၂၀၁၂-၂၀၁၃ ပညာသင်နှစ် မြို့နယ်ကျောင်းပေါင်းစုံဘောလုံးပွဲ၏ ဗိုလ်လုပွဲ

Tuesday, January 01, 20130 မှတ်ချက်



ပလက်ဝ၊ ဇန္န၀ါရီ ၁--- ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၏ ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဒိုင်းလုပွဲကို လွန်ခဲ့သော စနေနေ့ကစတင်၍ ကျင်းပခဲ့ရာ ယနေ့ညနေတွင် နောက်ဆုံး ဗိုလ်လုပွဲကို ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ်ကျောင်းအသီးသီးမှ ပြိုင်ပွဲဝင် အသင်းစုစုပေါင်း (၇) သင်းရှိပြီး အနိုင်ရဆုများအဖြစ် ပထမဆု (ကျပ်တစ်သိန်းခွဲ)၊ ဒုတိယဆု (ကျပ်တစ်သိန်း) နှင့် တတိယဆု (ကျပ်ငါးသောင်း) အသီးသီး ချီးမြင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


ယနေ့မနက်  အ.ထ.က (ဆမီး) အသင်းနှင့် အ.ထ.က(ခွဲ) မိတ်စာဝတို့ အသင်းတို့ အကြိတ်အနယ် တတိယဆုအတွက် ယှဉ်ပြိုင်လကစားခဲ့ရာ နှစ်ဘက်အသင်း၏ အနိုင်မခံအရှုံးမပေးစတမ်း ကြိုးစားအားထုတ်မှုကြောင့် သတ်မှတ်အချိန် ပထမပိုင်းနှင့် ဒုတိယပိုင်းအချိန်စေ့သည့်တိုင် ဂိုးများမရယူနိုင်သောကြောင့် ပေနယ်တီ အဆုံးအဖြတ်ဖြင့် ဆမီး(အ.ထ.က) အသင်းမှ တတိယဆုကို ဆွတ်ခူးသွားခဲ့သည်။

ယနေ့ ညနေ (၃း၀၀) နာရီတွင် ပလက်ဝမြို့၊ ဘောလုံးကွင်းတွင် ဗိုလ်လုပွဲကို ဆက်လက်ကျင်းပမည်ဖြစ်သည်။

ယခုအချိန်တွင် အ.ထ.က (ရိက္ခါ)အသင်းနှင့် ပလက်ဝမြို့သစ် (အ.လ.က) အသင်း၏ကစားသမားများ ပထမဆု ဒိုင်းပိုင်ဆိုင်ရရှိရေးအကြိတ်အနယ် ယှသ်ပြိုင်ကစားသွားရန် ပြင်ဆင်လျက်ရှိသည်။ ဌာနဆိုင်ရာလူကြီးများလည်း  မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ဆာဆု၏ ဖိတ်ကြားချက်ကြောင့် လာရောက်အားပေးကြမည်ဟုလည်း သတင်းရရှိသည်။

ခူတေဇ

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger