ရွှေပြည်သာတွင် ရခခမဦးဆောင်၍ ၂၀၁၃နှစ်သစ်တွေ့ ဆုံပျော်ရွှင်ပွဲကျင်းပမည်

Monday, December 31, 20120 မှတ်ချက်



ရန်ကုန်၊ ဒီဇင်ဘာ ၃၁ --- ရွှေပြည်သာခူမီးခရစ်ယာန်မိတ်ဿဟာယအဖွဲ့သည် ၂၀၁၃ ခုနှစ်ဇန္န၀ါရီလ(၁)ရက်နေ့တွင်
နှစ်သစ်ကူး တွေ့ဆုံပွဲနှင့်ပျော်ပွဲ၊ရွှင်ပွဲများကို ရွှေပြည်သာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။



“ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ချစ်လှတဲ့ ခူမီးညီအစ်ကိုမောင်နှမများနှင့်လူကြီးတွေကိုလည်း ပါဝင်တတ်ရောက်ကြပါဖို့ ခင်မင်ရင်းနှီးစွာ ဖိတ်ကြားထားပါတယ်” ဟု အမှုဆောင်ဦးအောင်ကျော်မှ ခူမီးမီဒီယာသို့ပြောသည်။




၂၀၁၃ ခုနှစ်ဇန္န၀ါရီလ(၁)ရက်နေ့  နံနက်(၉း၃၀ မှ ညနေ ၃း၀၀)နာရီအထိ အန္နကလေးဂေဟာ ၊၇/၁၆၈/ပြည်တော်သာလမ်း၊ဘုံရှည်ကုန်းရွာ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး တွင် ကျင်းပမည်ဖြစ်သည်။


တက်ရောက်ရန်မကျွမ်းကျင်သူများအတွက် လမ်းညွှန်လိုသည်မှာ ၁၂၄၊ ၄၈ ဘစ်ကားနှင့်၇၉ ဒိုင်နာကား များကို စီး၍ အုတ်ဖိုမှတ်တိုင်တွင် ဆင်းရမည်ဖြစ်သည်။


ထူးခြားသည်မှာ ဖိတ်စာပေါ်တွင် မှတ်ချက်ဟူ၍ ရိုးရာဝတ်စုံများဝတ်ဆင်ခြင်းဖြင့်လာရောက်ကြရန်(ရှိသူများ)၊ နှင့် လက်ဆောင်ဖလှယ်ရန်ရှိ၍ကိုယ်စီယူလာကြရန် ဟူ၍ဖော်ပြထားသောကြောင့် တစ်မူထူးခြားသော တင်ဆက်မှုများလည်းပြုလုပ်ဖွယ်ရှိနိုင်ကြောင်း သိရသည်။


တက်ရောက်သူများအား ရွှေပြည်သာခူမီးခရစ်ယာန်မိတ်ဿဟာယအဖွဲ့မှ ညနေစာဧည့်ခံမည်ဖြစ်သည်။


Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger