ရန်ကုန်၊
နိုဝင်ဘာ ၂၁--- ပလက်ဝမြို့နယ်မှ အင်္ဂလီကန်ဘုန်းတော်ကြီးများဦးဆောင်၍ ခူမီးလူငယ်များတစ်စု
ခရစ်တော်၏ သက်တော်စဉ်ဇာတ်ကား ခူမီးဘာသာစကားသို့ နောက်ခံစကားသွင်းရန် နိုဝင်ဘာ
၁၉ရက်နေ့ကရောက်ရှိလာသော လူငယ်များ ယခုနှစ် ဒီဇင်ဘာ ၁ရက်နေ့တွင်ကျင်းပမည့်
ခူမီးနှစ်သစ်ကူးပွဲတော်အမီ ပလက်ဝသို့ ပြန်နိုင်ဖွယ်မရှိကြောင်း သိရှိရသည်။
“
အခုရန်ကုန်ရောက်နေပါတယ်။ ၉
မိုင်မှာ ယေရှုသက်တော်စဉ်ကို
ခူမီးလို အသံသွင်းမလို့ပါ
ကျွန်တော်တို့အားလုံး
၁၇ ယောက်ရှိတယ်” ဟုဆရာအောင်ရှိန်းမှ ပြောပြသည်။
“နှစ်သစ်ကူးအတွက်ပြင်ဆင်နေတယ်၊ ညနေလူငယ်တွေ အစည်းအဝေးလုပ်မယ်၊ ဆပ်ကော်မတီိများဖွဲ့စည်းပြီးတာဝန်ယူမည့်အပိုင်းပေါ့”
ဟုကေ၀ိုင်အေ အဖွဲ့အတွင်းရေးမှူး အိုက်တင်းမှ ခူမီးမီဒီယာသို့ပြောသည်။
အလားတူပင် ယခင်နှစ်များက မကျင်းပဖူးသေးသော ဒီဇင်ဘာ(၁)ရက်နေ့
ခူမီးနှစ်သစ်ကူးပွဲကို ရန်ကုန်တွင်လည်း ယခုနှစ်တွင် ကေအမ်ဂျီမှ ဦးဆောင်လျှက်
ကျင်းပမည်ဟု သိရှိရသည်။
“အခုအစီအစဉ်တွေဆွဲနေပါတယ်၊ လုပ်ဖို့ကတော့ ရန်ကုန်မှာရှိတဲ့ တခြားခူမီးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးလုပ်ချင်တာပါ၊
စည်းလုံးမှုခိုင်မာလာဖို့အတွက်ပေါ့” ဟု စီစဉ်သူအိုက်ပီတာလွယ်လူးမှ ပြောသည်။
ယေရှုသက်တော်စဉ်အတွက်ရောက်ရှိလာသော
အင်္ဂလီကန်ခူမီးလူငယ်များအဖွဲ့သည် ဆရာအောင်သက်ညွှန့် တို့ ဦးဆောင်သော သာသနာလုပ်ငန်းအဖွဲ့၏
အစီအစဉ်ဖြင့်လာခြင်းဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်နေ့လောက်မှ
ပလက်ဝသို့ပြန်နိုင်ဖွယ်ရှိကြောင်းသိရသည်။


Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။