မှော်ဘီတွင် ခူမီးအမျိုးသား Rev. စာစီလင်း၏ နေအိမ်မီးလောင်မှု ဖြစ်ပွား

Thursday, December 27, 20120 မှတ်ချက်



ရန်ကုန်၊ ဒီဇင်ဘာ ၂၈ --- ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင်နေထိုင်သော ဆရာစာစီလင်း၏ နေအိမ်မီးလောင်သောအခင်းတစ်ရပ် ဒီဇင်ဘာ ၂၃ရက် မနက် ၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အခင်းဖြစ်စဉ်မှာ အခင်းဖြစ်ပွားချိန်တွင် ဆရာစာစီလင်းတို့ ဇနီးမောင်နှံနှစ်ဦးတည်းသာ ၎င်းနေအိမ်တွင် အိပ်စက်နေချိန်ဖြစ်သည်။ ညဥ့်အိပ်မောကျနေချိန်တွင် လျှပ်စစ်မီးဝါယာကြိုးမှတစ်ဆင့် ၀ါယာကြိုးလျော့ခ်ဖြစ်ခဲ့ရာမှ မီးစလောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။ မီးစတင်လောင်နေချိန်တွင် ဘေးအိမ်မှ အိမ်နီးချင်းတစ်ချို့မှာ ဘောလုံးပွဲကြည့်နေချိန်ဖြစ်၍ ညှော်အနံ့ရသော်လည်း ထိုသို့ အိမ်တစ်လုံးအား ပြာပုံဖြစ်စေမည့် အမှု၏ ခြေလှမ်းမှန်းသတိမထားမိဘဲနေခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို့ဇနီးမောင်နှံ အိပ်မောကျနေတဲ့
အချိန်မှာပါ။ ကျွန်တော့် ကအိပ်မက်ဆိုးမက်လို့ အတင်းလန့်နိုးလာတာ။ အဲဒီမှာ မီးက တော်တော်လောင်နေပြီ။ တော်သေးတာပေါ့ ကျွန်တော်သာ လန့်မနို့ရင် ကျွန်တော်တို့ လင်မယား မီးထဲပါသွားမှာပဲ” ဟု ဆရာစာစီလင်းမှ ခူမီးမီဒီယာသို့ပြောသည်။

မကြာမီအခင်းဖြစ်ပွားရာသို့ မီးသတ်သမားများရောက်ရှိလာပြီး အိမ်နီးနားနေအိမ်များသို့ မကူးစက်မီ အချိန်မီငြိမ်းသတ်နိုင်ခဲ့လေသည်။ မီးသတ်အဖွဲ့သို့ ဒဏ်ငွေ နှစ်သိန်းနှစ်သောင်းကျပ်တိတိ ပေးဆောင်ရပြီး ရဲကိုလည်း ငါးသောင်းကျပ်တိတိ ဆက်သရခဲ့ကြောင်း သိရှိရသည်။ 

ဆရာစာစီလင်းတို့၏ နေအိမ်မှာမူ တစ်အိမ်လုံး ဘာတစ်ခုမှ မကျန်ခဲ့ဘဲ မီးလောင်ရာထဲ ပါသွားပြီဖြစ်သည်။  “ကျွန်တော်သိသိချင်း ကမန်းကတန်းဆွဲယူလိုက်တာ အင်္ကျီတစ်ထည်ပဲ လက်ထဲ ပါလာပါတယ်။ ကျန်တာဘာတစ်ခုမှ မယူမိပါဘူး။ မီးလောင်တဲ့ထဲကို အကုန်ပါသွားတယ်” ဟု ဆရာစာစီလင်းမှ ဆက်ပြောသည်။

အခုလောလောဆယ် နေထိုင်ရန် ၀ါးအိမ်တဲကလေးထိုးထားပြီး ရပ်နီးရပ်ဝေးအသိမိတ်ဆွေများနှင့် ခရစ်ယာန်အတိုင်းအ၀န်းများမှ အရေးပေါ်လိုအပ်ချက်များအား ဖြည့်ဆည်းလှူဒါန်းပေးလျှက်ရှိသည်။

မြန်မာနိုင်လုသရင်အသင်းတော်သာသနာပိုင် ဘီရှော့ ဒေါက်တာအန္ဒြရူးမန်းလုံးမှလည်း ဆန်တစ်အိတ်၊ အလှူငွေများနှင့် အ၀တ်အစားများကို သွားလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ဆရာစာစီတွင် သား ၃ဦးရှိပြီး သားကြီး အိုက်ထွန်းလင်းမိသားစုမှာ အမေရိကန်တွင်လည်းကောင်း၊ သားလက် အိုက်ထွန်းမင်းတို့မှာ မလေးရှားတွင်သော်လည်းကောင်း နေထိုင်လျှက်ရှိပြီး အငယ်ဆုံး သား အိုက်ယောရှုမှာမူ မှောဘီတွင် ဓမ္မပညာဆည်းဖူး နေလျှက်ရှိကြောင်းသိရှိရသည်။ အခုလောလောဆယ်တွင် EBI ဓမ္မတက္ကသိုလ်မှ လိုအပ်သည်များကို အနီးဆုံး ကူညီပေးလျက်ရှိကြောင်းသိရသည်။

ဆရာစာစီလင်းသည် ယခင်က မြန်မာနိုင်ငံလုသရင်အသင်းတော်၏ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးအဖြစ် ပလက်ဝမြို့ပေါ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ယခုအခါ ရန်ကုန်တွင် အခြေချနေထိုင်သူဖြစ်သည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger