အစာလည်းဟုတ်၊ဆေးလည်းဖြစ်လို့ အဘွားအိုပြောတဲ့ ဂင်္ဂါဟင်း

Friday, December 21, 20121မှတ်ချက်



ပလက်ဝ၊ ဒီဇင်ဘာ ၂၁---- ပလက်ဝမြို့နယ်၊ မီးချောင်းကမ်းစပ်၊ ပြိုင်သောင်းကျေးရွာတွင် ငယ်စဉ်တောင်ကျေးကတည်းက နေထိုင်သူ ခူမီးတိုင်းရင်းသူအဘွားအိုတစ်ဦးဖြစ်သူ ဒေါ်----သည် ယနေ့အချိန်အထိဖျားနာသောရောဂါ မစွဲကပ်၊ မဖြစ်ဖူးကြောင်း သိရှိရသည်။

ထိုသတင်းနှင့်ပတ်သက်၍ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပြိုင်သောင်းကျေးရွာ တွင် နေထိုင်သော အဆိုပါအဘွားအိုထံ ခူမီးမီဒီယာမှ သွားရောက်မေးမြန်းခဲ့ရာ “အခု ဂင်္ဂါ ဟင်းခူးနေတာပါ၊ ဂင်္ဂါ ဟင်းဟာ တကယ်ကိုခါးတဲ့ ဟင်းတစ်မျိုးဖြစ်တယ်။ ဒါပေမဲ့ ဂင်္ဂါဟင်းရဲ့ အသုံးဝင်ပုံကတော့ အံ့မခန်းပါပဲ”ဟုပြောပြသည်။


အဘွားအို၏အဆိုအရ ဂင်္ဂါ ဟင်း သည် ဖျားနာရောဂါ၊ ခေါင်းကိုက်ဝေဒနာ၊ လေပူလေအောင်း၊ ဗိုက်ဆွဲ၊ ငှက်ဖျား စသော ဝေဒနာများ ကို ပျောက်ကင်းစေနိုင်စွမ်းရှိကြောင်း နှင့် ဂင်္ဂါဟင်း၏ပေါက်လေ့ပေါက်
ထားရှိသောနေရာများမှာ သဲသောင်ပြင်နှင့်ကျောက်စရစ်များရှိသောနေရာတွင်သာ ပေါက်
ရောက်တတ်ကြောင်းပါ သိနားလည်ရခဲ့သည်။

“အခုလိုကျွန်မ ကျန်းမာသန်စွမ်းနေသေးတာက အစာလည်းဟုတ်
ဆေးလည်းဖြစ်၊ သဘာဝအလျောက်ပေါက်ရောက်တဲ့ ဂင်္ဂါ ဟင်းကို နေ့စဉ် စားသုံးလို့ပါ” ဟု အဘွားအို၏ ပြောပြချက်အရ ဂင်္ဂါဟင်း၏စွမ်းပကားကို ဗဟုသုတတစ်ခုတဖွယ် တင်ပြလိုက်ရပါသည်။

အိုက်တင်း

Share this article :

+ မှတ်ချက် + 1 မှတ်ချက်

Anonymous
21 December 2012 at 03:02

A myn hawi saneng, angmuh, angpo, chapo, chanau leang majirei awm mo? A chein cha pai ra y ( Khumi thaijenta ) tajiu y nai my ( Khumi miteung nu ) tajiu khyly khri amlau ai nai ne. Sara sa nai ny y leang ba. Tamang nai awm byly pahen u khyh ba. Kawp:prai
Kanneth. Ai Hawi sau

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger