နိုဝင်ဘာ ၁၈
ရန်ကုန်
ပလက်ဝချင်းလူငယ်များ မိတ်သဟာရ အဖွဲ့အစည်းသစ်ကို စတင်ဖွဲ့စည်းခြင်းနှင့်အမှုဆောင်ရွေးချယ်တင်မြောက်ခြင်းအစီအစဉ်တစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံလုသရင်အသင်းတော်တွင် နိုဝင်ဘာလ (၁၈) ရက်နေ့၊ နေ့လည် (၁၂း၃၀) အချိန် တွင် ပြုလုပ်ကျင်းပခဲ့ကြောင်းသိရှိရသည်။
ရန်ကုန်
ပလက်ဝချင်းလူငယ်များ မိတ်သဟာရ အဖွဲ့အစည်းသစ်ကို စတင်ဖွဲ့စည်းခြင်းနှင့်အမှုဆောင်ရွေးချယ်တင်မြောက်ခြင်းအစီအစဉ်တစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံလုသရင်အသင်းတော်တွင် နိုဝင်ဘာလ (၁၈) ရက်နေ့၊ နေ့လည် (၁၂း၃၀) အချိန် တွင် ပြုလုပ်ကျင်းပခဲ့ကြောင်းသိရှိရသည်။
“ရန်ကုန်မှာ ပညာသင်ယူနေတဲ့လူငယ်တွေပဲဖြစ်ဖြစ်၊
တခြားအလုပ်လုပ်ကိုင်နေတဲ့ လူငယ်တွေပဲဖြစ်ဖြစ် ပလက်ဝနယ်ကလာတဲ့လူငယ်တွေ
အခုလိုတွေ့ဆုံပြီး မိတ်သဟာရဖွဲ့ရတာ
အင်မတန်မှ ၀မ်းသာစရာကောင်းပါတယ်” ဟု ဘီရှော့
ဒေါက်တာ အန္ဒြူးမန်းလုံးမှ အားပေးစကားတွင် ပြောကြားခဲ့သည်။
အဆိုပါအစီအစဉ်တွင် ပလက်ဝမြို့နယ်၊ အနယ်အနယ်အရပ်ရပ်မှ
ရန်ကုန်မြို့ သို့ လာရောက်ကာ ဓမ္မပညာများ အား သင်ယူနေကြသော
ကျမ်းစာကျောင်းသူ/သားများအပြင် အလုပ်အကိုင်များကို လုပ်ဆောင်လျက်ရှိသော လူငယ်များ စုစုပေါင်း
(၇၀) ဦး ခန့် တက်ရောက်ခဲ့ကြသည်။ အစီအစဉ်တလျောက်တွင် ဂုဏ်တော်ချီးမွမ်းခြင်းများ၊
မိမိပြည်အတွက်၊ မိမိဒေသအတွက် ဆုတောင်းပေးခြင်း များ၊ မိတ်သဟာရဆိုင်ရာ
ကြေငြာပေးခြင်း၊ ဒေသနာဝေငှခြင်းစသည်ဖြင့် ပထမပိုင်း ၀တ်ပြုခြင်း အစီအစဉ်ကို
ရုတ်သိမ်းသွားခဲ့ပြီးနောက်တွင် ပလက်ဝချင်းလူငယ်များ မိတ်သဟာရအဖွဲ့ အမှုဆောင်များကို
ရွေးချယ်တင်မြှောက်ခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။
အမှုဆောင်များအဖြစ် ဥက္ကဌ - မိုးဇက်မန်း ၊ ဒု- ဥက္ကဌ -
စိုင်းလင်းအောင်၊ ဘဏ္ဍာထိန်း - စာရာ စန်းစန်းအောင်၊ စည်းရုံးရေးမှူးများအဖြစ် - ဆရာမ
နန်းသိန်း၊ ဆရာမ မာရိန်း၊ ဆရာဟွေ့ဆိုက်၊ ဆရာဘူးလွန်း၊ ဆရာ ယောသပ်၊ ဆရာမွေရာ၊
ဆရာမိုးဇက်၊ ဆရာနေလင်းကျော်တို့ကို အများသဘောတူအသီးသီးတာဝန်ပေး ရွေးချယ်ခဲ့သည်။
အမှုဆောင်ရွေးချယ်ခြင်းအစီအစဉ်ကျင်းပပြီးနောက်တွင်
ဥက္ကဌအဖြစ်တာဝန်ပေးအပ်ခြင်းခံရသော မိုးဇက်မန်းမှ “ ကျွန်တော်ကတော့
အမှုဆောင်အဖွဲ့မှာမပါဘူး၊ အမှုဆောင်တွေပဲလုပ်ပါစေ ဆိုတဲ့စိတ်တွေမထားပဲ စည်းစည်းလုံးလုံးနဲ့
ပါဝင်ကြရအောင်” ဟုပြောသွားခဲ့သည်။
အစီအစဉ်ကို မွန်းလွဲ (၂) နာရီခွဲ အချိန်တွင် ဘီရှော့
ဒေါက်တာ အန္ဒြူးမန်းလုံ၏ ဆုတောင်းပေးခြင်းဖြင့် အောင်မြင်စွာ ရုတ်သိမ်းသွားခဲ့သည်။
စနေမောင်
စနေမောင်



Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။