ဆမီးမြို့နယ်ခွဲဖွင့်ပွဲ သတ်မှတ်ထားသောနေ့တွင် မကျင်းပဖြစ်ခဲ့

Monday, December 24, 20120 မှတ်ချက်



ရန်ကုန်၊ ဒီဇင်ဘာ ၂၄ --- ဆမီးမြို့နယ်ခွဲ ဖွင့်ပွဲကို သတ်မှတ်သော ၁၂/၁၂/၁၂ နေ့ရက်တွင် မကျင်းပနိုင်ဘဲ ရွှေ့ဆိုင်းလိုက်ရကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ၃၁၊ ၂၀၁၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌါနမှ တရားဝင် အမိန့် ကြော်ငြာစာ/ပြန်တမ်းဖြင့် အတည်ပြုထုတ်ပြန်ကြေငြာလိုက်ပြီဖြစ်သော ဆမီးမြို့နယ်ခွဲအား ဒေသခံများ၏အင်အားဖြင့်စုစည်းလျက် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မြို့နယ်ခွဲဖွင့်ပွဲအခမ်းအနားကို ကျင်းပသွားရမည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ဆိုင်းလိုက်ရကြောင်း ပြောသည်။

လွှတ်တော်ကိုယ်စာလှယ်ဆလှိုင်းခွဲယန်မှ ဤသို့ပြောကြားသည် “ဆမီးမြိုနယ်ဖွင့်ပွဲကို ပြည်နယ်ဝန်းကြီးတစ်ဦးပါဝင်ဖို့
အစီစဉ်ရှိတယ်။ လောလောဆယ်မှာ သူတို့ခရီးလွန်နေတဲ့အတွက် သတ်မှတ်ထားတဲ့နေ့မှာ မကျင်းပဖြစ်သေးတာပါ” ဟုပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှ ဧရိယာ စတုရန်းမိုင် ( ၁၆၂၇) ကျယ်ဝန်းသောဆမီးမြို့နယ်ခွဲ
ဖွင့်ပွဲအခမ်းအနားကို ကျပ်သိန်းပေါင်း ၄၀ ကျော်ကုန်ကျခံ ကျင်းပပြုလုပ်ရန်ရည်မှန်းထားကြောင်း အစီအစဉ်ဖြစ်မြှောက်ရေးကော်မတီဝင်တစ်ဦးမှ ဆိုသည်။

ပြန်လည်ပြုလုပ်မည်အစီအစဉ် နေ့ရက်ကို မကြာမီ ရက်များအတွင်း ထုတ်ဖော်ပြောပြနိုင်မည်ဟုလည်း သိရှိရသည်။

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger