမှတ်ပြု ဖွဲ့စည်းထားသော အသင်းအဖွဲ့ဖြစ်သည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger