ခူမီးလူမျိုးနွယ်စု (၁၈) အနက်မှ မတူ-တအွား or တအော pre အကြောင်း သိကောင်းစရာ

Friday, December 28, 20122မှတ်ချက်



စာရေးသူ၏အာဘော်သာဖြစ်သည်။
              တစိပ်ကို တစ်အိတ်၊ ကြမ်းပိုးကို လိပ်ဖြစ်အောင်လုပ်ခြင်းလုပ်ခြင်းလား သို့မဟုတ် အသိနောက်ကျခြင်းလားဆိုသည်ကို အလေးအနက် စဉ်းစားသင့်ပါပြီ။ ချင်းပြည်နယ်တစ်ခုကို နိုင်ငံတစ်ခ အဖြစ်ပြောင်းလဲလို့မရသလို ပလက်ဝမြို့နယ်ကို ပြည်နယ် (သို့) တိုင်း တစ်ခုအဖြစ်ပြောင်းလဲ လို့ရနိုင်မည်မဟုတ်ပါ။ ချင်းပြည်နယ်ကို ချင်းနိုင်ငံဟု ပြောဆိုလျှင် မည်သူများ သိမည်မဟုတ်သလို သူများက သရော်ပြောင်လှောင်စရာဖြစ်လာမည်သာ။ 

           စာရေးသူရဲ့ ဇာတိရွာဘက်တွင် မိမိတို့နယ်မြေဒေသ လူမျိုးများကို အကြောင်းပြုပြီး တေးသီချင်းများ စပ်ဆိုကြလေ့ရှိရာ မိမိတို့ လူမျိုးနဲ့ နယ်မြေကို Ta aw pre ဟု မကြာခဏ စပ်ဆိုကြသည်ကိုတွေ့ရသဖြင့် စာရေးသူရဲ့ စိတ်ထဲတွင် မေးခွန်းပေါင်း များစွာ ပေါ်ထွက်လာခဲ့သည်က အကြိမ်ကြိမ်။ သီချင်းစပ်ဆိုသောသူများက pri or pre ဆိုတဲ့ အဓိပ္ပာယ်ကို နားမလည်သဖြင့် တအော pre ဟု စစပ်ဆိုခြင်းလော? သို့ မဟုတ် သီချင်း၏ အနက်အဓိပ္ပာယ် အရ ဖွင့်ဆိုရခြင်းလော? ဆိုသည်ကို
နားမလည်နိုင်အောင်ဖြစ်ရပါသည်။ pri (သို့) pre ဆိုသော စကားသည် အင်္ဂလိပ်လို land ကိုဆိုလိုခြင်းဖြစ်သည်။ ဥပမာ…မီဇိုး Ram, Lai ram, Matu Ram,Khumiland, Mara Land, Dai land, စသဖြင့် ခေါ်ဝေါ်ကြခြင်းဖြစ်သည်။ Ram (သို့) land သည် ကျွန်တော်တို့ ပြောဆိုနေသော pri (သို့)  pre ကို ခေါ်ဆိုခြင်းဖြစ်သည်။ စာရေးသူတို့ အခေါ် “ Matu pre, Mizo pre, Sangtu pre, Dai pre စသဖြင့် ခေါ်ဆိုကြလေ့ရှိရာ pre ဆိုသော စကားလုံးမှာ ကျယ်ပြောသောနေရာဒေသကြီးကို ဆိုလိုခြင်းဖြစ်သည်။ ဇုံကိုဆိုလိုခြင်းမဟုတ်ပါ။ ဥပမာ. Mizo pre ဟုပြောပါက မီဇိုးချင်းလူမျိုးနေထိုင်ကြသော ဆယ်ရွာ ဆယ်ငါးရွာလောက်ကိုသာ ဆိုလိုခြင်းမဟုတ်ပဲ Mizo ram state တစ်ခုလုံးကို ဆိုလိုခြင်းဖြစ်သည်။

          ထိုသို့ ဆိုလျှင် ခူမီးလူမျိုးများထဲမှာ မျိုးနွယ်စုတစ်ခုဖြစ်တဲ့ မတူ-တအွား (ခေါ်) တအော မျိုးနွယ်စု နေထိုင်ရာဒေသကို (Ta aw pre or Ta-aw state) ဟု ခေါ်ဆိုလျှင် မှားပေလိမ့်မည်။ မည်သူတို့သည် တအော လူမျိုးဖြစ်ကြသည်ကို စစ်တမ်းကောက်မည် ဆိုလျှင် တအော လူမျိုးဖြစ်ကြောင်း ခံယူသောသူ လူဦးရေ အလွန် နည်းပါးမည်ဖြစ်သည်။ တအောလူမျိုးဟု ခံယူလျှင် တအော ဘာသာစကားသည်လည်း ရှိရမည်ဖြစ်သည်။ တအောလူမျိုးနွယ်စု စာရင်းတွင် မည်သည့် ရွာမှ မည်သည့်ရွာ အထိ ပါဝင်သည်၊ လူဦးရေ မည်မျှ ရှိသည်။ မည်သည့် ဘာသာစကား မည်သည့် မျိုးနွယ်စု (အစိုင် or clan) ပါဝင်သည်ဟူသော အချက်ကိုလည်း ထည့်သွင်း စဉ်းစားစရာ တစ်ခုဖြစ်လာပါသည်။ သို့သော် တအော လူမျိုးဟုခံယူကာ မိမိတို့နယ်မြေကို တအော pre ဟုခေါ် တအောလူမျိုးနွယ်စုတို့တွင်လဲ ပြောဆိုနေကြသောဘာသာ စကားမတူကြပါ။ တရွာနဲ့ တစ်ရွာ သာဘာစကား ကွဲပြားနေသည်ကို တွေ့ရပေသည်။ 

           စာရေးသူ လက်လှမ်းမှီသလောက် တအော အကြောင်းကို လေ့လာရာတွင် ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးသူ၏ အဘိုးကြီး ဦးပေါက်ထာ(Pyk Thar) အသက် ( ၁၀၀) ကျော်က (ငါ့ မြေး သိချင်တယ်ဆိုရင် ပြောပေးပါမယ်၊ တအော- တအမ်းဆိုတာ ကောင်းတယ်လို့ မထင်လိုက်နဲ့ မတူလူမျိုးတွေက ကျွန်တော်တို့တွေကို နိမ်တဲ့ သဘောနဲ့ တအော-တအမ်းလို့ဆိုကြတာ၊ ဆိုလိုတာက အမှောင်နယ်မြေ မှာနေထိုင်တဲ့ သူတွေ၊ ဘာမှ မသိတဲ့သူတွေ၊ အောက်ဘက် အရပ်လို့ အဓိပ္ပာယ်ရတယ်) ဆိုပြီး ရှင်းပြခဲ့ဖူးသည်။ အဘိုးကြီး ရှင်းပြသည်ကို ပိုမို သိချင်သဖြင့် စာရေးသူ၏ ဘကြီး( အဖေ့ အစ်ကိုကြီး) ဦး အောင်းနန် အသက်(၈၀) ကျော်ထံ တအော အကြောင်းထပ်မံ မေးမြန်းခဲ့ရာ ဘကြီး လည်း အဘိုးကြီး ရှင်းပြခဲ့သည့် အတိုင်း ပြန်ရှင်းပြပေးခဲ့သည်။ “ဒါဆိုရင် တအောဆိုတဲ့ နယ်မြေက ဘယ်နေရာကနေ ဘယ်နေရာ ဘယ်ရွာတွေ ပါဝင်သလဲ” လို့ မေးလိုက်တော့ ဘကြီးက “ သေသေချာချာ သတ်မှတ်ထားတာလဲ မရှိပါဘူး၊ အင်္ဂလိပ်စစ်မင်းတို့က ဟားခါးမှ မတူပီကို တိုက်နယ်တစ်ခုအဖြစ်ထားရှိကြပြီး မတူပီမှ တဆင့် တိုက်နယ်ပြန်ခွဲကာ တအော တိုက်နယ် စသဖြင့် သတ်မှတ်ပေးခဲ့တယ်” ဟုသာပြောပြခဲ့သည်။ ငယ်ငယ်တုန်းက စာရေးသူကို တအော အကြောင်း  စာရေးသူတို့ ဇာတိရွာမှာရှိတဲ့ ဘကြီးတစ်ယောက်က ပြောပြခဲ့ဖူးသည်ကိုလဲ ဘကြီးနဲ့ အဘိုးကြီးရှင်းပြခဲ့သည့် အတိုင်းပြောပြခဲ့ဖူးသည်ကိုလည်း မှတ်သားခဲ့ဖူးသည်။  စာရေးသူ လေ့လာထားသည့် အချက်များမှန်ကန်သည်ဆိုလျှင် တအော pre ဟုခေါ်ဆိုခြင်းမှာ မှန်ကန်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် တအောနယ်ဟုခံယူကြသော နေရာဒေသမှာ အလွန်သေးငယ် ကျဉ်းမြောင်း လှသောကြောင့်ဖြစ်သည်။

ဝန်ခံချက်။ ၂၀၀၉ တွင် ဇာတိရွာရောက်သွားခဲ့စဉ်တုန်းက မေးမြန်းချက်များနဲ့ တအော ဆိုတဲ့ စကားလုံး အပေါ် ကျွန်တော့် ဇီးစေ့လောက်ရှိတဲ့ ဗဟုသုတ လေးကို အခြေခံပြီး ရေးသားခြင်းဖြစ်ပါသည်။  တအော အကြောင်းကို ဒီထက် ကျယ်ပြန့်အောင် ရှင်းပြပေးနိုင်မယ်ဆိုလျှင် အတိုင်းထက် အလွန် ဝမ်းသာကြိုဆိုလျက်….

 စွမ်းထက်မောင် (သဇင်မြေ) ရေးသားသည်။
Share this article :

+ မှတ်ချက် + 2 မှတ်ချက်

Anonymous
28 December 2012 at 20:52

စာရေးသူရယ် ကျယ်ပြန်ပြန့်လေ့လာပါအုံး
ကိုယ်ကုတင်ကို ရွှေနန်းလို့ မထင်စေလိုပါ။

Anonymous
30 January 2013 at 19:24

Dear ALL Khumis, please know there are MANY Khmi Editors and Writers before and after Van Tling and pray them to know one another who are senior or junior, etc. Thanks

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger