ကုသိုလ်ဖြစ် ပလက်ဝမြို့နယ်နာရေးကူညီမှုအသင်း အပြီးသတ်ဖွဲ့စည်းလိုက်ပြီ

Monday, December 31, 20120 မှတ်ချက်



ပလက်ဝ၊ ဇန္န၀ါရီ ၁ --- ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပလက်ဝမြိုနယ် နာရေးကူညီမှုအသင်းကို အပြီးသတ်ဖွဲ့စည်းခဲ့ပြီဖြစ်ကြောင်းသတင်းရရှိသည်။

ပြည်ခိုင်ဖြိုးပါတီမှ ကမကထပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ပြည်ခိုင်ဖြိုး အသင်းမှဆောင်ရွက်ခဲ့ဖူးသော ဇီဝိတဒါန အလှူငွေ (၁၀) သိန်းကျော်ကိုလည်း ပလက်ဝမြို့နယ် နာရေးကူညီမှုအသင်းသို့ လွှဲပြောင်းပေးခဲ့ကြောင်းသိရှိရသည်။

ထို့အပြင် ပြည်ခိုင်ဖြိုးပါတီမှ နောက်ထပ် (၅) သိန်းထပ်မံပေးလှူပါဝင်ခဲ့ပြီး
၂၉.၁၂.၂၀ဎ၂ နေ့အစည်းအဝေးသို့ တက်ရောက်လာကြသော လူထု ၁၇၅  ဦး ထဲမှ လှူဒါန်းငွေ (၁၉)သိန်း ထပ်မံရရှိခဲ့သည်။

ပလက်ဝနာရေးကူညီမှုအသင်းသည် မည်သည့်နိုင်ငံရေးပါတီ ကိုမှ ကိုယ်စားပြုဆောင်ရွက်ရန်မဟုတ်ဘဲ ပြည်သူအားလုံးပူးပေါင်းပါဝင်ရေးကိုသာ
အဓိကထားဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေးတွင် အဖွဲ့၏ရပ်တည်ချက်အား ဖော်ထုတ်ခဲ့သည်။

ယခင်က ဤကဲ့သို့ဖွဲ့စည်းခြင်းမရှိသောကြောင့် နာရေးနှင့် ကြုံတွေ့ရသောမိသားစုများ အခက်အခဲများစွာ ကြုံတွေ့ရလေ့ရှိသည်။ အထူးသဖြင့် နယ်မှဆေးကုသရန်လာရောက် ဆင်းရဲသူများမှာ ခက်ခဲမှုပေါင်းစုံကိုကြုံတွေ့ရသည်သာမက သွေးလိုအပ်သောလူနာများနှင့် အခြားခြားအကူအညီလိုအပ်သော လူနာများအတွက် ယခုဖွဲ့စည်းလိုက်သော နာရေးကူညီရေးအသင်းအနေဖြင့် ထိရောက်စွာ ကူညီဖြေရှင်းပေးနိုင်လိမ့်မည်ဟု အမည်မဖော်လိုသူ ပလက်ဝပြည်သူ့ဆေးရုံဝန်ထမ်းတစ်ဦးမှ ခူမီးမီဒီယာသို့ပြောသည်။

ဤအစီအစဉ်ဖြစ်မြောက်ရေးအတွက် ၂၀၁၂ခုနှစ် အောက်တိုဘာ ၄ရက်နေ့က ပလက်ဝမြို့ (ကြံ့ခိုင်ရေး)ပါတီရုံးတွင် ပထမအကြိမ် ဦးသိန်းထွန်းမှဦးဆောင်၍အစည်းအဝေးတစ်ရပ်ကျင်းပခဲ့လေသည်။ ၎င်းအစည်းအဝေးသို့တက်ရောက်သော ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးပိုက်လင်းမှ “နယ်ကနေဆေးရုံလာတက်ပြီး ဆေးဖိုး ငွေကြေးမတက်နိုင်ရှိသူတွေ၊ သေဆုံးပြီး သဂြိုလ်ဖို့အခက်အခဲရှိတဲ့သူတွေ ၊သွေးလိုအပ်တဲ့လူနာတွေအတွက် ဂရုဏာသက်ကူညီဆောင်ရွက်ပေးသွားဖို့ ရည်ရွယ်ပြီးဖွဲ့စည်းတာ” ဟုပြောပြသည်။

ပလက်ဝမြို့နယ် နာရေးကူညီမှုအသင်းရံပုံငွေခိုင်မာရေးအတွက် မုဒိတာပွား ထပ်မံလှူဒါန်းမည့် သူအများအပြားရှိသေးကြောင်းလည်း သိရှိရသည်။



အလုပ်အမှုဆောင်ကော်မတီဝင်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဥက္ကဌ ။ ။ ဦးမောင်လုံးချေ (မြို့မ)
ုဒုဥက္ကဌ။ ။ ဦးရုရှား (စိမ်းစမ်း )
အတွင်းရေးမှူး ။ ။ ဦးလှမောင်သိန်း (မြို့မ)
ဒုအတွင်းရေးမှူး။ ။ ဦးဆာခုတ် ( ရွာမ )
ဘဏ္ဏာထိန်း။ ။ ဦးထွန်းဝေ ( ရွာမ )

အဖွဲ့ဝင်များ ။ ။ (၁၀ ) ဦး
(၁) မြို့မရပ်ကွက် (၆) ဦး
(၂) ရွာမရပ်ကွက် (၄)ဦး
(၃) ရိက္ခါရပ်ကွက် (၅) ဦး

နာယကများ ။ ။

(၁) ဖာသာ ပေါလ်ထွန်းခိုင် ( အာစီ)
(၂) ဘိရှော့ ဖရန်စစ်စိန်အောင် ( အင်္ဂလီကန်)
(၃) Rev. ဦးစိန်ဝင်း ( နှစ်ခြင်း)
(၄) ဦးဆလိုင်းခွဲယန် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)
( ၅) ဦးဝှေ့ယိန်း ( အမျိုးသားလွှတ်တော် ကိုယ်စားလှယ် )
(၆) ဦးသိန်းထွန်း ( အထက်တန်းရှေ့နေ)

 
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger