ခူမီးရိုးရာ ၀တ်စုံ ဖက်ရှင်ဒီဇိုင်းများ ပြန်လည်ဖော်ထုတ်မည့်အစည်းအဝေးတစ်ရပ်ကျင်းပ

Friday, November 23, 20122မှတ်ချက်



ပလက်ဝ၊ နိုဝင်ဘာ ၂၃--- ချင်းပြည်နယ်၊ပလက်ဝမြို့နယ် ခူမီးတိုင်းရင်းသားမျိုးနွယ်စုအနေဖြင့် မြန်မာနိုင်ငံတွင်ကျင်းပမည့် ၂၀၁၃ခုနှစ် (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှ
ဆီးဂိမ်းအားကစားပြိုင်ပွဲတွင်ရိုးရာဝတ်စုံများဖြင့် တင်ဆက်နိုင်ရေးအတွက် ခူမီးရိုးရာဝတ်စုံတိတိကျကျရှိရေး ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို နိုဝင်ဘာ(၁၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမူးရုံး၌ ကျင်းပဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။

မြို့နယ်ဒုဦးစီးမှူးဦးကိုးအောင်မှဦးဆောင်၍ဆရာဝှေ့ပ၊ဦးထောင်ဆွေး၊ဦးအိုက်ဧလိယာ၊ဆလိုင်း
အောင်ပ၊ဦးအောင်ထိန်း၊ဦးနီထွန်းအောင်၊ဦးတင်သောင်း၊ဦးထောင်စိုး၊ဦးဝှေ့တင်း၊ဦးဦးထွန်း၊ဦးစံမြ

ဦးဝေတန်း၊ဒေါ်ကံကိုးတို့တက်ရောက်ခဲ့ကြပြီး ယောက်က်ျားဝတ်တိုက်ပုံအင်္ကျီ၊လောင်းကုတ်၊တီရှပ်များကို ခူမီး
အမှတ်အသားပါအရောင်အသွေးများဖြင့်ထုတ်လုပ်မည်ဖြစ်ကြောင်း၊ ယောက်က်ျားဝတ်ခူမီးလုံချည်ကိုလည်း
ယခင်ထက်ပိုမိုထင်ဟပ်စေအောင်ပြောင်းလဲကြရန်နှင့်အမျိုးသမီးဝတ်၊၀တ်စုံများကိုလည်း အသင့်တော်ဆုံး
ဒီဇိုင်းရေးဆွဲပြီးပြောင်းလဲအဆင့်မြင့်မြင့် ဒီဇိုင်းဖော်ကာ ထုတ်လုပ်သွားရန်စသည်ဖြင့် ဆွေးနွေးခဲ့သည်။

“ခူမီးဝတ်စုံတွေက အရမ်းကိုရိုးနေပြီ။ ဒါကြောင်းလည်း ကိုယ့်ခူမီးရိုးရာဝတ်စုံထက် တစ်ခြားမျိုးနွယ်စုတွေရဲ့ ၀တ်စုံတွေကို ပိုဝတ်ဖြစ်တယ်၊ ကျမတို့ရဲ့ ရိုးရာဝတ်စုံက အပြင်သွားရင် ၀တ်ဖို့မကောင်းဘူး။ အလှဝတ်လို့ရမယ့် ဒီဇိုင်းတွေနဲ့ဖန်တီးဖို့လိုနေပြီ” ဟု ရန်ကုန်တွင် အခြေချနေထိုင်ခဲ့သူ ခူမီးပျိုတစ်ဦးမှ ပြောသည်။

နိုဝင်ဘာ(၁၁)ရက်နေ့၊ နေ့လည်(၂)နာရီတွင် အထက်ပါ အစည်းအဝေးဆုံးဖြတ်ချက်အရ
ခူမီးရိုးရာဝတ်စုံ ပေါင်းစုံယူဆောင်လာကြပြီး ပန်းချီပညာရှင်များဒီဇိုင်းရေးဆွဲနိုင်ရေးအတွက်
မှတ်တမ်းဓါတ်ပုံများရိုက်ထားကြပါသည်။ ဒီဇိုင်း ပညာရှင်များအဖွဲ့ခေါင်းဆောင် ဦးဝေတန်း
ဒု-ခေါင်းဆောင်-ဆလိုင်းအောင်ပ၊ဦးအိုက်ဧလိယာ၊ဦးအောင်ထိန်း၊ဦးထောင်စိုး၊ဦးထွန်းရွှေ၊
ဦးဝှေ့တင်း၊ဦးအောင်ကိုက်၊ဒေါ်ကံကိုး၊ဒေါ်နန်းဆွေတို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

ဒီဇိုင်းသစ်များကိုနိုဝင်ဘာ(၂၄-၂၅) အပြီးရေးဆွဲမည်ဖြစ်ကြောင်း နှင့် အခုရေးဆွဲမည့် ရိုးရာဝတ်စုံဒီဇိုင်းများသည်ခူမီးတို့၏ရည်ရှည်တည်တံ့ထင်ရှားစေမည့် ၀တ်စုံဒီဇိုင်းများအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒု-ဦးစီးမှူးဦးကိုးအောင်မှဆွေးနွေးခဲ့လေသည်။

“ အခုလိုလုပ်သင့်တာကြာပါပြီ။ ခူမီးရိုးရာဝတ်စုံတွေကို တခြားလူမျိုးနွယ်စုတွေလို ခေတ်နဲ့အညီ သားနားအောင်ဖန်တီးသင့်ပါပြီ။” ဟု အစည်းအဝေးတွင်တက်ရောက်ခဲ့သူ ဦးဝှေ့တန်းမှ ခူမီးမီဒီယာသို့ပြောသည်။

တက်ရောက်လာကြသောဒီဇိုင်းပညာရှင်နှင့် အလှဖန်တီးရှင်များကလည်းမိမိတို့ခူမီးရိုးရာ
ဝတ်စုံအတွက် ၀ိုင်းဝန်းပါဝင်ဆွေးနွေးပြီး အစည်းအဝေးအား ညနေ(၄း၃၀)နာရီတွင်အဆုံးသတ်ခဲ့သည်။

အိုက်တင်း

Share this article :

+ မှတ်ချက် + 2 မှတ်ချက်

Anonymous
23 November 2012 at 01:02

naemcho nihna ly sa aly ngai y, baichu sa byly hawi bo. Naemchy kavui ly baichu hawi nihna ngai ai.

Ai Eaung Mo Len Theingri
3 December 2012 at 08:00

ခူမီးလူမျိုးတို့အနေဖြင့် ယနေ့တိုင် ခူမီးရိုးရာကို အစဉ်အလာမပျက် မပျောက်မပျက်အောင် ထိန်းသိမ်းနိုင်ခဲ့သည်ကို ဂုဏ်ယူရမှာဖြစ်တယ်။ ခူမီးလူမျိုးဖြစ်ရင် ခူမီးလူမျိုးသင်္ကေတဖြင့် ခူမီးလူမျိုးနဲ့တူအောင်၊ ရိုးရာဆန်ဆန်နေတာက အကောင်းဆုံး၊ မွန်မြတ်ဆုံး၊ ဂုဏ်ကျက်သရေအရှိဆုံး ဖြစ်ပါတယ်။ ဘာကြောင်းလည်းဆိုတော့ ခူမီးရိုးရာဆိုတာ ဘိုးဘေးဘီဘင်တွေက အဓိပွါယ်ရှိရှိနဲ့ ရာဇဝင်သမိုင်းကြောင်းကို အခြေခံပြီး သီကုံး ဆင်မြန်းထားတဲ့အရာ ဖြစ်တယ်။ ခူမီးရိုးရာဆိုတာ ခူမီးလူမျိုးတို့၏ အမွန်အမြတ်ဆုံး သင်္ကေတလက္ခဏာ ဖြစ်တယ်။ ဒါနဲ့ ခူမီးရိုးရာကို ပြောင်းလို့လုံးဝ မဖြစ်ဘူး၊ ခူမီးရိုးရာကို ပြောင်းလို့ရှိရင် ခူမီးလူမျိုးရဲ့ အနက်အဓိပွါယ်လည်းပြောင်းသွားမှာ သေချာဖြစ်တယ်။ ရိုးရာဆိုတာ ရိုးသွားပြီ၊ ခေတ်မမီတော့ဘူးဆိုတာ မရှိပါဘူး။ ရိုးရာဆိုတာ ခေတ်နဲ့မဆိုင်ဘဲ၊ သမိုင်းအစဉ်အလာ ရာဇဝင်နဲ့သာ သက်ဆိုင်တဲ့အရာ ဖြစ်ပါတယ်။ ရိုးရာဆိုတာ ဖက်ရှင်ဒီဇိုင်းတွေ မဟုတ်သလို အလှအပအတွက် ဖန်တီးထားတဲ့အရာလည်း မဟုတ်ပါဘူး၊ ဒါနဲ့ ရိုးရာလို့ခေါ်တာ ဖြစ်တယ်။ ခူမီးလူမျိုးတို့အနေဖြင့် လူမျိုးခြားတွေ ရိုးရာဝတ်စုံတီထွင်နေတာကို အားမကျပါနဲ့။ လူမျိုးခြားတွေမှာ ရိုးရာပျောက်နေလို့ ဟိုထွင် ဒီထွင် ကြံဖန်လုပ်နေကြတာဖြစ်တယ်၊ အဲလိုကြံဖန်တီထွင်တာကို လိုက်မယောင်မိဖို့  သတိထားဖို့ လိုပါတယ်။ လူမျိုးခြားတွေရဲ့ ရိုးရာမရှိတဲ့အဖြစ်နောက်ကို မလိုက်ရင်အကောင်းဆုံးပါ၊ ကျွန်ဘဝဖြစ်မယ့် အလုပ်တွေကို ဝေးဝေးကရှောင်ရင် အကောင်းဆုံးပါ။ ခူမီးလူမျိုးတို့၏ အဓိကသမိုင်းပေးတာဝန်မှာ အခုရှိနေတဲ့ခူမီးရိုးရာကို မပျောက်မပျက်အောင် ဆက်လက်ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။ ခူမီးလူမျိုးအပေါင်းတို့ အစဉ်အလာမပျက် ရှိပြီးသားရိုးရာကို မပျောက်မပျက်ပါစေနဲ့၊ ကမ္ဘာတည်သရွေး တည်တံ့စေပါ၊ ဆက်လက်ထိန်းသိမ်းကြပါ၊ သမိုင်းပေးတာဝန် ကျေပွန်ကြပါ။

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger