လှူဒါန်းငွေများကို အဆတိုးရေးဆောင်ရွက်မည်ဟု KYAပြော

Friday, November 23, 20120 မှတ်ချက်



ပလက်ဝ၊ နိုဝင်ဘာ ၂၃--- ပလက်ဝမြို့ခူမီးလူငယ်များအသင်းအတွက် ပြည်ပ(သြစတေးလျ နိုင်ငံ)နေ အိုက်အောင်မိုးလင်းနှင့် ဒိန်းမတ်နိုင်ငံနေ အိုက်ဝှေ့ဆောက်တို့မှ ကူညီငွေ(၄၂၀၀၀၀)ကျပ်တိတိကို နိုဝင်ဘာ(၉)ရက်နေ့လူငယ်အတွင်းရေးမှူး ဦးဝှေ့တင်းမှ ကောင်းမွန်စွာ လက်ခံရရှိခဲ့သည်။ 

၎င်းရရှိသောရံပုံငွေများကို ခူမီးလူငယ်များအနေဖြင့် အဆ တိုးပွါးနိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ထိုကဲ့သို့ မိမိတို့ခူမီးလူငယ်များအတွက်ပြည်ပနေ ညီ-အစ်ကိုများမှ
ပူးပေါင်းပြီးဝိုင်းဝန်းရိုင်းပင်းကူညီပေးသည့်အတွက် လူငယ်များအနေဖြင့် ၀မ်းသာဂုဏ်ယူမိပါကြောင်း ခူမီးမီဒီယာသို့ပြောသည်။ 

“အခုလိုပါဝင်တဲ့အတွက် အရမ်းကိုဝမ်းသာပါတယ်” ဟုကိုအိုက်တင်းမှပြောသည်။

ပလက်ဝ ခူမီးလူငယ်များအနေဖြင့် မိမိတို့လူမျိုးများ ဘက်စုံဖွံ့ဖြိုးရေးတိုးတတ်ရေးအတွက် တတ်နိုင်သမျှ ဆက်လက်ဆောင်ရွက်နေလျက်ရှိပြီး နောင်များမှာလည်းပြည်ပနေ/ရောက်ညီ-အစ်ကိုမောင်နှမများ ထံမှအလှုငွေများပါဝင်ခြင်းဖြင့် အမျိုးသားရေးချစ်စိတ်ဓါတ်များနှင့် ဆက်လက်၍ ၀ိုင်းဝန်း လက်တွဲ ကူညီစေချင်ပါကြောင်းပြောသည်။ 

ပလက်ဝခူမီးလူငယ်များ အနေဖြင့် ရည်ရွယ်ချက်(၇)ခုဖြင့် ဆက်လက်အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပါကြောင်းလည်း ပြောသွားခဲ့သည်။

အိုက်တင်း
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger