ဆမီးမြို့နယ်ခွဲဖွင့်ပွဲ ၁၂/၁၂/၁၂ ရက်နေ့စည်ကားစွာကျင်းပမည်

Sunday, December 02, 20120 မှတ်ချက်



ရန်ကုန်၊ ဒီဇင်ဘာ ၃--- ဇူလိုင်လ ၃၁၊ ၂၀၁၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌါနမှ တရားဝင် အမိန့် ကြော်ငြာစာ/ပြန်တမ်းဖြင့် အတည်ပြုထုတ်ပြန်ကြေငြာလိုက်ပြီဖြစ်သော ဆမီးမြို့နယ်ခွဲအား ဒေသခံများ၏အင်အားဖြင့်စုစည်းလျက် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မြို့နယ်ခွဲဖွင့်ပွဲအခမ်းအနားကို စည်ကားတိုက်မြိုင်စွာကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှ ဧရိယာ စတုရန်းမိုင် ( ၁၆၂၇) ကျယ်ဝန်းသောဆမီးမြို့နယ်ခွဲ
ဖွင့်ပွဲအခမ်းအနားကို ကျပ်သိန်းပေါင်း ၄၀ ကျော်ကုန်ကျခံ ကျင်းပပြုလုပ်ရန်ရည်မှန်းထားကြောင်း အစီအစဉ်ဖြစ်မြှောက်ရေးကော်မတီဝင်တစ်ဦးမှ အကြောင်းကြားသည်။


“ကုန်ကျ စ၇ိတ် ခန့်မှန်းချေက ကျပ်သိန်း(၄၀) ဖြစ်တယ်” ဟု၎င်းကပြောသည်။

“ဖွင့်ပွဲပြုလုပ်ဖို့ ၁၂/၁၂/၂၀၁၂ နေ့ရက်ကို ရွေးချယ်သတ်မှတ်ထားတာ တကယ်ကောင်းတဲ့ အိုင်ဒီယာတစ်ခုပဲ”ဟု ရန်ကုန်၊ ရှစ်မိုင်အနီးတွင်ရှိသော မြိုင်ဟေ၀န်စားတော်ဆက်တွင် မန်နေဂျာတာဝန်ထမ်းဆောင်နေသူ အိုက်ပိုင်မင်းမှ အစီအစဉ်ဖြစ်မြှောက်ရေး ကော်မတီတို့၏ နေ့ရက်သတ်မှတ်ချက်အပေါ် ထောက်ပြချီးမွမ်းခဲ့သည်။

အစီအစဉ် အသေးစိပ်ကိုမကြာမီ ရက်များအတွင်း ထုတ်ဖော်ပြောပြနိုင်မည်ဟုလည်း သိရှိရသည်။

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger