ခူမီးသီချင်းရေစပ်သူ Pi Thangmami ခရစ်တော်၌ အိပ်ပျော်

Tuesday, January 01, 20131မှတ်ချက်

Ai Zawl- ဇန္န၀ါရီ ၂ --- ယခင် ERC သင်းအုပ်ဆရာဖြစ်သော ဆရာလိုက်ဘဲ၏ ဇနီး Pi Thangmami သည် မဇိုးရမ်းပြည်နယ်တွင် ယနေ့မနက် ၉:၃၀က အဖဘုရား၏ရင်ခွင်သို့ အိပ်စက်အနားယူသွားခဲ့ကြောင်း သိရှိရသည်။

ဆေးရုံတွင် သေဆုံးခြင်းဖြစ်ပြီး ဆေးရုံမှတဆင့် ရုပ်ကလပ်အား မိမိနေထိုင်ရာ ဒေသသို့ပြန်သယ်လာမည်ဖြစ်သည်။ ယခုအခါ ခင်ပွန်းသည်ဖြစ်သော ဆရာလိုက်ဘဲသည် ချင်းပြည်နယ် ပလက်ဝမြို့၊ မြေနီးကုန်တွင် နေထိုင်လျှက်ရှိရာ ယနေ့မနက် ၁၁ နာရီအချိန်အထိ အဆက်အသွယ်မရသေးပေ။

“အဖေက မကြာခင် ရန်ကုန်ကိုသွားဖို့အစီအစဉ်ရှိတယ်။ သူအမြန်သိမှဖြစ်မယ်။ အခုလောလောဆယ်တော့ အမေ့ရုပ်ကလပ်ကို
အအေးတိုက်မှာ ထားပါတယ်” ဟု အိန္ဒိယတွင် ကျောင်းတက်နေသော Heaven Voice Music band ၏ အဖွဲ့ခေါင်းဆောင် အိုက်ပွီးယာမှ ခူမီးမီဒီယာသို့ အကြောင်းကြားသည်။

သူမသည် လူဇိုင်းလူမျိုးဖြစ်သော်လည်း ခင်ပွန်းတာဝန်ကျရာအရပ်များတွင် ဖွံဖြိုးရေးနှင့် မီဇို့သီချင်းများကို ခူမီးဘာသာသို့ပြန်ဆိုထားရာတွင်လည်း နာမည်တစ်ခုရထားသူဖြစ်သည်။

လက်ရှိအချိန်တွင် အကြီးဆုံးသား ကိုဒေးဗဲ့၊ ဒုတိယသား ဗားလ်သဲ၊ နို့ညှာသမီး နုဘွေ နှင့် အထွေးဆုံးသား ချစ်စမ်းမောင်တို့မှာ သူမနှင့်အတူ မီဇို့ရမ်းတွင်နေထိုင်လျက်ရှိပြီး တတိယသား အိုက်ပွီးယာ ( Heaven Voice band leader) မှာ အိန္ဒိယတွင် ဓမ္မပညာဆည်းဖူးလျက်ရှိသည်။ စတုတ္ထသားအာခုန်မှာ မလေးရှားတွင် အလုပ်လုပ်ကိုင်ရှိသည်ဟုသိရှိရသည်။
Share this article :

+ မှတ်ချက် + 1 မှတ်ချက်

Anonymous
2 January 2013 at 05:48

Ati chjeingkhang sa nai keng areng Isu krista, miss, Thangmami i phailo ly nang te awm hai jo sy nanai chiu kang sa pei. Kanneth. Ai Hawi Sau, Denmark

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger