ချင်းဒေါက်ရွာလူငယ်များ ကားတောင်တက်မည်

Wednesday, November 21, 20120 မှတ်ချက်




ပလက်ဝ၊နိုဝင်ဘာ ၂၁---နိုဝင်ဘာလ(၂၈)နေ့ပလက်ဝမြို့နယ်အတွင်းရှိ လူငယ်မောင်မယ်များအယောက်၂၅၀ခန့် ပလက်ဝမြို့နယ်၏ အထင်ကရတောင်များစာရင်းဝင်တစ်ခုဖြစ်သော ကားတောင်သို့ တတ်ရောက်ရန်အစီအစဉ်ရှိကြောင်းသိရသည်။

ပလက်ဝနယ်တွင် ထင်ရှားသောတောင်များ၁၀ခုရှိသည့်အနက် ကီမိုတောင်နှင့် ကားတောင်မှာ အနားယူအပန်းဖြေရန်အကောင်းဆုံးတောင်များအဖြစ် ယနေ့အထိ ထင်ရှားလျှက်ရှိသည်။

ကားတောင်သည်  ချင်းဒေါက်ကျေးရွာမှ ရက်ချင်းပြန်သွားလာနိုင်သော အကွာအဝေးတွင်ရှိသော တောာင်တစ်ခုဖြစ်သည်။

“လိုက်ချင်တဲ့လူတွေ ညနေပိုင်းပျော်ပွဲရွှင်ပွဲအတွက်ဝင်ကြေး ၁၅၀၀ကျပ်ထည့်ရမယ်” ဟုစီစဉ်သူ
ချင်းဒေါက်ရွာလူငယ်ခေါင်းဆောင်မှ ခူမီးမီဒီယာသို့ပြောသည်။

နှစ်စဉ်နှစ်တိုင်လိုလိုပင် ယခုကဲ့သို့ ခရီးသွားရာသီတွင် ပလက်ဝနယ်တစ်ဝိုက်ရှိ လူငယ်များလာရောက် အပျော်တမ်းတောင်တက်လေ့ရှိကြသည်။

“အခုအစီအစဉ်က ကားတောင်ပေါ်မှာမနားဘူး နေ့ချင်းပဲ ချင်းဒေါက်ရွာကနေတက်ပြီး၊ ညနေပြန်ဆင်းဖို့အစီအစဉ်ပါ” ဟုလူငယ်ခေါင်းဆောင်းမှ ပြောပြသည်။

အလားတူပင် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် စစ်တွေသာသနာပိုင်နယ်၊ အင်္ဂလီကန်လူငယ်များအသင်းအနေဖြင့် ၂၀၁၂-ခုနှစ်၊ နိုဝင်ဘာလ(၁၆-၁၈) ရက်ထိ၊ လူငယ်များမိတ်သဟာယအစီအစဉ်ကို ကီမိုတောင် (ကျောက်ပန်းတောင်) ပေါ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ၎င်းအဖွဲ့သည် ပလက်ဝသို့ နိုဝင်ဘာ ၂၀ရက်နေ့ကပြန်လည်ရောက်လာပြီဟုသိရသည်။

အိုက်တင်း

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger