![]() |
| ကီမိုတောင်ပေါ်မှ မြင်ကွင်း |
ပလက်ဝ၊
ဒီဇင်ဘာ ၄---၂၀၁၂-ခုနှစ်၊ ဒီဇင်ဘာလ(၂) ရက်နေ့တွင် ကတ်သလစ်အသင်းတော်၏
ဘုန်းတော်ကြီးတစ်ပါးအား သိက္ခါတင်ပွဲကို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့နယ်ခွဲတွင်
ကျင်းပပြုလုပ်မည်ဖြစ်ကြေင်းသတင်းရရှိသည်။
ပြည်သာသနာပိုင်နယ်
သာသနာပိုင်ကြီးက သိက္ခါဘိတ်သိတ်မင်္ဂလာ အပ်နှင်းမည် ဖြစ်ပြီး ဒီဇင်္ဘာလ(၃) ရက်နေ့တွင် အဆိုပါပွဲတော်သို့
လာရောက်ကြသော ပလက်ဝနှင့် ဆမီးဒေသတို့မှ လူငယ်မောင်မယ်များ ကျောက်ပန်းတော်(ကီမို)
တောင် သို့ တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
“ကီမိုတောင်ကို
လူတိုင်းရောက်ဖူးချင်နေကြတာပါ၊ ရောက်ဖူးပြီးတဲ့လူတွေလည်း နောက်တစ်ခါ ထပ်ရောက်ချင်တာ
အဲဒီတောင်ရဲ့ သာယာတဲ့ရှုခင်းတွေရဲ့ ဆွဲဆောင်မှုကြောင်းပေါ့” ဟု ကီမိုတောင်သို့ ၃ကြိမ်ထက်မနည်း
ရောက်ဖူးသူ တစ်ဦးမှပြောသည်။
အလားတူပင်
ယခုနှစ် အလငသဦးဆောင်သော ကီမိုတောင်ခရီးစဉ်ကို ၂၀၁၂-ခုနှစ်၊ နိုဝင်ဘာလ (၁၆)
ရက်နေ့တွင် ပလက်ဝမြို့နယ်မှ ခူမီးမောင်မယ်များ လူဦးရေ (၃၀၀) ဦးခန့် ကီမိုတောင်ပေါ်သို့
တက်ရောက်ခဲ့ပြီးဖြစ်သည်။
ခူတေဇ



Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။