ဒေါက်တာဂျိမ်းစ်မင်းဒိန် ကိုရီးယားခရီးမှ သားတော်၏မင်္ဂလာရက်အမီ ပြန်လာမည်

Friday, November 23, 20120 မှတ်ချက်



ပလက်ဝ၊နိုဝင်ဘာ ၂၄---မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်(အင်္ဂလီကန်) စစ်တွေသာသနာပိုင်နယ်၏ နယ်စီးသာသနာပိုင်ဒေါက်တာဂျိမ်းစ်မင်းဒိန်နှင့် ဂိုဏ်းထောက်ကြီးမိုးဇက်ထွန်းပတို့သည် ယမန်နေ့ ည (၇း၀၀) ခန့်တွင် ကိုရီးယားသို့ အသင်းတော်ဆိုင်ရာများလေ့လာပြီး မိတ်သဟာယသွားရောက်ပြုလုပ်ရန်အတွက် ရန်ကုန်မှ ထွက်ခွါမည်ဖြစ်သည်။

ကိုးရီးယားတွင် တစ်ပတ်ခန့်နေထိုင်ပြီး နိုဝင်ဘာ(၂၈)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

လာမည့် ဒီဇင်ဘာ ၁ရက်နေ့ (စနေနေ)့၊ ညနေ ၄း၀၀ နာရီတွင်
စစ်တွေသာသနာပိုင် ဒေါက်တာဂျိမ်းစ်မင်းဒိန် နှင့် ဒေါ်အေးအေးထွန်းတို့၏ သားကြီး အိုက်ဂျိုးဇက် နိုင်ထွန်းမင်း (Final Year -Geography)၊ လက်ရှိ Silk Garment Industrial Co., Ltd ၀န်ထမ်းနှင့် ဦးခင်ဇော် + နော်ကပေါ်စေး တို့၏ ဒုတိယသမီး အွေ့ဟန်နာ အိအိခင်ဇော် (B.Sc -Botany)၊ Silk Garment Industrial Co., Ltd ၀န်ထမ်းတို့သည် ခရစ်ယာန်ထုံးတမ်းစဉ်လာအတိုင်း သန့်ရှင်းသော တြိနတိကသီဒြယ်ဘုရားကျောင်းတွင် ထိပ်မြှားမင်္ဂလာဆောင်နှင်းမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

လိပ်စာအတိအကျမှာ -အမှတ် ၄၄၆၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ ဗိုလ်ချုပ်ဈေးအနီး ဖြစ်သည်။

ခူတေဇ

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger