အစဉ်အလာအတိုင်း သက်ကြီးပူဇော်ခြင်းနှင့် ပညာရည်ချွန်ဂုဏ်ပြုချီးမြှင့်ရန် ပလက်ဝမြို့နယ်လူမှုရေးအသင်းဆောင်ရွက်

Monday, December 03, 20120 မှတ်ချက်




ရန်ကုန်၊ ဒီဇင်ဘာ ၄--- ယခုနှစ်၊ ၂၀၁၃ခုနှစ်၊ မတ်လတွင်ပြုလုပ်မည့် ပလက်ဝမြို့နယ်လူမူရေးအသင်း(ရန်ကုန်) ၏ နှစ်ပတ်လည်တွင် နှစ်စဉ်ပြုလုပ်လေ့ရှိသော သက်ကြီးပူဇော်ခြင်း၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူများကို ပညာရည်ချွန် ဂုဏ်ပြုချီးမြှင့်ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

ပလက်ဝမြို့နယ်လူမူရေးအသင်(ရန်ကုန်)သည် အသင်း၏ နှစ်ပတ်လည်တွင် သက်ကြီးပူဇော်ခြင်း၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူများကို နှစ်စဉ်ပညာရည်ချွန် ဂုဏ်ပြုချီးမြှင့်လျက်ရှိပါသည်။
 
“အောက်ကအချက်အလက်တွေပြည့်စုံရင် ရပါပြီ”ဟု အဆိုပါနှစ်ပတ်လည်ပွဲတွင် ပေးအပ်မည့် ဂုဏ်ပြုဆုများအတွက် အောက်တွင်ဖော်ပြထားသောအချက်အလက်နှင့်
လိုအပ်ချက်များကို ပြည့်မီဖြည့်စွက်ပြီး လျှောက်ထားနိုင်ကြောင်းလည်း အတွင်းရေးမှူးဦးစိုးသိမ်းမှ ခူမီးမီဒီယာသို့ပြောသည်။

 (က) သက်ကြီးပူဇော်ခြင်း၌ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် အသက်(၇၅)နှစ်နှင့်အထက်
ပြည့်ပြီးသူ အသင်းဝင်သက်ကြီးများအား ဂုဏ်ပြုပါမည်။

(ခ)၂၀၁၀-၂၀၁၁ပညာသင်နှစ်တွင် တက္ကသိုလ်တစ်ခုခုမှ သက်ဆိုင်ရာအထူပြုဖြင့် ဘွဲ့ရှိသူဖြစ်လျှင်၊
ခ-၁ သက်ဆိုင်ရာ တက္ကသိုလ်မှ ဘွဲ့ရလက်မှတ် မိတ္တူ တင်ပြရမည်။ သို့မဟုတ် ဘွဲ့ရရှိကြောင်း
ခိုင်လုံသည့် အထောက်အထား ပူးတွဲတင်ပြနိုင်ရမည်။
ခ-၂ရရှိသည့် ဘွဲ့အမည်အပြည့်အစုံ၊ တက္ကသိုလ်အမည် ဖော်ပြပေးနိုင်ရမည်။

(ဂ) ၂၀၁၂ ခုနှစ်၊ မတ်လတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူဖြစ်လျှင်၊
ဂ-၁ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ ပူးတွဲတင်ပြရမည်။ သို့မဟုတ် မိမိဖြေဆိုမည့်
ကျောင်းမှ ကျောင်းအုပ်၏ထောက်ခံချက် ပူးတွဲတင်ပြနိုင်ရမည်။
ဂ-၂ ဖြေဆိုသည့် အတွဲမှ ဘာသာရပ်အလိုက်ရရှိသည့် အမှတ်စာရင်း မိတ္တူပူးတွဲပါရှိရမည်။
သို့မဟုတ် သက်ဆိုင်ရာကျောင်းအုပ်ကထုတ်ပေးသည့် အမှတ်စာရင်းမိတ္တူ ပူးတွဲပါရှိရမည်။
ဂ-၃ မိမိဖြေဆိုသည့် တိုင်း/ပြည်နယ်၊ မြို့နယ်၊ကျောင်းခုံနံပါတ်နှင့် ရမှတ်စုစုပေါင်းတို့ကို
လျှောက်လွှာတွင် ရေးသွင်းဖော်ပြပေးရမည်။

(ဃ) ဘွဲ့ရှိသူဖြစ်စေ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူဖြစ်စေ မိဘနှစ်ပါးအမည်၊ မိမိ၏နေရပ်လိပ်စာ
အပြည့်အစုံကို တိတိကျကျ ဖော်ပြရမည်။မိဘ သို့မဟုတ် ကိုယ်တိုင်အသင်းဝင်ဖြစ်ရမည်။

ရန်ကုန်စည်ပင်နယ်နိနမိတ်အတွင်းမှ တက္ကသိုလ်ဝင်တန်းကို ဖြေဆိုအောင်မြင်သူများမှ ရမှတ်အများ
ဆုံး (၃)ဦးအား "သီရိပျံချီဦးထပ်လှိုင်း(နိုင်ငံဂုဏ်ရည်ပထမဆင့်) ပညာရည်ချွန်ဆု"ချီးမြှင့်မည်ဖြစ်သည်။

 သို့ဖြစ်ပါ၍ အထက်ပါအချက်အား ပြည့်စုံစွာဖော်ပြလျက် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ (၂၁)ရက်၊
ကြာသာပတေးနေ့နောက်ဆုံးထားပြီး ဦးစိုးသိမ်း၊အတွင်းရေးမှူး၊ပလက်ဝမြို့နယ်လူမူရေးအသင်း(ရန်ကုန်)၊
၂၉၄/က၊ မင်းနန္ဒာလမ်း ၊မြို့သစ်ရပ်ကွက်၊ဒေါပုံမြို့နယ် သို့လိပ်မူကာ မိမိကိုယ်တိုင်၊ သို့မဟုတ် မိဘ/အုပ်ထိန်း
သူက လျှောက်ထားပေးပို့ပါရန် အကြောင်းကြားပါသည်။

အထောက်အထားမခိုင်လုံ၊မပြည့်စုံသော လျှောက်လွှာများနှင့် ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ(၃၁)ရက်နေ့
ထက်နောက်ကျရောက်လာသည့် လျှောက်လွှာများအားလက်ခံစဉ်းစားပေးမည်မဟုတ်ပါ။

စိုးသိမ်း
အတွင်းရေးမှူး
ပလက်ဝမြို့နယ်လူမူရေးအသင်း(ရန်ကုန်)
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger