ဒုဗိုလ်မှူးကြီးစိုးထက်မိသားစုပလက်ဝအလည်အပတ်ခရီးစဉ်မှ နေပြည်တော်သို့ ပြန်လည်ထွက်ခွါ

Thursday, December 27, 20121မှတ်ချက်



ပလက်ဝ- ဒီဇင်ဘာ ၂၆၊ ၂၀၁၂ ခုနှစ်

ခူမီးအမျိုးသားတစ်ဦးဖြစ်သူ ဒု-ဗိုလ်မှူးကြီးစိုးထက် နှင့် ဇနီးတို့သည် ပလက်ဝမြို့မှ နေပြည်တော်သို့ မိမိ တာဝန်ထမ်းဆောင်သော နေပြည်တော်သို့ ပြန်သွားရန် ဒီနေ့ နံနက် ၇း၃၀ နာရီတွင် ကတ်သလစ်အသင်းတော်ပိုင် စက်လှေဖြင့် ပလက်ဝမြို့မှ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ပြန်လည်ထွက်ခွါသွားခဲ့သည်။

ပလက်ဝမြို့တွင် နေထိုင်သော ဒု-ဗိုလ်မှူးကြီးစိုးထက်၏ ညီမဖြစ်သူ ဆရာမကြီးဒေါ်ဆာဆု (မြို့နယ်ပညာရေးမှူး) နဲ့ အဖွဲ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့အထိ လိုက်ပို့ခဲ့ကြောင်း နှင့် ရဆရာမကြီးဒေါ်ဆာဆု နဲ့ လိုက်ပါပို့ဆောင်ကြသောတို့အဖွဲ့သည် ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ မိမိတို့၏ မြို့ဖြစ်သော ပလက်ဝမြို့သို့ ယမန်နေ့ ညနေ ၆း၃၀ နာရီခန့်တွင် ကျန်းမာစွာဖြင့် ပြန်လည်ရောက်ရှိလာကြောင်း သတင်းရရှိပါသည်။


မိမိဇာတိဒေသသို့ပြန်မလာတာကြာပြီဖြစ်သော ဗိုလ်မှူးကြီးသည် “ပလက်ဝဒေသခံများ ခူမီးလူမျိုးတွေဟာတောင်ယာကိုမိရိုးဖလာအမွေအနှစ်တစ်ခုအနေနဲ့ စွဲစွဲမြဲမြဲလုပ်ကိုင်နေကြတယ်။ ခူမီးလူမျိုးတိုးတက်ဖို့အတွက် ဒီတောင်ယာလုပ်ငန်းတစ်ခုတည်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အရည်အချင်း(အစွမ်းအစ)ရှိတဲ့ လူတွေများများပေါ်ပေါက်လာဖို့လိုပါတယ်။ အရည်အချင်းရှိတဲ့ လူ ၅ယောက်ကနေ ဆယ်ယောက်၊ ဆယ်ယောက်ကနေအယောက်တစ်ရာ၊ တစ်ရာကနေတစ်ထောင် စသည်ဖြင့် ဆင့်ပွားမွေးထုတ်ပေးဖို့လိုပြီ” ဟုမှတ်ချက်ပေးသွားခဲ့သည်။

၂၀၁၂-ခုနှစ်၊ ဒီဇင်ဘာလ(၂၂) ရက်နေ့ ည ၈း နာရီကျော်တွင် ဗိုလ်မှူးကြီးစိုးထက်(Mielu) နှင့် အတူ မိမိ၏ဇနီးနှင့် သားတို့သည် ပလက်ဝမြို့သို့ အလည်ရောက်ရှိလာခြင်းဖြစ်သည်။ ပလက်ဝရောက်တုန်း ရောက်ခိုက် ကတ်သလစ်အသင်းတော်၏ ခရစ္စမတ်အကြို ညစာ စားပွဲနှင့် ကြုံသောကြောင့် Father ထွန်းခိုင်၏ ဖိတ်ကြားမှုကြောင့် ဌာနုဆိုင်ရာ အကြီးအကဲများနှင့်အတူ ညစာ စားပွဲတွင် ပါဝင်ကြောင်း သိရသည်။

အဆိုပါ ညစာစားပွဲတွင် ခူမီးရိုးရာတူရိယာများ၊ အကပဒေသာများနှင့် မီးပုံကပွဲတို့ဖြင့် ဖျော်ဖြေခဲ့ကြောင်းလည်း သိရှိရသည်။

ခူတေဇ
Share this article :

+ မှတ်ချက် + 1 မှတ်ချက်

Anonymous
29 December 2012 at 21:46

Thank you for this new.

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger