ခူမီးနှစ်သစ်ကူးပွဲကို ရန်ကုန်တွင် ကျင်းပ

Tuesday, December 04, 20120 မှတ်ချက်

ရန်ကုန်
ဒီဇင်ဘာ 1

ဒီဇင်ဘာလ (၁) ရက်နေ့တွက် ကျရောက်သော ခူမီးနှစ်သစ်ကူးပွဲကို ရန်ကုန်မြို့ ၊အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံလုသရင်အသင်းတော် ဘုရားကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။


အဆိုပါပွဲတွင် အထူးဖိတ်ကြားထားသောဧည့်သည်များနှင့် ရန်ကုန်ရောက် ခူမီးညီအစ်ကိုမောင် မယ်များ အယောက် (100) ခန့် တက်ရောက်ခဲ့ပါသည်။ အစီအစဉ်တွင် ဘီရှော့ဒေါက်တာ အနြူးမန်းလုံနှင့် ဘီရှော့စိန်အောင်တို့မှ သြ၀ါဒစကားများပြောကြားပေးခဲ့ပါသည်။


ထို့နောက် ခူမီးနှစ်သစ်ကူးဖြစ်ပေါ်လာပုံစာတမ်းကို ဆရာပြည်ဝဲမှသော်လည်းကောင်း၊ ကေအမ်ဂျီ အကြောင်းမိတ်ဆက်ကို ဆရာပီတာမှသော်လည်းကောင်း၊ ကျေးဇူးတင်စကားကို အိုက်ဇက်မှသော်လည်းကောင်း အသီးသီးပြောကြားပေးသွားခဲ့ပါသည်

၎င်းနောက် တက်ရောက်သူများအထဲမှ အသက် (၆၀) နှင့် အထက်ရှိသူ လူကြီးများအား လက်ဆောင်များပေးအပ်ခြင်းအခမ်းအနားကို ပြုလုပ်သွားခဲ့ပါသည်။

အစီအစဉ်၏ ဒုတိယပိုင်းတွင် ခူမီးအဆိုတော်များမှ တေးသီချင်း များဖြင့် ဖျော်ဖြေတင်ဆက်မှု ကို ပြုလုပ်ကာ တက်ရောက်သူများအား ဒန်ပေါက်ဖြင့် ဧည့်ခံပြီး အစီအစဉ်ကို မွန်းလွဲ (2)နာရီကျော်ခန့်တွင် အောင်မြင်စွာ ရုတ်သိမ်းသွားခဲ့ပါသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger