ပလက်ဝ၊ နိုဝင်ဘာ --- (၇)ဦးပါဝင်သော Chin Youth Forum အဖွဲ့သည်
အနယ်နယ်အရပ်ရပ်သို့ တွေ့ဆုံဆွေးနွေးပွဲကျင်းပရန် ခြေဆန့်လျှက်ရှိရာ ယခုအခါ ချင်းပြည်နယ်တောင်းပိုင်းအစွန်တွင်တည်ရှိသော
ပလက်ဝမြို့သို့ ဦးတည်လာလျှက်ရှိသည်။
“အခုရခိုင်ပြည်နယ်၊
ကျောက်တော်မြို့ကိုရောက်နေပါတယ်။ မနက်ဖြန် ပလက်ဝဘက်ခရီးဆက်သွားမယ်။ ရန်ကုန်-
ကျောက်တော် ခရီးစဉ်တစ်လျှောက်လမ်းကမကောင်း၊ ၀န်ဆောင်မှုညံ့ဖျင်းမှုနှင့်အတူ
ခရီးဆက်ခဲ့တာပါ” ဟု CYF အမှုဆောင်တစ်ဦးမှပြောသည်။
CYF အဖွဲ့အား KYA အဖွဲ့ဥက္ကဌ မှ ကျောက်တော်တွင် သွားရောက်ကြိုဆိုခဲ့ပြီး
ပလက်ဝတွင် သင် တန်းကို
နိုဝင်၂၉-၃၀ရက်များအတွင်း ကီမို ခမ်းမတွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရှိရသည်။
နိုဝင်၂၉-၃၀ရက်များအတွင်း ကီမို
“ကီမို ခမ်းမမှာပြုလုပ်ဖို့ သတ်ဆိုင်ရာဌာနတွေရဲ့
ခွင့်ပြုချက်နှင့်ဆောင်ရွက် တာပါ။ ဒီကနေ့ကျောက်တော်တွင်ပလက် ၀လူငယ် ခေါင်းဆောင်ဦးစတီဗဲန်
ချင်းလူငယ်အဖွဲကိုကြိုနေတယ်။ သင် တန်းသားများအနေဖြင့် ပလက်ဝမြို့နယ်တွင်းမှာရှိတဲ့
ချုင်းလူ ငယ်တွေကို ဖိတ်ကြားထားပါတယ်။ စုစုေ ပါင်းအယောက် (၈၀)လောက်ရှိမယ်ထင်တယ်။”
ဟုKYA အတွင်းရေးမှူး ဦးဝှေ့တင်းမှ ခူမီးမီဒီယာသို့ပြောသည်။
သင်တန်းတက်ရောက်သူတွေအတွက်
သင်တန်းရက်ြေ ကးအဖြစ် တစ်ရက် ၂၀၀၀ကျပ် စီစဉ်ပေးရန် ရည်ရွယ်ထားသောကြောင့် လေ့လာလိုသူများ
အနေဖြင့် စာရင်းပေးသွင်း တက်ရောက်နိုင်ပါကြောင်း ၎င်းကဆက်ပြောခဲ့သည်။
(အိုက်တင်း)




Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။