ပလက်ဝမြို့နယ် ခရိုင်ရရှိရေး ကော်မတီမှ လုပ်ငန်းစဉ်များတိုးမြှင့်ဆောင်ရွက်မည်

Friday, November 23, 20120 မှတ်ချက်



ပလက်ဝ၊ နိုဝင်ဘာ ၂၃--- ပလက်ဝမြို့နယ် ခရိုင်ရရှိရေးအစည်းအဝေးကို အောက်တိုဘာ(၃၁)ရက် တအိုင်စာပွဲတွင် ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးချက်(၁)တွင် ပလက်ဝခရိုင်ရရှိရေးဆောင်ရွက်ရေးဆောင်ရွက်ရန် ရံပုံငွေကို မျိုးနွယ်စု(၂၄)ခုမှ တစ်မျိုးနွယ်စုလျှင် (၅၀၀၀၀)ကျပ်ထည့်ဝင်ရန်ဆုံးဖြတ်ပြီး အခုအထိ(၉)မျိုးနွယ်စုမှ ထည့်ဝင်ပြီးဖြစ်သည်။ ကျန်မျိုးနွယ်စု(၁၅)ခုများမှာ မထည့်ဝင်ရသေးကြောင်း ခရိုင်ရရှိရေး အကောင်ထည်ဖေါ်ရေး ကော်မတီအတွင်းရေးမှူး ဆရာကြီး ဦးပြည်ယိုးမှ ခူမီးမီဒီယာသို့ပြောပါသည်။

“ဒီလိုလုပ်တာက ကိုယ့်မြို့နယ် တိုးတက်ရေးအတွက်ပါ”ဟုပြောသည်။


ပလက်ဝခရိုင်ရရှိရေးကော်မတီကိုလည်း ယခုနှစ် စက်တင်ဘာလ ၁၉ နေ့က ပလက်ဝမြို့တွင် ဒေသခံပြည်သူတို့က ဖွဲ့စည်းခဲ့ပြီး အမှုဆောင်များအဖြစ် ဦေးကျာ်ထွန်း ဥက္ကဌ၊ ဦးလှဝင်း ဒု-ဥက္ကဌ အပါဝင် အဖွဲ့ဝင် (၃၁)ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးခဲ့ကြပါသည်။ ခရိုင်ရရှိရေးကော်မတီသည်  ကိုယ်ပိုင်အုပ်ချုပ်းရေး ဒေသရရှိရေးကို ဦးတည်၍ ပလက်ဝခရိုင်ရရှိရေးဆောင်ရွက်ရန်၊  မြို့နယ်ဆိုင်ရာကိစ္စများနှင့်ပတ်သက်၍  အခြေခံဥပဒေနှင့်အညီ မြို့နယ်တွင်းရှိ ပြည်သူလူထုနှင့် မြို့နယ်အထက်လွှတ်တော်၊ အောက်လွှတ်တော်ကိုယ်စားလှယ်တို့၏ သဘောထားကို ဖော်ထုတ်ရယူရန်နှင့် ပွင့်လင်းမြင်သာမှု ရရှိရေးဆောင်ရွက်ရန်၊  ပလက်ဝမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင် ပြည်တို့ကြားရှိဆန္ဒသဘောထားကို တစ်ဦးနှင့်တစ်ဦး  လေးစားလိုက်နာဆောင်ရွက်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ရန် စသည့် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပါသည်။

ပလက်ဝမြို့နယ်သည် ၁၈၉၅-ခုနှစ် မှ ၁၉၄၈-ခုနှစ်ထိ ခရိုင်(NORTHERN ARAKAN DISTRICT) အဖြစ် (၈၃)နှစ်ကြား ခရိုင်အဆင့်၊ ဖြစ်ခဲ့ပြီး၊ ၁၉၄၈-လွှတ်လပ်ရေးရသည်မှ ယနေ့ထိ မြို့နယ်အဆင့် ဖြစ်ခဲ့ပါသည်။ မင်းတပ်(ခရိုင်မြို့)နှင့် ဟါးခါး(ချင်းပြည်နယ်မြို့တော်) သို့ကားလမ်းမရှိ။ ရခိုင်ပြည်နယ်၊ မကွေ့တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း တို့ကို ဖြတ်ကျော်လွန်မိုင်(၆၀၀)ကျော်၊ ကားဖြင့် (၄/၅)ရက်ခရီး အသွားအပြန် (၁၀)ရက်မှ (၁၄)ရက်ကြာတက်သည်။ သို့ဖြစ်၍ ပြည်နယ်နှင့် ခရိုင်တာဝန်ရှိသူများ တစ်နှစ်တစ်ကြိမ်ပင် မလာရောက်နိုင်ကြပေ။

အုပ်ချုပ်ရေးလက်လှမ်းမမီလွန်း၍ ချင်းအက်ဥပဒေ ပုဒ်မ(၂၄)အရ၊ ချင်းရေးရာဝန်းကြီးဌါန၏ ၁၈-၂-၁၉၉၅ ရက်စွဲပါအမိန့်ကြော်ငြာ စာအမှတ်(၁၉)နှင့် (၃-၁၀-၁၉၉၅)ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်(၃၇)တို့ဖြင့် ပလက်ဝနယ်ပိုင်ဝန်ထောက်အား၊ အရေးပိုင်၏ လုပ်ပိုင်ခွင့် အာဏာအားလုံးကို အပ်နှင့်အုပ်ချုပ်ခဲ့လာပါသည်။ ၁၉၆၂ခုနှစ် မတ်လ ၁ရက်နေ့တွင် ပလက်ဝသီခြား ခရိုင်ခွဲ ဖြစ်လာခဲ့သည်။

ပလက်ဝမြို့နယ် ဒေသခံတို့က ပလက်ဝခရိုင်ပေးရန်၊ ချင်းပြည်နယ်အစိုးရအဖွဲ့သို့ ၂၀၁၁-ခုနှစ်အတွင်းကပင် တရားဝင်စာဖြစ် တင်ပြခဲ့ပါသည်။ မိုင်(၁၀၀)ခန့်ဝေးသော တီးတိန်ခရိုင်နှင့် မိုင်(၄၀)ကျော်ဝေးသော ဟါးခါးခရိုင်တင်ပြချက် နှစ်ခုကိုသာ ၂၀၁၂ ဇွန်လအတွင်း မဲခွဲဆုံးဖြတ်၍ ဟါးခါးခရိုင်ရရှိသွားပါသည်။ မိုင်(၆၀၀)ကျော်ဝေးသော ပလက်ဝခရိုင်တောင်းဆိုတင်ပြချက်ကိုမူ ငြင်းပယ်ခံခဲ့ရကြောင်း ကော်မတီဥက္ကဌမှပြောပြသည်။ 

ယခုအခါ ဆမီးမြို့နယ်ခွဲ ဖွဲ့စည်းခွင့်ရ၍ ၀မ်းသာကြိုဆိုပါသော်လည်း၊ သံထောင်မြို့နယ်ခွဲရရှိရေးကိုလည်း ချန်ထားလို့မဖြစ်၊ ဆက်လက်ကြိုးစားသွားပါမည်ဖြစ်ကြောင်းသိရှိရသည်။

ကော်မတီမှ ချင်းအက်ဥပဒေ ပုဒ်မ (၂၄)အရ၊ ချင်းပြည်နယ် ၀န်ကြီးချုပ်က ပလက်ဝမြို့နယ်၊ ထွေ/အုပ်- ဦးစီးဌါနမှူးအား၊ အရေးပိုင်၏လုပ်ပိုင်ဖွင့် အာဏာအားလုံးကို အပ်နှင်းပေးရေးကိုလည်း ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်းသိရှိရသည်။

အိုက်တင်း
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger