ပြည်နယ်သစ်တောနှင့်သတ္တုဝန်ကြီး၏ ခရီးစဉ်မှ

Wednesday, January 02, 20130 မှတ်ချက်



ပလက်ဝ၊ ဇန္န၀ါရီ ၂ --- ချင်းပြည်နယ် သစ်တောနှင့်သတ္တုဝန်ကြီး ဦးကျော်ငြိမ်းနှင့် စည်ပင်ရေးရာဝန်ကြီးတို့သည် ပလက်ဝမြို့ပေါ်မှ ဌာနဆိုင်ရာလူကြီးအချို့ နှင့် ယနေ့မနက် ၉း၂၀ နာရီတွင် ပလက်ဝမှ ဆမီးမြို့သို့ စက်လှေဖြင့် ထွက်ခွါသွားပါသည်။

ဝန်ကြီးကျော်ငြိမ်းသည် ၃-၁-၂၀၁၃ နေ့တွင် ဆမီးမှ မိမိ၏မွေးရပ်ဇာတိရွာဖြစ်သော ချင်းဒေါက်ရွာသို့ အရောက်သွားမည်ဖြစ်သည်။ ဇန်န၀ါရီ ၄ ရက်နေ့တွင် ချင်းဒေါက်မှ ဒလက်မေ တွင် နံနက်စာ သုံးဆောင်ရန်လည်းရှိကြောင်း နှင့် ထိုမှတဆင့် မီးဇာရွာသို့ ခရီးဆက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ယနေ့မနက် ၇း၃၀ နာရီတွင် ပလက်ဝ KYA လူငယ်များ ၀န်ကြီးနှင့်တွေ့မေးမြန်းမှုများ နှင့် အကြံအဥာဏ်တောင်းခံခဲ့ရာ ၀န်ကြီးအနေဖြင့် သိသင့်သိထိုက်သော အကြောင်းအရာများကို ခင်မင်ရင်းနှီးစွာ အကျယ်တစ်ဝန်းရှင်းလင်းဖြေကြားပေးခဲ့သည်။

ယမန်နေ့ကကျင်းပသော ၂၀၁၂-၂၀၁၃ -ခုနှစ် ပညာရေးစုံညီအားကစားပွဲတော် ဘောလုံးဒိုင်းလုပွဲတွင် အ.လ.က(မြို့သစ်) မှ ရိက္ခါ(အ.ထ.က)အသင်းအား ၂-၁ ဂိုး ဖြင့် အနိုင်ယူ ဗိုလ်စွဲသွားလေသည်။ အဆိုပါပြိုင်ပွဲ၏ ဒိုင်းဆုပေးပွဲအစီ အစဉ်သို့ ၀န်ကြီးကျော်ငြိမ်းလည်း တက်ရောက်အားပေးခဲ့သည်။

ဝန်ကြီးကျော်ငြိမ်းသည် အ.ထ.က ရိက္ခါ ကျောင်းဆောက်လုပ်ရေး အခြေအနေနှင့် နတလ ကျောင်းဆောက်လုပ်မည့် နေရာတို့ကို သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်းလည်း သိရှိရသည်။

ခူတေဇ
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger