၂၀၁၂-ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်၊ ခူမီးရိုးရာနှစ်သစ်ကူးပွဲ (ရန်ကုန်) တွင်ဖက်ရွက်မည့် စာတမ်းလွှာ

Thursday, November 29, 20121မှတ်ချက်



မင်္ဂလာအပေါင်းနှင့် ပြည့်စုံလှတဲ့ ခုလိုနေ့အချိန်မှာ ခူမီးရိုးရာနှစ်သစ်ကူးပွဲသို့ ကြွရောက်
အားပေးကြပါသော ခူမီးတိုင်းရင်းသား/သူများနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်
ဖြာကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုမွန်ချွေလျက် နုတ်ခွန်းဆက်သအပ်ပါတယ်ရှင့်၊
ဒီကနေ့ကျင်းပတဲ့ ဒီဇင်ဘာလ(၁)ရက်နေ့ဟာ ခူမီးတိုင်းရင်းသားအားလုံးရဲ့အစဉ်အလာမပျက်ကျင်းပ
ခဲ့တဲ့ခူမီးရိုးရာနှစ်သစ်ကူးဖြစ်ပါတယ်ရှင့်၊ လူမူရေးဦးတည်ချက်(၄)ရပ်မှာပါတဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး
နှင့်ယဉ်ကျေးမူအမွေအနှစ်များ၊အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင်ထိန်သိမ်းစောင့်ရှောက်ရေး၊
မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးနှင့်အညီ ရိုးရာနှစ်သစ်ကူးပွဲကို ယခုလိုကျင်းပရခြင်းဖြစ်ပါသည်။


တိုင်းရင်းသားညီအစ်ကိုမောင်နှမများရှင့်၊ ၂၀-၁၁-၂၀၀၄-တွင်
စတင်ဖွဲ့စည်းခဲ့တဲ့ ခူမီးစာပေနှင့်ယဉ်ကျေးမူကော်မတီမှ သတ်မှတ်ရွေးချယ်တဲ့ ခူမီးနှစ်သစ်ကူးပွဲကို နှစ်စဉ်ကျင်းပနိုင်ခဲ့ပါ
သည်။ ရှေးယခင်က ခူမီးနှစ်သစ်ကူးပွဲကို သီးခြားမကျင်းပဘဲ တအိုင်စားပွဲနှင့်အတူ ပူးတွဲကျင်းပခဲ့ကြောင်း
သိရှိခဲ့ရပါသည်။ တအိုင်စားပွဲ၏ နောက်တစ်နေ့တွင် ခူမီးနှစ်သစ်ကူးပွဲကို ဆက်တိုက်ကျင်းပရခြင်းသည်
တစ်နှစ်တာ၏ အခါရာသီနှင့်ကိုက်ညီမူမရှိပေ၊ သီးခြားစီမကျင်းပလို၍ ကြိုတင်ကျင်းပခြင်းဖြစ်သည်။ အခါရာသီ
နှင့်ကိုက်ညီအောင် သီခြားခွဲ၍ ကျင်းပရန် သဘောမပေါက်ခဲ့ကြပေ။ တအိုင်စားပွဲပြီးဆုံးသည့် ကေဒဿမလ
ဖြစ်သော နိုဝင်ဘာလ(၁)ရက် သို့မဟုတ် (၂)ရက်နေ့တွင် ကျင်းပကြသည်မှာ ၁၉ ရာစုကုန်သည်အထိဖြစ်
သည်။ ယခုအခါတွင် အခါရာသီနှင့်ကိုက်ညီအောင် ၁-၁-၂၀၀၆-နေ့ ခူမီးစာပေနှင့်ယဉ်ကျေးမူကော်မတီ၏
အစည်းအဝေးဆုံးဖြတ်ချက်အရ၊ ဒီဇင်ဘာလ(၁)ရက်နေ့တွင် ကျင်းပရန် လမ်းညွှန်ခဲ့ပါသည်။ ခူမီးစာပေနှင့်
ယဉ်ကျေးမူကော်မတီမှ ကြီးမူး၍ ရိက္ခာရပ်ကွက်၊ ပလက်ဝမြို့တွင် စည်စည်ကားကား ကျင်းပနိုင်ခဲ့သည်မှာ
ယနေ့ထိသုံးကြိမ်တိတိရှိပြီ ဖြစ်ပါတယ်ရှင့်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများရှင့်- ခူမီးနှစ်သစ်ကူးပွဲကိုစည်ကားသိုက်မြိုက်စွာ ကျင်းပရခြင်းသည် ခူမီးစာပေနှင့် ယဉ်ကျေးမူထုံးတမ်းများ မှေးမှိန်ပပျောက်ခြင်းမရှိရအောင် မျိုးဆက်သစ် လူငယ်များအား လက်ဆင့်ကမ်း အမွေအနှစ်ပေးအပ်ခြင်းလည်း ဖြစ်ပါတယ်ရှင့်။


ခူမီးရိုးရာနှစ်သစ်ကူးပွဲ ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ နှစ်ဟောင်းမှမကောင်းမူများ၊အခက်
အခဲများ၊ အနှောင့်အယှက်များ ပပျောက်ပြီး နှစ်သစ်တွင် တစ်နှစ်တာ ကာလပတ်လုံး လူသစ် စိတ်သစ်နှင့်အတူ
မင်္ဂလာရှိတဲ့အလုပ်အကိုင်၊ အတွေးအခေါ်အကြံကောင်း၊ ဥာဏ်ကောင်းများရရှိကာအောင်မြင်မူအပေါင်း
ခညောင်းနိုင်ရန် အတိတ်ကောင်း၊ နမိတ်ကောင်းများဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါတယ်ရှင့်။
ကျွန်မတို့ ခူမီးတိုင်းရင်းသားများဟာ အရိုးခံရိုးသားဖြူစင်ပြီး တောင်ယာလုပ်ငန်းဖြင့် အသက်မွေးကြရ
ပါတယ်ရှင့်၊ တောင်ယာလုပ်ငန်းတွင် နောင်နှစ်အတွက် တောင်ယာလုပ်ငန်းအသစ်စတင်ရန် အောက်တိုဘာလ
နောက်ဆုံးရက်(၃၁)တွင် ကောက်ပဲသီးနှံရိတ်သိမ်းပြီးသည့် အထိမ်းအမှတ် တအိုင်စားပွဲကို ပြုလုပ်ရပါသည်။
နိုဝင်ဘာလ သချိုင်းဖွင့်ပွဲရှိပါက ပြီးစီးအောင်ပြုလုပ်၍ ဒီဇင်ဘာလ(၁)ရက်နေ့တွင် နှစ်သစ်ကူးပွဲကျင်းပပြီး
တောင်ယာလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းအသစ်တို့ကို စတင်လုပ်ကိုင်ရပါသည်။အစီအစဉ်အတိုင်းပြုလုပ်ပါက
စီးပွားရေးလာဘ်လာဘများ တိုးပွားမှာဖြစ်ပါတယ်လို့ ရှေးလူကြီးများက မိန့်မှာခဲ့ကြပါတယ်၊ နှစ်သစ်၏ကောင်း
ကျိုးများခံစားရန် အလို့ငှါ ယနေ့ထိ စဉ်ဆက်မပြတ် ရိုးရာပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်ရှင့်။

လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကို မောင်နှမများရှင့်-
နောင်နှစ်များတွင်လည်း ဒီထက်မက ပိုမိုစည်ကားအောင် အစဉ်အလာမပျက် ကျင်းပနိုင်ဖို့
မျိုးဆက်သစ် ခူမီးလူငယ်များ၏ သမိုင်းပေးတာဝန်ဖြစ်ပါကြောင်းနှင့် မိမိလူမျိုးတို့၏ယဉ်ကျေးမူကို ချစ်မြတ်နိုးပါ၊
တန်ဖိုးထားပါ၊ ထိန်းသိမ်းစောင့်ရှောက်ကြပါလို့ တိုက်တွန်းလိုပါတယ်ရှင့်။
ကျွန်မတို့ ခူမီးတိုင်းရင်းသားရဲ့ နှစ်သစ်ကူးပွဲကို အောင်မြင်အောင်အဖက်ဖက်မှ
ကူညီပံ့ပိုးပေးသူများကိုလည်းကောင်း၊ အထူးသဖြင့်လူအား၊ ငွေအားဖြင့်ကူညီကြသော မျိုးဆက်သစ်
ခူမီးမောင်မယ်များအားလုံးကို ခူမီးစာပေနှင့် ယဉ်ကျေးမူကော်မတီကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းနှင့်
ကြွရောက်ချီးမြှင့်ကြပါသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမအပေါင်းတို့ စိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ကျန်းမာခြင်းပြည့်စုံကာ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုမွန်ချွေဆန္ဒပြုရင်း နိဂုံးချုပ် အပ်ပါသည်။

(ကွန်ပရိုက်)
စာတမ်းပြုစုသူ-ဦးနီထွန်းအောင်(ဆရာနီ)

ကိုးကားချက်
(၁)ခူမီးရိုးရာအတာ နှစ်သစ်ကူးမင်္ဂလာအခါတော်နေ့ သိကောင်းစရာ။
(ခူမီးစာပေနှင့်ယဉ်ကျေးမူကော်မတီ)
(၂)ခူမီးရိုးရာတအိုင်စားပွဲ ထုံးတမ်းစဉ်လာ သိကောင်းစရာ။
(ခူမီးစာပေနှင့် ယဉ်ကျေးမူကော်မတီ)
(၃)၂၀၁၀-ခုနှစ်၊ ခူမီးရိုးရာ နှစ်သစ်ကူးပွဲတော် သဘာပတိအဖွင့်မိန့်ခွန်း။

Share this article :

+ မှတ်ချက် + 1 မှတ်ချက်

Ai Eaung Mo Len Theingri
29 November 2012 at 08:18

ဒုတိယစာပိုဒ်မှ စာသားပြင်ဆင်ရန်လိုအပ်ချက် - ( ) ထဲကစာသားကိုဖြုတ်ရန်။ ။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများရှင့်၊ (၂၀-၁၁-၂၀၀၄-တွင်
စတင်ဖွဲ့စည်းခဲ့တဲ့ ခူမီးစာပေနှင့်ယဉ်ကျေးမူကော်မတီမှ သတ်မှတ်ရွေးချယ်တဲ့ ခူမီးနှစ်သစ်ကူးပွဲကို နှစ်စဉ်ကျင်းပနိုင်ခဲ့ပါ
သည်။) ခူမီးလူမျိုးတို့သည် ရှေ့ယခင်မှစ၍ ယနေ့တိုင် ခူမီးနှစ်သစ်ကူးပွဲကို နှစ်စဉ်နှစ်တိုင်းကျင်းပလျှက် ရှိပါသည်။ ရှေးယခင်က ခူမီးနှစ်သစ်ကူးပွဲကို သီးခြားမကျင်းပဘဲ တအိုင်စားပွဲနှင့်အတူ (ပူးတွဲကျင်းပခဲ့ကြောင်း
သိရှိခဲ့ရပါသည်။) ပူးတွဲကျင်းပပြီး၊ တအိုင်စားပွဲ၏ နောက်တစ်နေ့တွင် ခူမီးနှစ်သစ်ကူးပွဲကို ဆက်တိုက်ကျင်းပ (ရခြင်းသည်
တစ်နှစ်တာ၏ အခါရာသီနှင့်ကိုက်ညီမူမရှိပေ၊) ခဲ့ပါသည်။ ထိုသို့ကျင်းပရခြင်းမှာ ပွဲအဆင်ပြေချော့မောစေရန်နှင့် သီးခြားစီမကျင်းပလို၍ ကြိုတင်ကျင်းပခြင်း ဖြစ်သည်။ (အခါရာသီ
နှင့်ကိုက်ညီအောင် သီခြားခွဲ၍ ကျင်းပရန် သဘောမပေါက်ခဲ့ကြပေ။) (တအိုင်စားပွဲပြီးဆုံးသည့် ကေဒဿမလ
ဖြစ်သော နိုဝင်ဘာလ(၁)ရက် သို့မဟုတ် (၂)ရက်နေ့တွင် ကျင်းပကြသည်မှာ ၁၉ ရာစုကုန်သည်အထိ ဖြစ်
သည်။) ခူမီးနှစ်သစ်ကူးပွဲကို တအိုင်စားပွဲကျင်းပပြီးဆုံးသည့် ကေဒဿမလဖြစ်သော နိုဝင်ဘာလ(၁)ရက် သို့မဟုတ် (၂)ရက်နေ့တွင် ကျင်းပကြသည်မှာ ၁၉ ရာစုကုန်သည်အထိ ဖြစ်
သည်။ (ယခုအခါတွင် အခါရာသီနှင့်ကိုက်ညီအောင် ၁-၁-၂၀၀၆-နေ့ ခူမီးစာပေနှင့်ယဉ်ကျေးမူကော်မတီ၏
အစည်းအဝေးဆုံးဖြတ်ချက်အရ၊ ဒီဇင်ဘာလ(၁)ရက်နေ့တွင် ကျင်းပရန် လမ်းညွှန်ခဲ့ပါသည်။) ခူမီးစာပေနှင့်ယဉ်ကျေးမူကော်မတီ၏ ၁-၁-၂၀၀၆-နေ့တွင်ပြုလုပ်သော အစည်းအဝေးဆုံးဖြတ်ချက်မှ သတ်မှတ်ချက်အရ ယခုအခါတွင် အခါရာသီနှင့်ကိုက်ညီအောင် ဒီဇင်ဘာလ(၁)ရက်နေ့တွင် ကျင်းပရခြင်း ဖြစ်ပါသည်။ ခူမီးစာပေနှင့်
ယဉ်ကျေးမူကော်မတီမှကြီးမှူး၍ ရိက္ခာရပ်ကွက်၊ ပလက်ဝမြို့တွင် စည်စည်ကားကား ကျင်းပနိုင်ခဲ့သည်မှာ
ယနေ့ထိ (သုံးကြိမ်) သုံးနှစ်တိတိရှိပြီ ဖြစ်ပါတယ်ရှင့်။

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger