အင်္ဂလီကန်အသင်းတော်၏ ဒီဇင်ဘာခရီးစဉ် ယနေ့အဆုံးသတ်မည်

Sunday, December 30, 20120 မှတ်ချက်



ပလက်ဝ၊ ဒီဇင်ဘာ ၃၁ ---- မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်)  ၂၀၁၂-ခုနှစ်၊ ခရစ္စမတ်ရာသီကာလ နယ်စီးစစ်တွေသာသနာပိုင်ကြီး ဒေါက်တာဂျိမ်းစ်မင်းဒိန်၏ ဒီဇင်ဘာလ(၂၀-၃၁) ရက်အထိ နယ်လှည့်ကွင်းဆင်းခြင်းသည် ဒီနေ့ ညနေတွင် အသင်းတော်စက်လှေဖြင့် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

“ဘုန်းကြီးပိုင်နယ် (၃) ပိုင်နယ်ထဲက ကျေးရွာ တွေမှာရှိတဲ့ အသင်းသူ/သားတွေကို ၀ိညာဉ်ခွန်အားပေးဝေငှဖို့ နယ်လှည့်ကွင်းဆင်းတာပါ” ဟု အသင်းတော်ဗဟိုဘဏ္ဍရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆရာနန်းလုံးမှ ခူမီးမီဒီယာသို့ပြောသည်။ 

အဆိုပါ ခရီးစဉ်တွင် စစ်တွေသာသနာပိုင်ရုံးမှ အတွင်းရေးမှူး ဘုန်းတော်ကြီးအောင်ရှိန်၊ ဌာနဆိုင်ရာ အသင်းအဖွဲ့မှ ဌာနမှူးများ၊
ဒုဌာနမှူးများ၊ ရှင်ယောဟန် ကျမ်းစာကျောင်းမှ စာချ ဆရာများ၊ ကျောင်သူ/သားများ လည်း သာသနာပိုင်ကြီးနှင့် အတူ လိုက်ပါခဲ့ကြပါသည်။

ရောက်လေရာ ကျေးရွာတိုင်းတွင် ညပိုင်းအစီအစဉ် အနေဖြင့် သီချင်း၊ အကပဒေသာများဖြင့်
 ဖျော်ဖြေပေးခဲ့ရာ နောက်ဆုံးခရီးစဉ်ဖြစ်သော တြိနတိဘုန်းကြီးပိုင်နယ်၊ င/ရှားကျေးရွာမှ ပလက်ဝသို့ ယနေ့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ပလက်ဝ၊ ရှင်ယောဟန်ဘုန်းကြီးပိုင်နယ်သည် ၂၀၁၃-ခုနှစ်၊ နှစ်သစ်ကို ကြိုဆိုသော အားဖြင့် ယနေ့ တွင် သာသနာပိုင်နယ်ခန်းမဆောင်၌် လူငယ်များ သီချင်း၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း ပြုလုပ်မည်ဖြစ်ပြီး ည (၁၂း၀၀) နာရီတွင် သန်းခေါင်ဝတ် (ပွဲတော်မင်္ဂလာ) ကိုလည်း ပြုလုပ်မည်ဖြစ်သည်။

ခူတေဇ
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger