ပလက်ဝ၊
ဒီဇင်ဘာ ၃၁ --- ပြည်နယ်သစ်တောရေးရာဝန်ကြီး ဦးကျော်ငြိမ်းသည် ပြည်နယ်
စည်ပင်သာယာရေးဌာန၀န်ကြီးနှင့်အတူ ချင်းပြည်နယ်၊ ပလက်ဝသို့ ၃၁-၁၂-၁၂ နေ့တွင်ရောက်ရှိမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
“၀န်ကြီးတို့အဖွဲ့ ညနေ ၃ နာရီပလက်ဝရောက်နိုင်တယ်။ KYA လူငယ်များ
ခူမီးရိုးရာဝတ်စုံတွေနှင့် ကြိုဆိုဖို့ အစီအစဉ်ရှိပါတယ်။ စည်ပင် သာယာရေး ၀န်ထမ်းတွေလည်း
ဒီနေ့မနက်က စက်လှေနဲ့ကျောက်တော်ကိုသွားကြိုကြပါတယ်” ဟု ခူမီးလူငယ်အသင်းအတွင်းရေးမှူးဦးဝှေ့တန်းမှ
ခူမီးမီဒီယာသို့ပြောသည်။
ပြည်နယ်သစ်တောရေးရာဝန်ကြီး
ဦးကျော်ငြိမ်းနှင့် ပြည်နယ် စည်ပင်သာယာရေးဌာန၀န်ကြီး၏
ယခုခရီးစဉ်၏အဓိကရည်ရွယ်ချက်မှာ အ.ထ.က ရိက္ခာ ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးမှု
အခြေအနေအရပ်ရပ်ကို ကြည့်ရှုလေ့လာရန်ဖြစ်ကြောင်း သိရှိရသည်။
“ယခင်ဝန်ကြီးချုပ်ခရီးစဉ်က ပလက်ဝမြို့နယ်မှာ ချပေးထားတဲ့အဆောက်အဦးတွေ
အကောင်အထည်ဖော် ဆောင်ရွက်မှုပြီးစီးမှု ရှိမရှိ
စစ်ဆေးဖို့ ဖြစ်ပါတယ်၊ မြို့တွင်းရေ၊မီးရရှိမှုအခြေအနေများလည်းစစ်ဆေးမယ်လို့ ကြားသိရပါတယ်”
ဟု ဦးဝှေ့တန်းမှာ ဆက်ပြောပြသည်။
ထို့ကြောင့်
ယနေ့မနက် ၁၀း၀၀ နာရီတွင် ပလက်ဝ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး
ဦးဟန်ဝင်းအောင်၊ သာသနာရေးဦးစီးအရာရှိ ဦးဘစော၊ မြို့နယ် ရဲမှူး ဦးစောဝင်း၊
စာရင်းစစ်အရာရှိ၊ တရားသူကြီးနှင့် အဖွဲ့တို့သည် ပလက်ဝမြို့၊ ရိက္ခါရပ်ကွက်၊ အ.ထ.က
အဆောက်အဦးသစ် ဆောက်လုပ်မှုအခြေအနေကို ကြိုတင်သွားရောက် ကြည့် ရှု့ခဲ့သည်။
အဆိုပါအဆောက်အဦးဆောက်လုပ်ရန်
ကျောင်းဆောက်လုပ်ရေး ကော်မတီမှ လက်သမားဆရာကြီး ဦးမြင့်သိန်းအား ကျပ် (၈၅)
သိန်း ဖြင့် ကန်ထရိုက်ပေးထားကြောင်းသိရသည်။
ရောက်လာမည့်
ဝန်ကြီးကျော်ငြိမ်းနှင့် စည်ပင်သာယာရေးဝန်ကြီးတို့နှင့် ဌာနဆိုင်ရာလူကြီးများ
မိတ်ဆုံ စားပွဲ ကိုလည်း မနက်ဖြန်တွင် ပြုလုပ်ရန်အစီအစဉ်ရှိသည်။
ခူတေဇ


Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။