အားမာန်သစ် အင်တာနက်နှင့်ဖုန်းဆိုင်အကြောင်းမရှိ မီးလောင်မှုဖြစ်ပွား

Tuesday, January 01, 20130 မှတ်ချက်

ပလက်ဝ၊ ဇန္န၀ါရီ ၂ ----၂၀၁၃-ခုနှစ်၊ ဇန်န၀ါရီလ (၂) ရက် အာရုံဦး (၃) နာရီခန့်တွင် အားမာန်သစ် အင်တာနက်နှင့်ဖုန်းဆိုင် အကြောင်းမရှိဘဲ မီးလောင်မှုအခင်းတစ်ရပ် ဖြစ်ပွားခဲ့သည်။

၎င်းမီးလောင်ရာမှ ဘေးနားက ဆောက်လုပ်ရေးအဆောက်အဦးတစ်လုံးလည်း ဘေးအကာများ မီးလောင်သွားပါခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် ဘေးတွင် ကပ်ရပ်ရှိသော ဧဒင်လက်ဖက်ရည်ဆိုင်သည် မီးလောင်မှုမှ ကင်းလွတ်ခဲ့သည်။ အဆောက်အဦးအတွင်းရှိ ကွန်ပြူတာနှင့် အခြားစက်ပစ္စည်းများ တစ်ခုမကျန် မီးလောင်ရာထဲပါသွားပြီး၍ ယခုအခါ ၄င်းမီးလောင်သည့် အဆောက်အဦးကို အစအနမရှိအောင် ဖြိုဖျက်ပြီးဖြစ်သည်။


မီးလောင်ရခြင်းအကြောင်းအရင်းကို ရှာဖွေဖော်ထုတ်နေဆဲဖြစ်သည်။
“ဘယ်လိုဖြစ်လို့စလောင်တာလဲဆိုတာစဉ်းစားမရဘူး။ ဆိုင်အစောင့်လည်းမထားဘူး။ ညကြီးဆိုတော့ လူသွားလူလာလည်းမရှိဘူး။ နောက်ပြီး လျှပ်စစ်လျှော့ခ်ဖြစ်ရအောင်ကလည်း ပလက်ဝမှာက ညဦးပိုင်း ၂ နာရီလောက်ပဲ မီးရတာလေ။ ကြည့်ရတာ မသမာသူတစ်ဦးတစ်ယောက်ရဲ့ လက်ချက်ဖြစ်နိုင်ပါတယ်။ ရဲတွေက စုံစမ်းနေတယ်” ဟု အွေ့နုမှ ခူမီးမီဒီယာသို့ပြောသည်။




ယခုအခါ ရဲစခန်းမှ စွဲချက်တင်လိုက်ပြီဖြစ်ပြီး အလုပ်တာဝန်ခံကို အမခံဖြင့် ပြန်လွှတ်ပေးလိုက်သည်။

မီးလောင်ရာသို့ မီးသတ် တပ်ဖွဲ့ဝင်များ ရောက်လာကြသော်လည်း စက်ချွတ်ယွင်းမှုကြောင့် မီးသတ်ကားမှာ ပါမလာနိုင်ခဲ့ပေ။ ပလက်ဝမီးသတ်ကားမှာ ပြည်သူများအတွက် အကျိုးပြုရန်မဟုတ် အလှပြရန်သာ ခင်းကျင်းထားသော ဂျပန်ကားတစ်စီးနဲ့သာ တူလှကြောင်း လူထုများကပြောစပြုလာပြီဖြစ်သည်။

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger