ပလက်ဝမြို့နယ်ကို “ပြည်ထောင်စုနယ်မြေ” အဖြစ်သတ်မှတ်ပေးရန် ပြည်သူ့လွတ်တော်သို့ကြယ်ပွင့်ပြမေးခွန်းအဖြစ် ပြည်သူ့လွတ်တော်ကိုယ် စားလှယ် ဦးပိုက်လင်းမှ တင်ပြမေးမြန်း

Sunday, December 09, 20124မှတ်ချက်




ဒီဇင်ဘာ၊၅။ 
ပလက်ဝမြို့နယ်ကို “ပြည်ထောင်စုနယ်မြေ” အဖြစ်သတ်မှတ်ပေးရန် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးပိုက်လင်းမှ လွတ်တော်တွင်တင်ပြခဲ့သည်ဟု သိရှိရသည်။

ယခင်၂၀၀၈ အခြေခံဥပဒေရေးဆွဲသည့် အမျိုးသား ညီလာခံအစည်းအဝေးတွင် ကိုယ်စားလှယ်များဖြစ်ခဲ့သော ဖ.ဆ.ပ.လ လွတ်တော်အမတ်ဟောင်း သီရိပျံချီ ဦးထပ်လိုင်း နှင့် ဦးကျော်စိန် တို့မှ ပလက်ဝမြို့နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်ပေးရန် တောင်းဆိုတင်ပြခဲ့သော်လည်း အကြောင်းမညီညွတ်သောကြောင့် သတ်မှတ်ပေးခြင်းမရှိခဲ့ကြောင်း၊ သို့သော် ယခုအစိုးရသစ်လက်ထက်တွင် ဆင်းရဲနွမ်းပါးလျော့ချရေး၊ တန်းတူညီမျဒေသအလိုက်တိုးတက်ဖွံ့ဖြိုးရေးအ တွက်ပလက်ဝမြို့နယ်ကို အခြေဥပဒေပုဒ်မ (၅၀)၊ အပုဒ်ခွဲ (ခ)ပါ နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွါးရေးတို့ နှင့်ပါတ်သတ်ပြီး ထူးခြားသော အခြေအနေရှိသည့်
နယ်မြေအဖြစ်သတ်မှတ်သည့် ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ပေးရန်  မေးမြန်းခြင်းဖြစ်ပါကြောင်း လွတ်တော်ကိုယ်စားလှယ် ဦးပိုက်လင်းမှပြောသည်။


  လွတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးဝှေ့.ယိန်းမှ “ ပြည်ထောင်စုနယ် မြေအဖြစ်တောင်းဆိုတာက တော်တော်ကျယ်ပြန့်ပါတယ်။ ပထမဦးဆုံး  မြို့နယ်လူထုတွေရဲ့ သဘောထားကို သေသေချာချာမေးမြန်းသင့်ပါတယ်။ ကိုယ့် ပြည်နယ်မှာ ရှိတဲ့ ၀န်ကြီးချုပ်တွေနဲ့လည်း ညိနိုင်းရအုံးမှာပါ။ ခုဒီသဘောကို မတွေ့ရဘူး။ လွတ်တော်ကဘယ်လို ဆုံးဖြတ်ပေးမယ် ဆိုတာစောင့်ရအုံးမယ်။” ဟု ၄င်း၏သဘောထားကို ပြောပြသည်။

ပြည်ထောင်စုနယ်မြေ အဖြစ်သတ်မှတ်ခံရပါက ပလက်ဝမြို့နယ်သည် နိုင်ငံတော်အစိုးရ၏ တိုက်ရိုက်အုပ်ချုပ်မူအောက်တွင် နေရမည်ဖြစ်သည်။
                                   
ပလက်ဝမြို့နယ်တွင် ၂၀၁၀ ခုနှစ်စာရင်းအရ လူဦးရေ(၈၂၇၇၉) ရှိရာတွင် ရခိုင်တိုင်းရင်းသားအနွယ်ဝင် ရခိုင်လူမျိုး ၊ ဒိုင်းနက်လူမျိုး နှင့်  ချင်းတိုင်းရင်းအနွယ်ဝင် ခူမီးလူမျိုး ၊ ဒိုင်နှင့်လိုင်လူမျိုး ၊ မတူလူမျိုး၊ ၊ မရာလူမျိုး  အပြင် တစ်ခြားလူမျိုး တို့ စုပေါင်း နေထိုင်သည့် ဒေသမြို့နယ်ဖြစ်သည်။

                                                                                                                   အိုက်တွီလင်း
Share this article :

+ မှတ်ချက် + 4 မှတ်ချက်

Anonymous
10 December 2012 at 04:25

"ပလက်ဝမြို့နယ်တွင် ၂၀၁၀ ခုနှစ်စာရင်းအရ လူဦးရေ(၈၂၇၇၉) ရှိရာတွင် ရခိုင်တိုင်းရင်းသားအနွယ်ဝင် ရခိုင်လူမျိုး ၁၇.၁%၊ မြို(ခေါ်)ခမီလူမျိုး၃.၇%၊ ဒိုင်းနက်လူမျိုးဝ.၄% နှင့် ချင်းတိုင်းရင်းအနွယ်ဝင် ခူမီးလူမျိုး ၅၈.၅%၊ ဒိုင်နှင့်လိုင်လူမျိုး ၁၀.၄%၊ မတူလူမျိုးဝ.၉%၊ အနုခေါင်စိုလူမျိုး ၃%၊ မရာလူမျိုး ၅% အပြင် တစ်ခြားလူမျိုး ၁%တို့ စုပေါင်း နေထိုင်သည့် ဒေသမြို့နယ်ဖြစ်သည်။" ဒီလိုမျိုး လူမျိုးနွယ်စု စာရင်းတွေကို ရေးသားတင်ပြရာမှာ များစွာ သတိထားဖို့လိုတယ်နော်...နောင်တစ်ချိန်မှာ ဘယ်လိုမျိုးပြသနာတွေ ဖြစ်လာနိုင်လဲ၊ ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲဆိုတာကို ကြိုတွေးပြီးရေးသင့်တယ်။ ပြောရမယ်ဆိုရင် "မြို(ခေါ်) ခမီ၊ အနူခေါင်စို ဆိုတာ ခူမီးလူမျိုးပဲဖြစ်တယ်။ မရာ၊ မတူလူမျိုး ဆိုတာ လိုင်လူမျိုး (လိုင်မီးအုပ်စုဝင်) တွေပဲဖြစ်တယ်။ ဖြစ်နိုင်မယ်ဆိုရင် ဒီစာပိုဒ်ကို Khumi Media ကနေ ဖယ်ရှားပေးပါလို့ တောင်းဆိုပါရစေ...လေးစားလျက်...အိုက် မောင် ညို

Anonymous
11 December 2012 at 02:32

Hinih cha ly Taphra teung u ba. Nang chi i cha tajiu nai ly amy ai, amy padei u ngai ai nai a? Kai chi Khumi pri Palang vum ai ly Khumi cheng jijirei nanai tajiu u byly hawi bo ne y a? Ati manai kalang cheng chi tajiu u awm nai moh? Tui lin ly boi nga bo nai ny y a? Ati manai hinai kamta leu katheu nai nih ly. CYF ra py hinai kamta leu katheu ai, cha tajiu u ai nabaly so y nai hawi laang ai nanai kai ly adawn pi, Amy khumi cheng kavui khrei hjei hawi prai momang kavui ai. Kanneth. Ai Hawi Sau

Ai Eaung Mo Len Theingri
11 December 2012 at 04:46

ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးပိုက်လင်းမှ လွတ်တော်တွင်တင်ပြခဲ့သည့်အကြောင်းကိုသာ အဓိကထားစောင့်ပေးပြီး ရေးသင့်ပါတယ်။ ဆိုလိုတာက ကိုယ်သိတဲ့အကြောင်းအရာကိုပဲ ရှင်းရှင်းလင်းလင်းရေးတာက အကောင်းဆုံးပါ။ ကိုယ်ကပိုင်ပိုင်နိုင်နိုင် မသိတဲ့အကြောင်းအရာတွေကို မရေးပါနဲ့။ အဓိကအားဖြင့် လူမျိုးရေးနှင့်နိုင်ငံရေးဆိုတာက ရှုပ်ထွေးစေတဲ့အရာမို့ မရေးတာကအကောင်းဆုံးဖြစ်ပြီး၊ ရှောင်သင့်တယ်။ မြန်မာပြည်တွင် ကမ္ကာပေါ်မှာရှိတဲ့ လူမျိုးပေါင်းစုံ နေထိုင်ကြတာပဲ။ ဒါပေမယ့် မြန်မာနိုင်ငံတွင် ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ရှမ်း၊ ရခိုင်နှင့်ဗမာလူမျိုးတို့ နေထိုင်ကြသည်လို့ရေးသားသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာပြည်တွင် လူမျိုးပေါင်းစုံနေထိုင်ပြီးမှ ဘာဖြစ်လို့ အဲဒီလူမျိုး (၈)ခုကိုပဲ ရေးရသလဲဆိုတာကို နားလည်ဖို့လိုပါတယ်။ ထိုနည်းတူ ပလက်ဝမြို့နယ်တွင်လည်း လူမျိုးပေါင်းစုံနေထိုင်မှာပဲ။ သို့သော် ရှေးယခင်ကတည်းက ပလက်ဝမြို့နယ်တွင် ဘယ်လူမျိုးတွေက နေထိုင်သလဲဆိုတာက အဓိကကျပါတယ်။ ဒါမှမဟုတ် ပလက်ဝမြို့နယ်တွင်ရှိသော လူမျိုးအားလုံးကိုရေးချလိုက်မယ်ဆိုရင် အများကြီးရှိမှာပေါ့။ ရှိသမျှလူမျိုးအားလုံးကိုရေးချလို့တော့ မဖြစ်နိုင်တဲ့အရာပါ။ ရှုပ်ရှုပ်ထွေးထွေးနဲ့ ပြသာနာတွေ တတ်ကုန်မှာပေါ့။ နောက်နောင်တွင် အခုလိုမျိုးမဖြစ်အောင် ဆင်ခြေတုန်တရား၊ အသိတရားနဲ့ ရေးစေချင်ပါသည်။

Anonymous
17 July 2013 at 18:25

ကောင်းပါတယ်၊ကိုယ့်နယ်ကိုယ့်မြေထဲကလူမျိုးနာမည်နာမတွေသိခွင့်ရလို့mediagroupကိုကျေးဇူးတင်ပါတယ်။

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger