ဒုတိယအကြိမ်ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေးရေးအတွက် ချင်းအမျိုးသားတပ်ဦး ကိုယ်စားလှယ်များထွက်ခွါခြင်း သတင်းထုတ်ပြန်ချက်

Sunday, December 02, 20120 မှတ်ချက်



၁။ ချင်းအမျိုးသားတပ်ဦး ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စု အစိုးရနှင့်ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး ရန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၀၃ ရက်နေ့တွင် ပါတီဗဟိုဌာနချုပ်မှ အမှတ် (၂) အိန္ဒိယ - မြန်မာကုန်သွယ်ရေးလမ်း ကြောင်းအတိုင်း စတင်ထွက်ခွါသွားကြပြီဖြစ်သည်။ ထိုမှ တဆင့် စစ်ကိုင်းတိုင်း ကလေးမြို့မှ ရန်ကုန်မြို့သို့ လေကြောင်း ခရီးဖြင့် ဆက်လက်ထွက်ခွါသွားကြမည်ဖြစ်သည်။

၂။ ချင်းအမျိုးသားတပ်ဦး နှင့် ပြည်ထောင်စုအစိုးရတို့ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၇ - ၈) ရက်နေ့များအတွင်း ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

၃။ ချင်းအမျိုးသားတပ်ဦး ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် ဒီဇင်ဘာလ (၉) ရက်နေ့မှ (၁၂) ရက်အထိ
ရန်ကုန်မြို့ရှိ နိုင်ငံရေးပါတီများ၊ ချင်းမိဘပြည်သူများ၊ ချင်းတက္ကသိုလ်ကျောင်းသားလူငယ်များနှင့် ဆက်လက်တွေ့ဆုံသွားကြမှာဖြစ်ပြီး တဆက်တည်း ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၂၁ ရက်အထိ စစ်ကိုင်းတိုင်းကလေး - ကဘော်ဒေသရှိ ချင်းပြည်သူလူထု၊ ချင်း ပြည်နယ် ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ တီးတိန်မြို့ပေါ်ရှိ ပြည်သူလူထု နှင့် တွေ့ ဆုံကြမည်။ ထို့အပြင် ချင်းပြည်နယ် အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်ထားကြသည်။

၎။ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးရာတွင် ချင်းအမျိုးသားတပ်ဦး ဖက်မှ ငြိမ်းချမ်းရေးကိုယ်စား လှယ်များအဖြစ် Pu Zing Cung ( အဖွဲ့ခေါင်းဆောင်)၊ Pu Thomas ThangNou ( ဒုတိယ အဖွဲ့ခေါင်းဆောင်)နှင့် အဖွဲ့ ၀င်များအဖြစ် Pu Paul Sitha, Dr. Suikhar (ပြောရေးဆိုခွင့်ရှိသူ) , Salai Kipp Kho Lian, Dr. Lian Hmung Sakhong, Pu H.C Ral Hnin, Pu Thang Yen, Pu Zo Tum Hmung, Pu Thang Ning Kee, Pu Bernard L. Chhangte, Colonel Solomon, Salai Thla Hei, Pu Hau kang, Pu Thawng Za Lian, Pu Ngai Ja Thang, Colonel Than Tun, Major Sang Lian Thang, Major Kha Pawng တို့ပါဝင်ကြမည်ဖြစ်ပြီး မီဒီယာ မှတ်တမ်း တာဝန်ခံအဖြစ် Pu Thet Ni ပါဝင်မည်ဖြစ်သည်။

၅။ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွင်  Kristine Gould (PACRIM Research Associates, USA) ၊ Mr. Yohei Sasakawa (Chairman, Nippon Foundation, Japan)၊ Mr. Yiji Mori (Nippon Foundation, Japan) ၊ Ms. Suzuka Yoshida (Nippon Foundation, Japan) Charles Petrie (Myanmar Peace Support Initiative –MPSI) တို့အပြင် Mai Chin Chin (Shalom Foundation, Yangon) ၊ Salai Bawi Lian Mang (Director, CHRO) တို့လည်း လေ့လာသူများအဖြစ် ပါဝင်တက်ရောက်ကြမည်။

၆။ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးရာတွင် ချင်းအမျိုးသားတပ်ဦးအနေဖြင့် ချင်းအမျိုးသားရေး ဆိုင် ရာ၊ စစ်ဖက်ဆိုင်ရာ၊ ဖွံ့ဖြိုးရေးဆိုင်ရာ၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များအပြင် ပထမ အကြိမ် ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် ဆက်လက်ဆွေးနွေးရန် သဘောတူညီထားသည့် အချက်များအား ထပ်မံဆွေးနွေးရန် စီစဉ် ထားကြသည်။

၇။ ချင်းအမျိုးသားတပ်ဦးသည် မြန်မာနိုင်ငံအတွင်း ထာဝရတည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးလမ်းစဉ်အပေါ် လျှောက်လှမ်း ရာတွင် ၂၀၁၂ ခုနှစ် တိုင်းရင်းသားညီလာခံမှ ချမှတ်ထားသည့် တိုင်းရင်းသားလူမျိုးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ် (၆)ချက် မှ သွေဖယ်သွားမည် မဟုတ်သည့် အပြင် ချင်းအမျိုးသားတို့၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ပြန်လည် ရရှိရေး၊ ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို လက်ကိုင်ပြုသွားမည်ဖြစ်ကြောင်း သတင်းထုတ် ပြန်လိုက်သည်။

Ref : CNF
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger