ချင်းမိုင်တွင်ကျင်းပမည့် ငြိမ်းချမ်းရေးပညာရှင်များအစည်းအဝေးသို့ ဆလိုင်းအိုက်ဇက်ခင်တက်ရောက်မည်

Friday, December 07, 20120 မှတ်ချက်



ရန်ကုန်၊ ဒီဇင်ဘာ-၇ --- ထိုင်းနိုင်ငံ ချင်းမိုင်းမြို့တွင် HD Centre နှင့် Shalom Foundation တို့ပူးပေါင်း၍  ငြိမ်းချမ်းရေး ပညာရှင်များတွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ဒီဇင်ဘာ၁၀မှ၁၁ရက်နေ့အထိ ပြုလုပ်မည်ဖြစ်၍ အဖွဲ့အစည်းအသီးသီးမှ ဖိတ်ကြားထားသောပုဂ္ဂိုလ်တော် ၃၂ ဦး ထဲတွင် Gender and Development Initiative (GDI) ၏ အမှုဆောင်ဒါရိုက်တာ ဆလိုင်းအိုက်ဇက်ခင်လည်း ပါဝင်တက်ရောက်မည်ဟု သတင်းရရှိသည်။

အဆိုပါအစည်းအဝေးမှာ ပုံမှန်အစည်းအဝေးနှင့်မတူထူခြားမည်ဖြစ်ပြီး Chattam House ဥပဒေပေါ်အခြေခံကာ ပညာရေးနှင့်နိုင်ငံရေးဆိုင်ရာများကို ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း agenda များအရသိရှိရသည်။

အစည်းအဝေး၏ ရည်ရွယ်ချက်မှာ


(၁)ဌါနေတိုင်းရင်းသားအဖွဲ့အစည်းတစ်ခုနှင့်တစ်ခုအကြား အမြင့်ဆုံးအဆင့်
တွေ့ဆုံ ညှိနှိုင်းခြင်းကဏ္ဍတွင်လါယ်ကူချောမွေ့စေရန် နှင့်  မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးပြုလုပ်တည်ဆောက်ခြင်း အခန်းကဏ္ဍတွင် နိုင်ငံတကာအဖွဲ့အစည်းများပါဝင်ခြင်း လွယ်ကူချောမွေ့ စေရေး တို့ဖြစ်ပြီး
လုပ်ငန်းခွင်တွင်း အမျိုးသား၊အမျိုးသမီးပါဝင်မှုခန်းကဏ္ဍ တို့အတွက်ဖြစ်သည်။

(၂)အဖွဲ့အစည်းအနေဖြင့် ရှုပ်ထွေးသော ပြသာနာများဖြေရှင်းကိုင်တွယ်ရာတွင်Gender ပါဝင်မှုအပေါ်
ကောင်းသောအတွေ့အကြုံနှင့် အိုင်ဒီယာများအား ဖလှယ်၇န်ဖြစ်သည်။

(၃)တက်ရောက်ပါဝင်သူများကြားအချိတ်အဆက်၊ဆက်ဆံရေးတိုးမြှင့်လာစေရန်ဖြစ်သည်။

အစည်းအဝေးသို့ အဖွဲ့အစည်းအသီးသီးဖြစ်ကြသော Euro-Burma ရုံး၊ Shalom Foundation၊ Myanmar Peace Centre၊ KanBawza Youth Library and Reading Club၊ New Mon State Party၊ the Mon Women’s Organization ၊ Karenni National Progressive Party၊ the Karen Women Organization၊ Gender Development Initiative၊ the Women's League of Burma၊ International Management Group၊ swisspeace၊ Swiss Mission Myanmar၊ AusAID ၊ UN Women၊ EU representative in Myanmar၊ Myanmar Peace Support Initiative၊ Asia Justice and Rights နှင့် HD Centre စသည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်တော် ၃၂ ဦးတက်ရောက်မည်ဖြစ်သည်။

အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမြိုင်မြို့ရှိ ကန်ထရီဟိုတယ်တွင် ကျင်းပဖြစ်ပြီး လိုအပ်သောအရာများအတွက် AUS AID မှ အဓိကတာဝန်ယူပံ့ပို့ခြင်းဖြစ်သည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger