ကလေးဗဟိုပြုချဉ်းကပ်နည်းတစ်ပတ်သင်တန်း ပလက်ဝတွင်ပြုလုပ်

Thursday, November 29, 20120 မှတ်ချက်



ပလက်ဝ၊ နိုဝင်ဘာ ၂၉---ချင်းပြည်နယ်၊ ပလက်ဝမြို့ ရိုမန်ကစ်သလစ် ဘုရားရှိခိုးကျောင်းတွင်နိုဝင်ဘာလ(၂၃)ရက်မှ(၂၉) အထိ နယ်ကျေးရွာများမှ စပါးတောင်းပြ ခူမီးမောင်မယ်လူငယ်(၃၅)ခန့်အား ကလေးဗဟိုပြု ချဉ်းကပ်နည်းသင်တန်းပြုလုပ်နေကြောင်းသတင်းရရှိသည်။

သင်တန်းပို့ချသူများမှာ ရန်ကုန်မှလာသော ကရင်အမျိုးသမီိး(၂)ဦးဖြစ်ကြောင်းသင်တန်းသားတစ်ဦးဖြစ်သူ ကိုအိုက်စံ(ကျီးလေရွာ)မှခူမီးမီဒီယာသို့ပြောပါသည်။ သင်တန်းတွင်သင်ခန်းစာသက်သက် မဟုတ်ပဲ၊ အခြားကလေးများစိတ်ဝင်ဖွယ်သော ကစားနည်းများကိုလည်း သင်ယူရကြောင်းထပ်မံပြောပါသည်။


“အခုလိုသင်တန်းများများတက်ရရင်ကောင်းမယ်။ ကိုယ်က စာသာပြနေရတာ ကလေးတွေစိတ်ဝင်စားမှုရှိအောင် ဘယ်လိုလုပ်ရကောင်းမှန်းသိခဲ့တယ်မဟုတ်ဘူး။ သင်ရိုးကုန်ရင်စာကျေတယ်လို့ထင်ခဲ့တာ..အခုသင်တန်းမှာ သင်ကြားမှုတွေက အတော်လေးကိုကောင်းပါတယ်..တစ်ခြားအစိုးရက ခန့်ထားတဲ့ ဆရာမတွေလည်း ဒီလိုသင်တန်းမျိုး တက်သင့်တယ်” ဟု လေ့လာသူတစ်ဦးမှပြောပြသည်။

သင်တန်းက တော်တော်ပျော်စရာကောင်းကြောင်း ကျောက်ဖျာကျေးရွာမှ သင်တန်းသူ မပြင်လုံးမှ ထပ်ဆင့်ပြောပါသည်။ ကလေးတွေအတွက်တော်တော်ကောင်းတဲ့သင်ခန်းစာများဖြစ်ပြီး
ကျေးရွာမှာလည်း တတ်စွမ်းသမျှပြန်လည်ပို့ချသွားမည်ဟုပြောပါသည်။

ယခုကဲ့သို့သော သင်တန်းမှာ ပလက်ဝတွင် ပထမဆုံးအကြိမ်ဖြစ်မည်ဟု ခန်းမှန်းရသည်။

(အိုက်တင်း)
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger