ခူမီးတို့ရဲ့သမိုင်းဝင် ကီမိုတောင်ကို သဘာဝဘေးမဲ့တောဆောင်ရွက်ရန် လေ့လာပြီ

Thursday, November 29, 20120 မှတ်ချက်



ပလက်ဝ၊ နိုဝင်ဘာ ၃၀---ပလက်ဝမြို့နယ်တွင် သဘာဝအလျှောက်တည်ရှိသော ကီမိုတောင်ကို သဘာဝဘေးမဲတောအဖြစ်ထားရှိရန်   နိုင်ငံတော်မှဆောင်၇ွက်နေကြောင်း သစ်တောဦးစီးဌါန ရုံးတွင်တာဝန်ထမ်းဆောင်နေသော ဦးဟွေ့ပုန်းမှခူမီးမီဒီယာသို့ပြောပါသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ထင်ရှားသော တောင်များ များစွာရှိသည့်အနက် ကီမိုတောင်သည် ဒေသအတွင်း   ရေပန်းအစားဆုံးသော တောင်တစ်တောင်ဖြစ်သည်။ ၎င်းနောက်တွင် တာန်လာမ်မွဲ (ခေါ်) ကားတောင်သည် ဒုတိယရေပန်းအစားဆုံး တောင်ဖြစ်သည်။ ကီမိုတောင်ပေါ်တွင် ရှေ့ယခင်ခူမီးမင်းများဖြစ်ကြသော အောင်န်မာမ်း၊ လိုက်မာမ်း ညီနောင်တို့ မင်းပြုစိုးစံခဲ့သည်ဟု သမိုင်းရာဇ၀င်များအရသိရှိရသည်။ ကျယ်ပြန့်လှသော ကျောက်တောင်ကြီးဖြစ်ပြီး၊
အထီးတောင်နှင့် အမတောင်ဟူ၍လည်း နှစ်မျိုးခွဲခြားခေါ်ဝေါ်လေ့ရှိတတ်သည်ကို ယနေ့အထိတိုင်တွေ့ရသည်။

ကီမိုတောင်ခြေရင်းတွင်ရှိသောကျေးရွာများဆမီးဘက်သို့ပြောင်းရွေ့ကြ၇န်
အခြေအနေရှိနေကြောင်းလည်း၎င်းကဆက်လက်ပြောပြသည်။သစ်တောနှင့်ပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဆောင်ရွက်တာဖြစ်ကြောင်း၊ကီမိုတောင်ကို နိုင်ငံခြားသား
များစိတ်ဝင်စားလာအောင်ဖေါ်ဆောင်မည်ဖြစ်ကြောင်း၊ဟိုတစ်လောက လိပ်မျိုးစိပ်
ရှာဖွေထိန်းသိမ်းရေးအဖွဲ့ နိုင်ငံခြားသားတစ်ဦးနှင့်မြန်မာအဖွဲ့ ကီမိုတောင်တက်ပြီး
သဘာဝရှူခင်းများ၊ကြည့်ရှုလေ့လာမှုပြုခဲ့ပြီး ကီမိုတောင်၏ သဘာဝတည်ရှိမှုများ အလွန်ပင်သဘောကျကြောင်း စသည်ဖြင့် ကြားသိရသည်။

အမြင့်ပေ ၄၂၆၉-ပေ မြင့်သော ကီမိုတောင်သည်တစ်နေ့တစ်ချိန်တွင် ကမ္ဘာကစိတ်ဝင်စားနိုင်သောနေရာဖြစ်နိုင်ကြောင်းနှင့်  မပြင်မဆင်သောလက်ရှိအနေအထားပင် တကယ့်လှပသောရှုခင်းကြီးအမျှ မှတ်ချက်ပြုခဲ့ရကြောင်း ၄င်းနိုင်ငံခြားသားမှ မှတ်ချက်ပေးခဲ့ကြောင်းကို လမ်းပြအဖြစ် ပို့ဆောင်သူတစ်ဦးမှ ပြောပြခဲ့သည်ဟုသိရှိရသည်။

ကီမိုတောင်အားဘေးမဲ့တောအဖြစ်ပြုပြင်ထိန်းသိမ်းမည့်ကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ် သစ်တောနှင့် သတ္တုရေးရာဝန်ကြီး ဦးကျော်ငြိမ်းမှ “ ချင်းပြည်နယ်မှာ နတ်မတောင်ကလွဲလို့ တစ်ခြားကမ္ဘာလှည့်ခရီးသည်တွေပေါက်ရောက်တာနည်းသေးတယ်။ မီးခိုးမထွက်ဘဲ ၀င်ငွေဖြောင့်မယ့် အစီအစဉ်တစ်ရပ်အနေနဲ့ ပုံဖော်ပြီး အပန်းဖြေစခန်းတစ်ခု ဖြစ်လာဖို့မျှော်လင့်ရင်း ကီမိုတောင်ကိုပြုပြင်ဖို့ရည်ရွယ်ထားပါတယ်။ ယခုနတ်မတောင် အုပ်ချုပ်ရေးမှူးကိုယ်တိုင် လေ့လာတိုင်းတာခဲ့တာပါ။ လေ့လာမှု ငါးကြိမ်လုပ်ပြီးသွားပြီ။ပြည်နယ်ကိုအစီရင်ခံစာတင်ပြီးရင် ပြည်နယ်အစိုးရက စီစစ်သွားအုံးမှာပါ” ဟု ခူမီးမီဒီယာ၏မေးမြန်းချက်အပေါ်ဖြေကြားပေးခဲ့သည်။

ဘေးမဲ့တောအဖြစ်လျာထားသော အကျယ်အ၀န်းမှာ ဧက ၃၂၇၆၈ ရှိသည်ဟုသိရပြီး ချင်းပြည်နယ်မြို့နယ်များအတွင်း ချိတ်ဆက် ဆက်သွယ်မည့်အရေးပါသောကားလမ်းများအနက် တစ်ခုဖြစ်သည့် မတူပီ-ဆမီး-ပလက်ဝကားလမ်းကို ဖောက်လုပ်ပြီးပါက ချင်းပြည်နယ်အတွင်းရှိအထင်ကရ သဘာဝအလှနေရာများအထဲတွင် နတ်မတောင်၊ ရိဒ်ရေကန်နှင့်အတူ ကီမိုတောင်လည်း တစ်ခုအပါအ၀င် ဖြစ်လာနိုင်ဖွယ်ရှိလေသည်။

ကီမိုတောင်အနီးအနားရှိရပ်ရွာများရွေ့ရဖွယ်ရှိနိုင်သော အကြောင်းများနှင့်ပတ်သက်၍ ချင်းပြည်နယ် သစ်တောနှင့် သတ္တုရေးရာဝန်ကြီးဦးကျော်ငြိမ်းမှ ပြောသည်မှာ “ရွာအနည်းအကျဉ်းတော့ ရွေ့ခိုင်းဖို့အခြေအနေပေးရင်ပေးလာနိုင်ပါတယ်။ ဒါပေမဲ့ ဆိုင်ရာပိုင်ရာတွေတော့ပေးပါလိမ့်မယ်” ဟုပြောသည်။

ကီမိုတောင်၏သဘာဝအလှသည် အလွန်တင့်တယ်လှသောကြောင့် တစ်နေ့တစ်ချိန်တွင် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်သော ချင်းပြည်နယ်၏ အပန်းဖြေရာ နေရာတစ်ခုဖြစ်လာမည်ဟုမျှော်လင့်ကြောင့် ဒေသခံခူမီးရပ်မိရပ်ဖများက သုံးသပ်မှတ်ချက်ချလျက်ရှိသည်။

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger