ရန်ကုန်၊
ဒီဇင်ဘာ ၃---Rev. ဗန်တလင်း မလေးရှားနိုင်ငံ ဂျဟိုဘာရူတွင် ယခုလ ၅ရက်မှ ၈ရက်တိုင် ပြုလုပ်မည့်
နိုင်ငံတကာဆိုင်ရာ Prophetic Conference ကိုတက်ရောက်ရန် ယနေ့မနက် ၈
နာရီလေယာဉ်ဖြင့် ရန်ကုန်မြို့တော်လေဆိပ်မှ ထွက်ခွါသွားကြောင်း သတင်းရရှိသည်။
ဆရာတော်သည်
ဒီဇင်ဘာလတစ်လပတ်လုံး မလေးရှားတွင်နေထိုင်သွားမည်ဖြစ်ပြီး ၎င်းကာလအတွင်း တချို့နေရာများတွင်
သင်တန်းပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
“တစ်လလုံးဟိုမှာနေမယ်။
နောက်နှစ် ဇန်န၀ါရီလ ၂ရက်နေ့လောက်မှ မြန်မာပြည်ကိုပြန်လာလိမ့်မယ်” ဟု ပြောသည်။
ဆရာတော်သည်
ခရစ်ယာန်စာပေလုပ်ငန်း နှင့် အသင်းတော်တစ်ပါးကို ဦးဆောင်ဦးရွက်လုပ်ကိုင်သူဖြစ်သည့်အပြင်
စာပေ၀ါသနာကြီးသူဖြစ်ပြီး မောင်ပြည့်စုံအညတရ ဟူသော ကလောင်အမည်ဖြင့်
ခရစ်ယာန်စာပေလောကထဲတွင် နေရာတစ်နေရာယူထားသူလည်းဖြစ်သည်။ စာအုပ်ပေါင်းများစွာကိုလည်း
အယ်ဒီတာ တာဝန်ယူထုတ်လုပ် ခဲ့သူဖြစ်သည်။


Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။