ပလက်ဝ၊ဒီဇင်ဘာ
၎---၂၀၁၂-ခုနှစ် ၊ ဒီဇင်ဘာလ(၁) ရက်နေ့တွင် ကျရောက်သော ခူမီးနှစ်သစ်ကူးပွဲတော်ကို
ရိက္ခာရပ်ကွက်၊ ပလက်ဝမြို့တွင် စည်ကားသိုက်မြိုင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အစီအစဉ်တွင်
ရိုးရာသီချင်းနှင့် အက ပြိုင်ပွဲများ၊ လွန်ဆွဲကစားခြင်းများပြုလုပ်ခဲ့သည်။
ကျေးရွာအလိုက်ပြိုင်ပွဲဝင်ဆင်နွဲ့ရာတွင် ဘောင်းဝီး၊( ပလက်ချောင်း) တမန်းသား၊
ဆီးဖလောင်း၊ ပလက်ဝစသည်ဖြင့် အသင်း(၄)သင်းပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမ(ပလက်ဝ)၊ ဒုတိယ
(ဆီးဖလောင်း)၊ တတိယ(တမန်းသား) ဟူ၍ အသီးသီး ဆုများ ဆွတ်ခူးသွားသည်။
နှစ်သစ်ကူးအစီအစဉ်တွင်
လူအများစိတ်ဝင်စားလေ့ရှိသော
ဖက်ရှင်ပြသပွဲကိုလည်း အကောင်းဆုံး တင်ဆက်သွားခဲ့ရာ
တက်ရောက်သူပရိတ်သတ်ထောင် ဂဏန်း လာရောက်အားပေးကြသည်။ တက်ရောက်အားပေးသူများတွင် ဌာနဆိုင်ရာအကြီးအကဲများ၊
ရပ်ရွာရပ်မိရပ်ဖများ၊ သာသနာ့ခေါင်းဆောင်များနှင့် အနယ်နယ်အရပ်ရပ်မှ ရွှေပွဲလာဧည့်သည်တော်များကြောင့်
ပွဲစဉ်အစအဆုံး စည်ကားလျှက်ရှိကြောင်း သိရှိရသည်။ ညပိုင်းအစီအစဉ်၏ အစောပိုင်းအချိန်များတွင် စက်ပိုင်းဆိုင်ရာ အနည်းငယ် အားနည်းသောကြောင့် ရွှေပွဲလာဧည့်သည်တော်များအတွက် စိတ်အနည်းငယ် အနှောက်အယှက်ဖြစ်ခဲ့ရသော်လည်း ခူမီးချင်းတို့၏ နှစ်သစ်ကူးပွဲတော်ကြီးကို ချမ်းအေးသော ချင်းတောင်၏ဆောင်းနှင်းပွင့်များနှင့်အတူ ဆင်နွဲ့ခဲ့ရသည်မှာ ရွှေပွဲလာဧည့်သည်တော်တို့၏ရင်တွင် မရိုးနိုင်သော ကျေနပ်မှုကလေးကလွှမ်းမိုးနိုင်ခဲ့လေသည်။
၂၀-၁၁-၂၀၀၄-တွင် စတင်ဖွဲ့စည်းခဲ့သော ခူမီးစာပေနှင့်ယဉ်ကျေးမူကော်မတီမှ
အခါရာသီနှင့်ကိုက်ညီအောင် ၁-၁-၂၀၀၆-နေ့ ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ၊
ဒီဇင်ဘာလ(၁)ရက်နေ့တွင် ခူမီးနှစ်သစ်ကူးကို နှစ်စဉ်ကျင်းပခဲ့ရာ ယခုဆိုလျှင်
လေးကြိမ်တိုင် ရှိခဲ့ပြီဖြစ်သည်။
ခူတေဇ



Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။