ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် စဉ်းစားရမည့်အချက်များ

Wednesday, November 28, 20120 မှတ်ချက်


ချင်းပြည်နယ်ရှိ လူထုအခြေအနေသည် () ရာခိုင်နှုန်းကျော်မှာ ဆင်းရဲမွဲတေမှုစာရင်း အောက်တွင် နေထိုင်ကြသည်ဟု ယူအဲန်ဒီပီ အစီရင်ခံစာထဲတွင် ဖော်ပြထားပါသည်။ ဆင်းရဲရခြင်း၏ အကြောင်းများတွင် အဓိက အကြောင်း အရင်းများသည် လွတ်လပ်စွာ အသက်မွေးလုပ်ငန်း လုပ်ကိုင်နိုင်ခွင့်မရှိခြင်း၊ လိုအပ် သည့် ပံ့ပိုးကူညီမှု မရရှိကြ ခြင်း၊ ပြည်သူများ အသိပညာ နှင့် ဗဟုသုတ နည်းပါးခြင်း၊ လမ်းဆက်သွယ်ရေး ညံ့ဖျင်းခြင်း၊ ဆက်သွယ်ရေး စနစ် အလွန်အားနည်းခြင်း စသည်တို့ ဖြစ်ပါသည်။ ဆင်းရဲသော လူအဖွဲ့ အစည်းတွင် ဒုန်တွဲ ပါဝင်သော ငြင်းပယ်၍ မရသော အချက်များမှာ ပညာရေး အဆင့် နိမ့်ကျခြင်း၊ ကျန်းမာ ရေးအဆင့် နိမ့်ကျခြင်း၊ လူမှုဆက်ဆံရေး အဆင့် နိမ့်ကျခြင်း စသည်တို့ ဖြစ်သည်။
 
ထို့ကြောင့် ဖွံ့ဖြိုးရေး လုပ်ငန်းလုပ်ဆောင်ရာတွင် အောက်ပါ ပရိုဆဲစ် သုံးခုဖြင့် စဉ်စားရမည်။
၁။ လူထု လှုပ်ရှားဆောင်ရွက်မှု လုပ်ငန်းစဉ်
၂။ အဖွဲ့အစည်းများ၊ ဌါနဆိုင်ရာများ ဆောင်ရွက်မှု လုပ်ငန်းစဉ်
၃။ ပညာသည်များ၏ မူဝါဒဆိုင်ရာ ခွဲခြမ်းစိပ်ဖြာမှု လုပ်ငန်းစဉ်

၁။ လူထု လှုပ်ရှားဆောင်ရွက်မှု လုပ်ငန်းစဉ်
လက်တွေ့ကျ ဦးစားပေးလုပ်ကိုင်ရမည့် လုပ်ငန်းများကို သေချာစွာ သိရှိနိုင်ရန် လူထုအသံ၊ လူထုဆန္ဒကို သိရှိထားဖို့ လိုအပ်သည်။ လူထုဆန္ဒကို ထင်ဟ စေသည့် ဖွံ့ဖြိုးရေး လုပ်ငန်းဖြစ်ပေါ်လာစေရန် လူထုသည် လွတ်လပ်စွာ ပြောဆိုဆွေးနွေးမှု ရှိစေရမည်။ လူထု ဖွံ့ဖြိုးရေး ဆွေးနွေးပွဲကို ကျေးရွာအဆင့်၊ မြို့နယ်အဆင့် ပြည်နယ်အဆင့်ဟူ၍ အဆင့်ဆင့် ဖြစ်ပေါ်လာစေရန် စီမံပေးရမည်။ လူထုကို ဖွံ့ဖြိုးရေးတွင် တကယ့် နှိုး ကြားတက်ကြွလာအောင် လုပ်နိုင်မှသာ လက်တွေ့ အောင်မြင်မှု ရရှိလာမည် ဖြစ်သည်။ အမိန့် ညွန်ကြား များဖြင့် လူထု နှိုးကြားမှုကို မလှုံ့ဆော်နိုင်ပါ။ သူတို့၏ ခံစားချက်များကို များများ ပြောဆိုစေခြင်း၊ နားထောင် ပေးခြင်း၊ ကူညီအားပေးခြင်းများ ဖြင့်သာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

၂။ အဖွဲ့အစည်း၊ ဌါနဆိုင်ရာများ ဆောင်ရွက်မှု လုပ်ငန်းစဉ်
အဖွဲ့အစည်း၊ ဌါနဆိုင်ရာများ၏ ရည်မှန်းချက်များ မူဝါဒများ ဦးတည်ချက်များသည် လက်တွေ့ လူထုဘ၀နှင့် ဆက်စပ်မှု ရှိစေရမည်။ ထို့ကြောင့် လူထုဘ၀ အခြေအနေမှန်ကို လေ့လာဆန်းစစ် အကဲဖြတ်ခြင်း၊ လိုအပ် သည့် သုတေသနလုပ်ငန်းများ လုပ်ကိုင်ခြင်း မရှိမဖြစ်လိုအပ်ပါသည်။ လုပ်ငန်းစဉ် ပန်းတိုင်များသည်လည်း SMART ဖြစ်စေရမည်။ (S=Specific, M=Measurable, A= Achievable, R=Relevant and T=Time bound)။ ဥပမာ အားဖြင့် ချင်းပြည်နယ် အတွင်းရှိ တောင်သူများသည် ၅ နှစ်အတွင်း အမြဲတမ်းစိုက်ပျိုး ကွက်များဖြင့် အသက်မွေးဝမ်းကျောင်းနိုင်သူ ၅၀% တိုးပွါးစေရန် (၀ါ) ၅၀% ရှိစေရန် စသဖြင့် ပန်းတိုင် ထားရှိရမည်။ 

၃။ ပညာသည်များ၏ မူဝါဒဆိုင်ရာ ခွဲခြမ်းစိပ်ဖြာမှု လုပ်ငန်းစဉ်
ဤ လုပ်ငန်းစဉ်တွင် စံနမူနာထားသင့်သော နိုင်ငံတကာလုပ်နည်းလုပ်ဟန်များ၊ ဒေသတွင်း လုပ်နည်း လုပ်ဟန်များနှင့် လိုအပ်သော မူဝါဒများကို လေ့လာ စုစည်းပေးရမည်။ လက်ရှိ မူဝါဒ၊ တည်ဆဲဥပဒေများ နှင့် ဆက်စပ်မှုတို့ကိုလည်း ဝေဖန် ထောက်ပြပေးရမည်။ လိုအပ်သည့် ဥပဒေသများ မူဝါဒများကိုလည်း အကြံပြုပေးရမည်။
ဖွံဖြိုးရေး လုပ်ငန်းစဉ်များသည် အောက်ပါ အချက်များနှင့် ပြည့်စုံစေရမည်။
၁။ လွတ်လပ်မှု နှင့် တရားမျှတမှု ရှိရမည်
၂။ ကုန်ကျစရိတ်အလိုက် ရလဒ်အကျိုးအထိရောက်ဆုံး ဖြစ်စေရမည်
၃။ တကယ့် လူထု လိုအပ်ချက်ကို ယောင်ပြန်ဟပ် စေရမည်
၎။ ထိရောက်သည့် လူ့စွမ်းအားကို တည်ဆောက်ပေးနိုင်ရမည်

၁။ လွတ်လပ်မှုနှင့် တရားမျှတမှုရှိခြင်း
ပြည်သူများ၏ လွတ်လပ်စွာ လုပ်ကိုင် အသက်မွေးဝမ်းကျောင်းမှုကို ထိခိုက်စေသော မည်သည့် အမိန့် ဥပဒေသ ကန့်သတ်ချက်နှင့် အခက်များကို မဆို ဖယ်ရှားပေးနိုင်ရမည်။ လွတ်လပ်စွာ တောင်ယာ၊ ဥယဉ်ခြံ လုပ်ကိုင်နိုင်စေရမည်။ ဤအချက်တွင် ဗျူရိုကရက်တစ်ဆန်လွန်းသော မြေယာကို မှတ်ပုံတင်ခြင်း ဖြစ်စဉ်  များလည်း အပါအ၀င်ဖြစ်သည်။ မြေယာမှတ်ပုံတင်ခြင်းသည် တောင်သူတစ်ဦးအတွက် အခက်အခဲ မဖြစ်ရ လေအောင် သက်ဆိုင်ရာ ဌါနမှ သော်လည်းကောင်း အဖွဲ့အစည်းများမှ သော်လည်းကောင်း ကူညီ ဆောင် ရွက်ပေးရေး အစီအစဉ် ရှိရမည်။ ၎င်းတို့၏ မြေယာပိုင်ဆိုင်မှုကိုလည်း အာမခံချက် ရှိစေရမည်။ ဘယ်တော့ မှ ဘယ်အခြေအနေအောက်မှာမှ ဘာအကြောင်းပြချက်နှင့်မှ သိမ်းဆည်းမည် မဟုတ်ကြောင်း သေချာ စေရမည်။ ဘိုးဘွားအစဉ်အဆက် မြေယာပိုင်ဆိုင်မှုကို စနစ်တကျမှတ်တမ်းပြုစုကာ မှတ်ပုံတင်ပေးရမည်။ ပိုင်ဆိုင်မှု အာမခံချက်မရှိလျှင် လွတ်လပ်မှုဆိုတာ မဖြစ်နိုင်ပါ။ လွတ်လပ်စွာ အစုအဖွဲ့များ ဖွဲ့၍ အချင်းချင်း ကြား နည်းနာများ အတွေ့အကြုံများ အတွေးအခေါ်များ ဖလှယ်လာနိုင်အောင် ဖန်တီးပေးရမည်။

၂။ ကုန်ကျရကျိုး အထိရောက်ဆုံးခြင်း
ကုန်ကျစရိတ် အတူတူ လုပ်ငန်းများစွာ ရှိပါသည်။ ပြည်သူလူထုအတွက် သော်လည်းကောင်း ဆိုလိုရင်း လုပ်ငန်းအတွက် သော်လည်းကောင်း အထိရောက်ဆုံးဖြစ် မဖြစ်ကို သေချာဆန်းစစ်ရန် လိုအပ်ပါသည်။ ပြီး ခဲ့သည့် ၂၀၀၀-၂၀၀၅ အတွင်း ချင်းပြည်နယ် ၅ မြို့နယ်အတွက် ယူအဲန်ဒီပီ၏ အသုံးစရိတ်သည် အမေရိ ကန် ဒေါ်လာ ၂၆ သန်း ရှိသည်ဟု သိရပါသည်။ ကုန်ကျရကျိုး အထိရောက်ဆုံး ဖြစ်ခဲ့မည်ဆိုလျှင် ချင်းပြည် သည် အဆင်းရဲဆုံး စာရင်းဝင်မဟုတ် မည်မှာ မြေကြီး လက်ခတ် မလွဲပါ။ ကျပ် သန်းပေါင်း ၂၀၈၀၀ ဖိုး ယူအဲန်ဒီပီ လုပ်ငန်း ချင်းပြည်နယ်တွင် မဆိုစလောက်ပေ။ ၎င်းကဲ့သို့သော နည်းလမ်းများကို ရှောင်ရှားနိုင် ရ မည်။ မလိုအပ်သော ကြားခံများ ဖယ်ထုတ်ပစ်ရမည်။ ငွေကုန် ကြေးကျသော နည်းနာများ ပထုတ်ပစ် ရမည်။ 

၃။ လူထု လိုအပ်ချက် ယောင်ပြန်ဟပ်ရှိခြင်း
 ဖွံ့ဖြိုးရေး လုပ်ငန်းများ ကို ရွေးချယ်လုပ်ကိုင်ရာတွင် ပြည်သူ လူထု၏ လိုအပ်ချက်ကို ယောင်ပြန် ဟပ်စေရမည်။ စားစရာ မရှိသော ပြည်သူများအား လျှပ်စစ်မီး စီမံကိန်း ပြုလုပ်ပေးခြင်းသည် မဆီမဆိုင် ဖြစ် နေပါသည်။ ဆင်းရဲသားတောင်သူတွေကို လေယဉ်ပျံစီးခိုင်းဖို့ မကြိုးစားသင့်ပါ။ ကလေးကို ကျောင်းမထား နိုင်မှန်း မသိရပဲ ပညာရေးတရားလည်း မဟောသင့်ပါ။ သူတို့၏ လက်တွေ့ဘ၀ကို ထင်ထင်ပေါ်ပေါ် မြင် နိုင်ရပါမည်။ ကျနော်တို့၏ ဖြစ်ချင်ရာ ဆန္ဒကို နောက်မှာ ထားရပါမည်။ ပြည်သူလူထု စားဝတ်နေရေး ပြေ လည်ဖို့ နည်းလမ်းများစွာအနက် လက်တွေ့ ဘ၀ကို ထင်ဟပ်မှု အရှိဆုံးသည် စိုက်ပျိုးရေးပင် ဖြစ်မည်မှာ ခန့်မှန်း၍ ရပါသည်။

၎။ လူထု စွမ်းအားတည်ဆောက်ခြင်း
ပြင်ပက အတတ်ပညာရှင်များကို အားကိုး အသုံးချခြင်းဖြင့် တစုံတရာ အကျိုးဖြစ်ထွန်းစေပါသည်။ ၎င်း လုပ် ငန်းသည် လက်တွေ့ လူထုစွမ်းအားကို မြင့်တင်နိုင်ရန်သာ အဓိက ဖြစ်နိုင်ပါသည်။ သူတို့အပေါ်မှာ ရာနှုန်း ပြည့် မှီခို၍ မရပါ။ သူတို့ကို အသုံးချသည့် အခါ တိုင်းတာ ရမည်မှာ လုပ်တတ်ကိုင်တတ် လူထု အရေတွက် မည်မျှ တိုးပွါးပြီလဲ ဆိုတာပဲ ဖြစ်ပါသည်။ အဓိက က လူထုမှာ အင်အား (၀ါ) စွမ်းအား ရှိရပါမည်။
ဖွံ့ဖြိုးရေးအတွက် အခြေခံမူ
၁။ တက်ကြွသော လူထုပါဝင်မှု ရှိစေရမည်
၂။ ရေရှည် တည်တံ့ခိုင်မြဲမှု ရှိစေရမည်
၃။ လူထုသည် အဆုံးစွန် ပိုင်ဆိုင်သူ ဖြစ်စေရမည်
အထက်တွင် တင်ပြထားသည့် အချက်များကို စဉ်စား ဆင်ခြင်ဖြီး ကိုယ်အမျိုးသား၊ ကိုယ်ရပ်ရွာများတွင် စနစ်တကျ အသုံးချ တက်မြောက်စေရန် အတွက် ဖွံဖြိုးရေး လုပ်ငန်းကို ဆောင်ရွက်ရာတွင် စဉ်စားပေးပါရန် နှင့် ခူးမီ အမျိုးသားများနှင့် ခူးမီး ပြည် တိုးတက်နှိင်ပါစေလို ဆုတောင်း အပ်ပါသည်။

သတိမူရမည့် အချက်
မူဝါဒ တချက်သည် လူထုကို ချမ်းသာစေနိုင်သကဲ့သို့ လူထု ဆင်းရဲသထက် ဆင်းရဲတွင်းနက်စေနိုင်ပါသည်။ ထို့ကြောင့် အထက်ပါ အကြံပြုချက်ကို လေးနက်စွာ လက်ခံပေးစေလိုပါသည်။
အိုက်ဆောင်မဒိန်း
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger