ပီကေစီနှင် ကေအီးစီတို့၏ခရစ္စမတ်ပွဲ အောင်မြင်စွာကျင်းပ

Wednesday, December 26, 20120 မှတ်ချက်



ရန်ကုန်၊ ဒီဇင်ဘာ ၂၆--- ခူမီးခရစ်ယာန် မိတ်သ (မလေးရှား)နှင့် ကေအီးစီ (ရန်ကုန်)၏ ယခုနှစ် ခရစ္စမတ်ပွဲတော်ကို ဘုရားသခင် ကျေးဇူးတော်ကြောင့် ကိုယ်စိတ်ဝိညာဉ် သုံးပါးလုံးပျော်ရွှင်စွာ ကျင်းပပြီးခဲ့ပြီဖြစ်သည်။ 

ခူမီးခရစ်ယာန် မိတ်သ (မလေးရှား)၏ ခရစ္စမတ်ဝတ်ပြုချီးမွမ်းကိုးကွယ်ခြင်းအစီအစဉ်သို့ ခူမီးလူငယ်များ ၊ ဗမာ၊ ကချင်၊ ကရင်၊ ပလက်ဝမြို့နယ် အနယ်နယအသီးသီးမှ မိတ်ဆွေများ အားလုံးပေါင်း ( ၁၀၀) ကျော် မကတက်ရောက်ပါဝင်ခဲ့ပြီး ကယ်တင်ရှင် ခရစ်တော် မွေးနေ့တော်ပွဲကို တစ်လုံးတစ်ဝတည်း ချီးမါမ်းကိုးကွယ်နိုင်ခဲ့သည်။


ခူမီးခရစ်ယာန် မိတ်သ (မလေးရှား) ခရစ်မတ်ပွဲတော်ကို ဒီဇင်ဘာ ၂၃ ရက် နေ့ မလေးရှား၊ ကွာလာလမ်ပူရှိ ပီကေစီစင်တာကျင်းပခြင်းဖြစ်ပြီး အေစီာင်္ရမှ တာဝန်ရှိသူများ နှင့် ပီကေစီမှ လူကြီးများတက်ကြွစွာ ပါဝင်ကြကြောင်းသိရှိရသည်။ 

အလားတူစွာပင် Khumi Evangelical Church (ရန်ကုန်)၏ ၂၀၁၂ ခုနှစ် ခရစ္စမတ်ဝတ်ပြုအစည်းအဝေးကိုလည်း ယမန်နေ့ ဒီဇင်ဘာ ၂၅ ရက်နေ့၊ K.E.C ဌာနချုပ်တွင် မယုံကြည်သူ အယောက် ၄၀၀ ခန့် နှင့်အတူ ပျော်ရွှင်ဝမ်းမြောက်စွာဖြင့်ကျင်းပလျှက်၊ ခရစ်တော်၏ကယ်တင်ခြင်း သတင်းကောင်းကို ဝမ်းမြောက်စွာဖြင့် ဝေငှခွင့်ရခဲ့ကြောင့် သိရှိရသည်။

ပီကေစီ၏အမှုဆောင်တစ်ဦးဖြစ်သော အိုက်စိန်အောင်မှ “ခရစ်မတ်ဖြစ်မြောက်အောင် အဖက်ဖက်မှ ဆုတောင်းပေးခြင်း၊ အလှူငွေအားဖြင့်ပါဝင်ခြင်း၊ လုပ်အားဖြင့်ပါဝင်ဖြင်း၊ အကြံဥာဏ်အားဖြင့်ပါဝင်ခြင်းတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်” ဟုပြောသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger