ဆမီးအကြောင်းတစေ့တစောင့်

Monday, July 09, 20120 မှတ်ချက်


ဆမီးသည် ချင်းပြည်နယ်တောင်ပိုင်း၊ ကျောက်ပန်းတောင်ခေါ် ကီမိုတောင်ခြေရင်း၊ မီးချောင်းနှင့်ဆမီးချောင်းတို့ဆုံရာ ကမ်းနံဘေးတွင်တည်ရှိပြီး၊ ထိုဒေသသည် ခူမီးလူမျိုးများနေထိုင်ကျက်စားရာဒေသဖြစ်ပါသည်။ နည်းတူ ထိုနေရာတွင် ရခိုင်လူမျိုးများလည်းအနည်းစုဝင်ရောက်နေထိုင်ကြပါသည်။

တချိန်က ဆမီး၏ပုံရိပ်
လျှပ်စစ်မီးဟူသည် အိပ်မက်တွင်ပင် မမြင်ခဲ့ဖူးကြပါ။ ဖုန်းအသံဟူသည်လည်း
ရုပ်ရှင်ထဲကလွဲပြီး၊တကြိမ်တခါမျှပင် မကြားစဖူးပါ။ လူသွားလမ်းသည်လည်း တစ်ဖ၀ါးစာမျှသာရှိသော ယာယီတောလမ်းပမာမျှသာ ရှိခဲ့ပါသည်။ ရုပ်မြင်သံကြားသတင်းမဆိုထားနဲ့ ဗွီဒီယိုကပင် တစ်လတကြိမ်(သို့)တစ်နှစ်သုံးကြိမ်မျှသာကြည်ရှုခွင့်ရှိသောနေရာဖြစ်ခဲ့သည်။ သို့သော် ကောင်းသောအရာတို့မှာ ပတ်ဝန်းကျင်တွင်ရှိ သစ်ပင်၊ ပန်းပင်၊ ၀ါးပင်၊ လေကောင်းလေသန့်စသည့်
သဘာဝစိမ်းစိုလှပမှုများကြောင့် ကျေးငှက်တို့၏တေးဆိုသံ၊ တောတရိစ္ဆာန်တို့၏ကျက်စားပုံတို့သည် ထိုဒေသတွင်နေထိုင်သော ခူမီးဒေသခံများနှင့်အလည်လာသူတို့အဖို့ မေ့မရကြည့်နူးဖွယ်ရာဖြစ်စေခဲ့ပါသည်။

ယနေ့ ဆမီး၏ တိုးတက်မှုပုံရိပ်
ဖယောင်းတိုင်မီးရောင်မှလွဲ၍ ဘယ်တော့အခါမျှမမြင်ခဲ့ဖူးသော လျှပ်စစ်မီးသည်လည်း ည ၆း၀၀ နာရီ မှ ည ၉း၀၀ နာရီ ထိ ဆမီးတွင်လင်းထိန်နေခဲ့ပါပြီ(ပြည်မအခြေအနေနဲ့မယှဉ်စေလိုပါ)။ နည်းတူ ပြည်တွင်းပြည်ပ ဆက်သွယ်လိုလျှင် ဖုန်းဖြင့်ဆက်သွယ်နိုင်ပြီဖြစ်သည်( အကောင်းဆုံးမဟုတ်သော်လည်း အဆိုးတော့မဟုတ်တော့ပေ)။ ထိုမျှမက စလောင်းဖြင့် နိုင်ငံတကာသတင်းနဲ့ ယနေ့ခေတ်လူတို့အကြိုက်ဘောလုံးပွဲကိုလည်း တိုက်ရိုက်ကြည့်ရှုခံစားနိုင်ပြီဖြစ်သည်( ဖုန်းနှင့်စလောင်းတို့အား အစိုးရမှလုပ်ဆောင်ပေးမှုမဟုတ်သေးပါ၊ ဆမီးရှိ ဦးဒူရန်း၏ ကြိုးစားအားထုတ်မှုသာလျှင်ရှိသေးသည်)။ လူသွားလမ်းတို့သည်လည်း NG0-IRC အဖွဲ့တို့၏ကူညီမှုကြောင့် ဒေသခံပြည်သူတို့နဲ့ပူးပေါင်းဆောင်ရွက်ကာ၊ လမ်းများအကျယ်ချဲပြီး၊ လမ်းခင်းခြင်းများအစပြုခြင်း၊ ဆမီးရှိ အနောင်ဝရက်ကွပ်နှင့်ဆမီးဈေးတန်းအကြား ချောင်းငယ်အားလည်း အုတ်ကွန်ကဂရစ်တံတားများဖြင့်ဆောက်လုပ်နေပြီဖြစ်သည်။ သောက်ရေ၊သုံးရေတို့သည်လည်း ဆမီးမှာတင်မက ဆမီးဒေသအနီးတ၀ိုက်ရှိ ရွာငယ်များအား သင့်လျော်သည့်နေရာတို့တွင် ရေပိုက်များဖြင့်ရေသွယ်ပေးကာ၊ ရေများလည်း သန့်ရှင်းစွာသုံးစွဲနေကြပြီဖြစ်သည်။ အိမ်တိုင်းအိမ်တိုင်းလိုလို ဗွီဒီယိုများလည်းပိုင်ဆိုင်သုံးစွဲနိုင်ကြပြီဖြစ်သည်။ နည်းတူ တချိန်က ဆမီးမှပလက်ဝ(သို့)ဆမီးမှကျောက်တော် သို့ သွားလာသောစက်လေမှာ တစ်စီး(သို့)နှစ်စီးမျှသာရှိခဲ့သည်။ ယခုမူကား ၇၅ ရာခိုင်နှုန်းနီးပါးရှိနေပြီဖြစ်သည်။ သို့သော် ရေကြောင်းခရီးမှာ မိုးနှင့်ဆောင်းရာသီတို့တွင်သာ ကောင်းပြီး၊ နွေရာသီတွင်မူကား၊ သွားလာခက်ခဲနေဆဲပင်ဖြစ်သည်။ အကြောင်းမှာ နွေနေပူဒဏ်ကြောင့် ရေများခမ်းခြောက်ခြင်းကြောင့်ဖြစ်သည်။ တချိန်က ဆမီးနှင့်ကျောက်တော်အကြား စက်လှေမှာ ရခိုင်အမျိုးသားတစ်ဦးမှ ဦးဆောင်ကာ လိုင်းပြေးဆွဲခဲ့ပါသည်။ သို့သော် ယခုမူကား ဒို့ခူမီးအမျိုးသားများဖြစ်သည့် ဦးဒူရန်းနှင့်စိုးသန်းတို့မှ ဦးဆောင်ကာ စတင်လိုင်းပြေးဆွဲနေပြီဖြစ်သည်။ 

မကြာမီ ဆမီးသည်လည်း မြို့နယ်ခွဲအဆင့်ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မိပါသည်။


Joshua (ဆမီးသားလေး)
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger