ကုလားတန်မြစ်ရေ ပိုမိုခမ်းခြောက်လာခြင်းကြောင့် ခရီးသွားများဒုက္ခရောက်ရခြင်း၏ နောက်ကွယ်တွင်

Thursday, December 27, 20120 မှတ်ချက်



ပလက်ဝ၊ ဒီဇင်ဘာ ၂၇ ---၂၀၁၂-ခုနှစ် ပလက်ဝမြို့နယ် ပြည်သူလူထု များ၏ အသက်သွေးကြော သဖွယ် အသုံးပြုရသော ကုလားတန်မြစ်ရေသည် ယခင်နှစ်ကထက် ယခုနှစ်တွင် သိသိသာသာပိုမိုခမ်းခြောက်လာသဖြင့် ၄င်း မြစ်ကြောင်းကို အဓိက အားထား ပြီး စီးပွားရေးလုပ်ကိုင်ကြသောသူများနဲ့ ခရီးသွားလာလေ့ရှိကြသောအများ ပြည်သူများ မှာ သွားလာရေး အခက်ခက်ကြုံရကြောင်း သတင်းများရရှိပါသည်။

အထူးသဖြင့် ပလက်ဝမြို့နယ် ငရှားရွာနားရှိ ငရှားသောင်တွင် အလွန် ရေတိမ်သောကြောင့် စက်လှေအသွားအလာများ အတွက် စက်လှေများ ခါတိုင်းသွားနေကျ ခရီးစဉ်ကဲ့သို့ သွားလာခုတ်မောင်းရန် အင်မတန် အခက်ကြုံတွေ့ရခဲ့ဖြင့် လွန်ခဲ့သော တနင်္ဂနွေ နေ့တွင် ပလက်ဝ-တောင်ပြိုလှိုင်း ကြားခုတ်မောင်းသော ခရီးသည်တင်စက်လှေတစ်စင်းသည် ပိုမိုများပြသောခရီးသည်များကိုတင်ဆောင်လာမိသောကြောင့်
သွားနေကျ စက်လှေဖြင့် မသွားနိုင်တော့ဘဲ ၊ စက်လှေ အကြီးဖြင့်ပြန် ပြေးဆွဲရခဲ့ရကြောင်း နှင့် ထိုသို့ မြစ်ရေ ခန့်ခြောက်လာခြင်း ခရီးသည်များ သွားလာရေးအတွက် အဆင်မပြေမှုများ၊ သွားလာရေး အချိန်ကြန့်ကြာမှုများဖြစ်စေခဲ့သည်။

စက်လှေ အကြီးဖြင့် ပြန်ပြေးဆွဲသော်လဲ ပုန်မှန်ထက် ခရီးသည်များပြားစွာ တင်ဆောင်လာသောကြောင့် ၄င်း စက်လှေကြီးသည် ငရှားသောင်အရောက်တွင် ကုလားတန် မြစ်ရေ တိမ်ကောခြင်းကြောင့် သောင်ကို မတက်နိုင်တော့ဘဲ့ ငရှားရွာတွင် စက်လှေ ပြန်ပြောင်းရသည်။ ငရှားရွာ မှ တောင်ပြိုအထိကို စက်လှေအငယ်တစ်စီးဖြင့် တောင်ပြိုသို့ (၂) ခေါက်ပို့ခဲ့ရကြောင်းသိရှိရသည်။

ထိုသို့ စက်လှေ ပြောင်းစီးရခြင်းကြောင့် ခရီးကြန့်ကြာမှုများရှိပြီး စိတ်အနှောင့်အယှက်များ ကြုံရကြောင်း စက်လှေ စီးနင်းလိုက်ပါသူ အချို့က ခူမီးမီဒီယာသို့ ပြောကြားသွားပါသည်။ကုလားတန် မြစ်ရေ တိမ်ကောလာခြင်းသည် အများပြည်သူများကို သွားလာရေးအခက်ခဲဖြစ်စေပြီး ရေကြောင်းသွားလာသော ခရီးသည်များကို ဒုက္ခရောက်စေကြောင်း သတင်းရရှိပါသည်။

ယခုကဲ့သို့ ရေခမ်းခြောက်မှုပိုလာခြင်း၏ အဓိကတရားခံတစ်ခုမှာ “ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းမှု အားနည်းလို့လည်းပါပါတယ်။ ပလက်ဝဒေသခံတွေက ရွှေ့ပြောင်းတောင်ယာကိုပဲ အမှီတဟဲပြုလုပ်လာကြတာဆိုတော့ နှစ်စဉ် သဘာဝတောတွေ အခုတ်ခံရ၊ မီးအရှို့ခံရနဲ့ဆိုတော့ တဖြေးဖြေးနဲ့ ပူအိုက်လာတယ်။ ဒီအတိုင်းဆက်တိုက်လုပ်သွားရင် နောက်ဆယ်စုနှစ်တွေမှာ ပိုမိုပူအိုက်လာနိုင်ပါတယ်။” ဟု ပလက်ဝနယ်တစ်ဝိုက် သဘာဝပတ်ဝန်ကျင်ထိမ်းသိမ်းရန် အရေးပါပုံအနည်းငယ်ကို အန်ဂျီအိုဝန်ထမ်းတစ်ဦးမှ မိမိ၏အမြင်နဲ့တကွ ခူမီးမီဒီယာသို့ပြောသည်။

“ကျွန်တော်တို့က ဘာမှလည်းမလုပ်တတ်ဘူး။ အသက်မွေးဝတ်ကျောင်းပြု ကျွမ်းကျင်ရာဆိုလို့ ဒီတောင်ယာလုပ်ငန်းပဲ ရှိတာပါ”ဟု ပွင့်လင်းသောတောင်ပေါ်သား၏ ရင်ဖွင့်သံကိုလည်း ကြားရသည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရ၊ အန်ဂျီအိုအဖွဲ့အစည်းများ နှင့် အခြားလူမှုအဖွဲ့အစည်းများအနေဖြင့် ရွှေ့ပြောင်းတောင်ယာအစား ပလက်ဝဒေသခံများ အသက်မွေးဝတ်ကျောင်းပြုနိုင်မည့် စက်မှု၊ လက်မှု နှင့်အခြားလုပ်ငန်းများကိုလည်း မဖြစ်မနေ ပညာပေးခြင်း၊ ပံ့ပိုးပေးခြင်းအစီအစဉ်များကို စဉ်းစားဆောင်ရွက်သင့်ပြီဖြစ်ကြောင်း ဖော်ပြလိုက်ပါသည်။

ခူတေဇ

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger